/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အဆစ်ရောင်တဲ့အခါ-သတိထားရမယ့်-ပိုးဝင်ခြင်းအန္တရာယ်

အဆစ်ရောင်တဲ့အခါ သတိထားရမယ့် ပိုးဝင်ခြင်းအန္တရာယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အရိုးများတွင်ရှိသောအရည်များနှင့် အရိုးတစ်သျှူးများတွင်းသို့ ပိုးဝင်ခြင်းကြောင့် အရိုးရောင်ခြင်းဖြစ်စဉ်ကို ရောဂါပိုးကြောင့် အဆစ်ရောင်ခြင်းလို့ သတ်မှတ်ပါတယ်။
အရိုးတွင်းပိုးဝင်ခြင်း အများဆုံးဖြစ်သောနေရာတွေကတော့ ဒူး၊ တင်ပါးဆုံရိုး၊ ခြေကျင်းဝတ်၊ တံတောင်ဆစ်၊ လက်ကောက်ဝတ်၊ ပခုံးနှင့် တင်ပါးရိုးတို့ ဖြစ်ပါတယ်။

>>  အရိုးများတွင်းသို့ ပိုးဝင်ခြင်းဖြစ်စေသော အကြောင်းရင်းကတော့ -
(၁)  ပိုးဝင်နေသောအနာများ
(၂)  အရိုးကျိုးရာကနေ အရိုးက အရေပြားကနေ ဖောက်ထွက်ခြင်း
(၃)  ထိခိုက်ဒဏ်ရာရခြင်း
(၄)  အရေပြားသို့ ပြင်ပအရာဝတ္ထုများ စိုက်ဝင်ခြင်း
(၅)  အဆစ်နှင့်ကပ်လျက်ဖြစ်သော အရေပြား (သို့) အရိုးတွင် ပိုးဝင်ရာကနေ ပျံ့နှံ့လာခြင်းတို့ ဖြစ်ပါတယ်။

>>  ရောဂါလက္ခဏာများကတော့ -
ဆိုးရွားစွာ အဆစ်များ နာကျင်ခြင်း၊ အဆစ်များရောင်ခြင်း၊ နီရဲခြင်း၊ လမ်းလျှောက်ခြင်းနှင့် အလေးအပင်မခြင်းတို့ ပြုလုပ်ရာတွင် နာကျင်ခြင်း၊ လက်နှင့်ထိရုံဖြင့် နာကျင်ခြင်း၊ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း စသော နာမကျန်းဖြစ်တဲ့လက္ခဏာများရှိခြင်းတို့ ဖြစ်ပါတယ်။

>>  ကုသနည်းများအနေနှင့်
လိုအပ်သော ပိုးသတ်ဆေးများပေးခြင်း၊ အကိုက်အခဲပျောက်ဆေးများပေးခြင်း၊ ကြွက်သားခံနိုင်ရည်အားရှိစေဖို့နှင့် အဆစ်များ လှုပ်ရှားရလွယ်ကူစေရန် လေ့ကျင့်ခန်းများလုပ်ဆောင်စေခြင်း၊ အရိုးကို ကြပ်စည်းခြင်း စသည်ဖြင့် ရောဂါအခြေအနေပေါ် မူတည်ပြီး ကုသမှု ခံယူရမှာ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)