/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အစားအစာကုထုံးနဲ့-အရေပြားရောဂါ-ပျောက်ကင်းခဲ့သူတစ်ဦးရဲ့

အစားအစာကုထုံးနဲ့ အရေပြားရောဂါ ပျောက်ကင်းခဲ့သူတစ်ဦးရဲ့ ကိုယ်တွေ့အတွေ့အကြုံ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အစ်ဇဘယ်လ်လာဟာ အာဟာရတက္ကသိုလ် ကျောင်းသူလေးတစ်ဦး ဖြစ်ပါတယ်။ သူမဟာ သြစတေးလျမှာ ကျန်းမာသန်စွမ်းခြင်းနဲ့ ပတ်သက်တဲ့ ဒီပလိုမာ ယူခဲ့ပြီးနောက် သူမရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်လို့ အစားအသောက်ပုံစံကို ပြောင်းဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါတယ်။

          ဘယ်လ်လာဟာ ၆ လတိတိ သက်သတ်လွတ်ပဲ စားခဲ့ပါတယ်။ သက်သတ်လွတ် စားပြီးနောက်မှာ သူမဟာ အရေပြားရောဂါတွေ စတင်ခံစားလာရပါတယ်။ ရေယုန်နဲ့ နှင်းခူတွေ ပေါက်လာခဲ့ပြီး သူမဟာ အရေပြားဆရာဝန်တွေနဲ့ ပြသကုသမှု ခံယူခဲ့ရပါတယ်။ သူမရဲ့ အစားအသောက်ပုံစံကို ပြန်ပြောင်းလဲခဲ့ပြီး ဆရာဝန် ညွှန်ကြားသလို လိုက်နာခဲ့ပေမယ့် ဘာမှမထူးခြားခဲ့ဘူး။ သူမရဲ့မျိုးရိုးဗီဇနဲ့ ကိုယ်ခံအား ဖောက်ပြန်လို့ ဖြစ်ရတဲ့ရောဂါတွေလို့ နာမည်တပ်ခဲ့ကြပြီး ဆေးကုသမှု ခံယူနေရတဲ့ ဘယ်လ်လာတစ်ယောက် စိတ်မချမ်းမသာနဲ့ ဘဝကို ဖြတ်သန်းနေရပါတယ်။

          အခုတလော ကီတိုဂျင်းနစ် Ketogenic အစားအစာဆိုတာ ခေတ်စားလာပါတယ်၊ ကီတိုဂျင်းနစ် အစားအစာဆိုတာ ဘာလဲ။ ကာဗွန်ဟိုက်ဒရိတ် ကစီဓာတ် နည်းပါးတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးတာ ဖြစ်ပါတယ်။

 

>>    ကီတိုဂျင်းနစ် အစားအစာပုံစံမှာ ဘာတွေပါသလဲ?

          လုံးဝဖြတ်ရမှာက -

●        ဆန်

●        ဂျုံ

●        ခေါက်ဆွဲ

●        ပြောင်းဖူး

●        သကြား

●        ချိုနစ်သောအသီးများ - ပန်းသီး၊ ငှက်ပျောသီး၊ လိမေ္မာ်သီးမှည့်

●        အာလူး တို့ ဖြစ်ပါတယ်။

 

          စားသင့်သောအစားအစာများ -

●        အသား - ငါး၊ အမဲသား၊ ကြက်သား

●        ဘရိုကိုလီ၊ ပန်းဂေါ်ဖီ

●        ကြက်ဥ၊ ဘဲဥ

●        ကန်ဇွန်းရွက်၊ ဟင်းနုနယ်၊ ချဉ်ပေါင်၊ ရုံးပတေသီး၊ မှို၊ ဂွေးတောက်ရွက်၊ ဆူးပုပ်၊ ဖန်ခါး

●        နေကြာစေ့၊ ဖရုံစေ့လှော်

●        ထောပတ်၊ ချိစ်၊ ဒိန်ချဉ်၊ နွားနို့

●        ထောပတ်သီး၊ ဘယ်ရီသီး၊ သံပရာ၊ ရှောက်သီး တို့ ဖြစ်ပါတယ်။

 

          ကီတိုဂျင်းနစ် အစားအသောက်ပုံစံမှာ အဆီ ၇၀ ရာခိုင်နှုန်း၊ အသားဓာတ် ၂၅ ရာခိုင်နှုန်းနဲ့ ကစီဓာတ် ၅ ရာခိုင်နှုန်းသာ ပါဝင်လာမှာ ဖြစ်ပါတယ်။ ကစီဓာတ်ကို သိသိသာသာ လျှော့ချပစ်လိုက်တာ ဖြစ်ပါတယ်။

          ဘယ်လ်လာဟာ ကီတိုဂျင်းနစ် အစားအသောက်ပုံစံကို စတင်ကျင့်သုံးပြီးနောက် သူမဟာ နေကောင်းလာပြီး ပိုမိုကျန်းမာလာတယ်လို့ ခံစားရပါတယ်။ သူမရဲ့ အရေပြားရောဂါတွေလည်း မြန်မကြာ ပျောက်ကင်း သက်သာသွားခဲ့ပါတယ်။ သူမဟာ လေးပတ်အတွင်း ကိုယ်အလေးချိန် သိသာစွာ ကျဆင်းသွားခဲ့ပြီး ပေါ့ပါးသွက်လက်တဲ့ ခန္ဓာကိုယ်အနေအထားကို ပိုင်ဆိုင်လာပါတယ်။

          အာဟာရကျောင်းသူတစ်ဦးအနေနဲ့ အစားအသောက်ကုထုံးရဲ့  စွမ်းပကားနဲ့ သူမဟာ အများထက် ပိုမိုကျန်းမာလာသော အားကျစရာ အခြေအနေတစ်ရပ်ကို ရရှိသွားပါပြီ။

          ကဲ ... စမ်းမကြည့်ချင်ဘူးလား ...?

 

          ကီတိုဂျင်းနစ် အစားအသောက်ပုံစံရဲ့ ကောင်းကျိုးများကို ဖော်ပြပေးလိုက်ပါတယ်။

●        အဆီကျစေပြီး ပိန်သွယ်လှပစေပါတယ်။

●        ဆီးချို ကျဆင်းစေပါတယ်။

●        အာရုံစူးစိုက်အား ပိုကောင်းလာပါတယ်။

●        အားအင် တိုးပွားလာတယ်။

●        ဝက်ခြံ သက်သာစေတယ်။

●        နောက်ဆုံးတစ်ခုကတော့ အတက်ရောဂါ ခံစားနေရသူတွေအနေနဲ့ ကီတိုဂျင်းနစ် အစားအသောက်ပုံစံကို ကျင့်သုံးတဲ့အခါ ပိုမိုနေကောင်း ကျန်းမာလာတာကို သိပ္ပံနည်းကျ တွေ့ရှိထားရတာပါပဲ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)