/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အစာအိမ်နှင့်အူလမ်းကြောင်းရှိ-အနာများအကြောင်း

အစာအိမ်နှင့်အူလမ်းကြောင်းရှိ အနာများအကြောင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အစာအိမ်မှာအနာရှိလို့ မှန်ပြောင်းကြည့်ရမယ် ... အစာအိမ်အနာတွေဖြစ်နေလို့ အစားတောင် မစားနိုင်ဘူး စသဖြင့် ပတ်ဝန်းကျင်တွင် မကြာခဏ ကြားရလေ့ရှိကြတယ် မဟုတ်လား။

အစာအိမ်နှင့်အူလမ်းကြောင်းရှိနံရံများတွင် အနာများဖြစ်ပေါ်ခြင်းကို အစာချေစနစ်အနာများလို့ ခေါ်ဆိုပြီး
(၁)  အစာအိမ်အနာများ
(၂)  အူအနာများဆိုပြီး နှစ်မျိုး ခွဲခြားနိုင်ပါတယ်။

Kremil-S 1

>>  ဘာကြောင့်အနာတွေဖြစ်ပေါ်ရသလဲ?
●  အရက်အလွန်အကျွံသောက်ခြင်း
●  အကိုက်အခဲပျောက်ဆေးများ စွဲသောက်ခြင်း
●  ဆေးလိပ်သောက်ခြင်း
●  အသက်ရှူစက်အကူအညီဖြင့် နေထိုင်နေရခြင်း
●  ဓာတ်ကင်ကုသမှုခံယူရခြင်း
●  စိတ်ဖိစီးမှုများခြင်းစတာတွေကြောင့် အစာအိမ်အနာတွေဖြစ်နိုင်ပါတယ်။

>>  အစာအိမ်နှင့်အူလမ်းကြောင်း အနာများ ရှိ၊ မရှိ စစ်ဆေးနိုင်မယ့်နည်းလမ်းများ
●  အစာအိမ်နှင့်အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း
●  H. pylori ပိုးရှိမရှိ သွေးစစ်ခြင်း
●  အစာအိမ်ဓာတ်မှန်ရိုက်ခြင်း  စသည်တို့ဖြစ်ပါတယ်။

Kremil-S 2

>>  ကုသနည်းများ
ဆရာဝန်လမ်းညွှန်ချက်ဖြင့် -
●  H. pylori ပိုးရှိပါက ပိုးသတ်ဆေးဖြင့်ကုသခြင်း
●  အစာအိမ်တွင်းရှိအက်ဆစ်များကို လျော့နည်းစေအောင်ဆေးသောက်ခြင်း
●  အစာအိမ်နံရံကိုကာကွယ်ပေးမယ့် ဆေးများသောက်ခြင်း
●  သွေးယိုစိမ့်နေသောအနာများအတွက် အစာအိမ်မှန်ပြောင်းအသုံးပြုပြီး အနာတွင်းဆေးထိုးခြင်း၊ သွေးတိတ်စေအောင် အပူကုထုံးအသုံးပြုခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
●  အဆိုပါမှန်ပြောင်းကုသခြင်းဖြင့် သွေးမတိတ်သေးရင်တော့ ခွဲစိတ်ကုသနည်းကို အသုံးပြုရမှာ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)