အစာအိမ်နဲ့အူလမ်းကြောင်း သွေးယိုခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ
အစာအိမ်နဲ့ အူလမ်းကြောင်းမှာ သွေးယိုခြင်းမဖြစ်အောင် ကာကွယ်သင့်တဲ့အချက်လေးတွေ ရှိပါတယ်။
၁။ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါများရှိရင် ကုသမှုခံယူပါ။
အစာအိမ်မှအက်စစ်များ အစာရေမျိုထဲသို့ ပြန်ကန်တက်ပြီး အစာရေမျိုရောင်ရမ်းခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ အူသိမ်အနာဖြစ်ခြင်း၊ အူနံရံရောင်ရမ်းခြင်းရောဂါများ စတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းမှာ ရောဂါတစ်စုံတစ်ခု ရှိနေခဲ့ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သေချာကုသမှုခံယူပါ။
Kremil-S 1
၂။ အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံ မသုံးစွဲပါနဲ့။
အကိုက်အခဲပျောက်ဆေးတွေဟာ အစာအိမ်အနာနဲ့ အူသိမ်အနာ ဖြစ်နိုင်ချေ မြင့်တက်စေလို့ သွေးထွက်တာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အကိုက်အခဲပျောက်ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် အလွန်အကျွံမသောက်သုံးဘဲ ဆရာဝန် ညွှန်ကြားချက်အတိုင်းသာ သောက်သုံးပေးပါ။
Kremil-S 2
၃။ အရက်မသောက်ပါနဲ့။
အရက်သောက်ခြင်းဟာ အစာအိမ်နဲ့အူသိမ်မှာ အနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အချိန်အကြာကြီး အရက်သောက်တဲ့သူတွေမှာ အစာရေမျိုထဲက သွေးကြောတွေ ဖောင်းလာပြီးတော့ အချိန်ကြာလာတဲ့အခါ သွေးကြောတွေအားနည်းပြီး သွေးယိုစိမ့်တာတွေဖြစ်စေပါတယ်။
၄။ ဆေးလိပ်မသောက်ပါနဲ့။
စီးကရက်မှာပါတဲ့ နီကိုတင်းနဲ့ အခြားဓာတုပစ္စည်းတွေက အစာအိမ်အနာနဲ့ အူသိမ်အနာ ဖြစ်နိုင်ချေကို မြင့်တက်စေလို့ သွေးထွက်တာကို ဖြစ်စေနိုင်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)






























