/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အဆစ်ရောင်-ဂေါက်ရောဂါ-ခံစားနေရသူတွေ-ရှောင်ကြဉ်ရမည့်-အစားအစာများ

အဆစ်ရောင် ဂေါက်ရောဂါ ခံစားနေရသူတွေ ရှောင်ကြဉ်ရမည့် အစားအစာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဂေါက်ရောဂါ ခံစားနေရသူတွေဟာ ကောင်းချိန်နဲ့ ဆိုးချိန် (ရောဂါထချိန်) ဆိုပြီး ရှိပါတယ်။ တောက်လျှောက်ကောင်းနေပြီးမှ ရာသီဥတုကြောင့်ဖြစ်စေ၊ အစာမှားလို့ဖြစ်စေ ထဖောက်သွားတာမျိုးလည်း ရှိနိုင်တာမို့ ဒါတွေကို ရှောင်ပြီး အစား မသောင်းကျန်းရင်တော့ အိုကေမှာစိုပြေ သလောက်ရှိပါပြီ။ ဘယ်လိုအစားအစာတွေကို ရှောင်ရမလဲဆိုတော့ "Purine" ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါတဲ့။

●        ပုန်းရည်ကြီး

●        မှိုအမျိုးမျိုး

●        အမဲကျောက်ကပ်

●        ဦးနှောက် (ဝက်ဦးနှောက်၊ ဆိတ်ဦးနှောက်)

●        ပဲလှော်/ပဲကြီးစေ့

●        အသည်း/အမြစ်

●        မက်ကရယ်ငါး/ငါးသေတ္တာငါး

●        ကောက်ရိုးမှို

●        ဆာဒင်းငါး

●        အချိုကဲသော ပေါင်မုန့်၊ ကိတ်မုန့်တို့ ဖြစ်ပါတယ်။

          ဒါ့အပြင် ဒီလိုအစားအစာတွေကို ရှောင်ကြဉ်တဲ့အပြင် အစေ့အဆံတွေ၊ ပဲပင်ပေါက်၊ အချို လျှော့စားတာ၊ ကော်ဖီ၊ ဗီတာမင်စီဓာတ်တွေ ဖြည့်စွက်စားတာကလည်း ဂေါက်ရောဂါဖြစ်နှုန်းကို လျှော့ချပေးနိုင်ကြောင်း သိရှိထားရပါတယ်။ ရယ်ဒီမိတ်အချိုရည်တွေ၊ အမဲသား၊ အရက်၊ ဘီယာတွေကတော့ ဂေါက်ကို ဆိုးသထက်ဆိုးစေမှာ မုချပါပဲ။ တစ်ဖက်က ကြည့်မယ်ဆိုရင် တခြားသွေးလေးဖက်နာတွေ၊ အဆစ်ရောင်ရောဂါတွေနဲ့ ယှဉ်လိုက်ရင် အဆစ်ရောင်ဂေါက်ရောဂါဟာ သိပ်မဆိုးတဲ့အထဲမှာ ပါတယ်လို့ ပြောလို့ရပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)