/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အစာအိမ်ကင်ဆာရဲ့-ရှေ့ပြေးနိိမိတ်တွေက-ဘာတွေဖြစ်မလဲ

အစာအိမ်ကင်ဆာရဲ့ ရှေ့ပြေးနိိမိတ်တွေက ဘာတွေဖြစ်မလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လူအယောက် ၁၁၁ ယောက်တွင် ၁ယောက်က အစာအိ်မ်ကင်ဆာ ဖြစ်နိုင်ချေရှိပါတယ်။ အသက်ကြီးလာတာနှင့်အမျှ ပိုမိုဖြစ်နိုင်ချေ များလာသလို အမျိုးသမီးများထက်စာရင် အမျိုးသားများတွင် ပိုအဖြစ်များပါတယ်။

          အစာအိမ်ကင်ဆာရဲ့ ကနဦးလက္ခဏာများကို ကြိုတင်သိထားခြင်းဖြင့် ရောဂါကို စောစီးစွာ သိရှိနိုင်ပြီး အသက်ရှည်ဖို့ အလားအလာ ပိုများနိုင်ပါတယ်။

 

>>    ဒါဆို ကနဦးလက္ခဏာတွေက ဘာတွေဖြစ်မလဲ?

(၁)     ဝမ်းမည်းမည်းသွားခြင်း၊ အညိုရောင်များ အန်ခြင်း

          အစာအိမ်တွင်း သွေးယိုစီးခြင်းကို ပြသသောလက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ ဝမ်းသွားသောအခါ နီ်ညို သို့မဟုတ် အနက်ရောင်သွေးစများ ပါနိုင်ပြီး ပျို့အန်သောအခါတွင် အနီရဲရဲသွေးစများကို တွေ့ရှိနိုင်ပါတယ်။

 

(၂)     အစာ စားလိုစိတ် နည်းပါးခြင်း

          အစာ စားချင်စိတ် ပေါ်လာသော်လည်း ဗိုက်ပြည့်သလို ခံစားရတာမို့ အစာမစားဘဲ တင်းတိမ်နေမှာ ဖြစ်ပါတယ်။

 

(၃)     ဗိုက်နာခြင်း

          ဗိုက်နာလိုက် နှစ်ပတ်လောက် သက်သာသွားပြီး ပြန်နာလိုက်နဲ့ သံသရာလည်နေတတ်ပြီး အစာအိမ် အလယ်တည့်တည့်နေရာက ထိုးပြီး နာတတ်ပါတယ်။

 

(၄)     ကိုယ်အလေးချိန်ကျခြင်း

          ဝိတ်ချနေတာမျိုးမဟုတ်ဘဲ ၆လအတွင်း တဖြည်းဖြည်းနဲ့ ၁ဝ ပေါင်ခန့် လျော့နည်းလာတာမျိုး ဖြစ်ပါတယ်။

 

(၅)     ရင်ပူခြင်း

          ရင်ခေါင်းတောင့်ခြင်း၊ ရင်ပူခြင်းနဲ့အခြားသော ဗိုက်ပြဿနာများကို မကြာခဏ ခံစားရပါက မပေါ့ဆဘဲ စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။

 

(၆)     လေပွခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း

          အထက်ပါလက္ခဏာများအပြင် လေပွခြင်း၊ ဝမ်းချုပ်ခြင်းတို့ကိုပါ ခံစားရပါက အစာအိမ်ကင်ဆာ ဟုတ်၊ မဟုတ်ကို ဆရာဝန်နဲ့ သေချာစွာ တိုင်ပင်စစ်ဆေးသင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)