/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အစားအစာတွေ၊-အသီးအရွက်တွေကို-ပလတ်စတစ်မသုံးဘဲ-ဘယ်လို-သိမ်းဆည်းကြမလဲ

အစားအစာတွေ၊ အသီးအရွက်တွေကို ပလတ်စတစ်မသုံးဘဲ ဘယ်လို သိမ်းဆည်းကြမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          စတီးတွေ၊ ဖန်တွေနဲ့ လုပ်ထားတဲ့ ဗူးတွေ၊ ခွက်တွေထဲမှာ ထည့်ပါမယ်။

●        အရွက်တွေရဲ့ ရိုးတံအစွန်းတွေကို ဖြတ်ပြီးတော့ ရေထည့်ထားတဲ့ ဖန်ခွက်ထဲမှာ ထောင်ထားကာ စားပွဲပေါ် (သို့) ရေခဲသေတ္တာထဲမှာ ထည့်ထားပါ။

●        ကြက်သွန်နီ၊ အာလူးတွေကို ခြင်းထဲမှာ ထည့်ပြီးတော့ မှောင်တဲ့နေရာမှာထားပါ။

●        ဆလပ်ရွက်တွေကို တဘက်သေးလေးထဲမှာ ထုတ်ပြီးတော့ လိပ်ကာ ရေခဲသေတ္တာထဲ ထည့်ထားပါ။

●        ပေါင်မုန့်တွေကို အဝတ် (သို့) ခေါင်းအုံးစွပ်နဲ့ ထုတ်ပြီး သစ်သားသေတ္တာထဲ ထည့်သိမ်းပါ။

●        စားပြီးကျန်တာတွေကို ဖန်ဘူးထဲမှာ ထည့် (သို့) ကျန်တဲ့ပန်းကန်ပေါ်မှာပဲ ပန်းကန်တစ်ချပ် အုပ်ပြီးတော့ ရေခဲသေတ္တာထဲ ထည့်သိမ်းပါ။

●        တရုတ်နံနံ၊ နံနံပင်တွေကို ရေဖန်ခွက်ထဲမှာ စိုက်ထည့်ထားပါ။

●        ပဲတွေကို ရေစိုဝတ်နဲ့ ထုတ်သိမ်းပါ။

●        မက်မွန်သီး၊ ခရမ်းချဉ်သီးတွေကို ရေခဲခန်းထဲ ထည့်သိမ်းပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)