/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အဆစ်အမြစ်တွေကိုက်ရင်-ဒါတွေရှောင်ပါ

အဆစ်အမြစ်တွေကိုက်ရင် ဒါတွေရှောင်ပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

●  ပြည့်ဝဆီ
အနီရောင်ရှိတဲ့အသား၊ ထောပတ်နဲ့ ဒိန်ခဲတွေမှာ တွေ့ရပြီး တစ်သျှူးတွေကို ရောင်ရမ်းမှု ဖြစ်ပေါ်စေပါတယ်။ နှလုံးကို ထိခိုက်စေတဲ့အပြင် အဆစ်အမြစ်ကိုက်တာကိုလည်း ပိုဆိုးစေပါတယ်။ အနီရောင်ရှိတဲ့အသားတွေဟာ ကင်တာ၊ ကြော်တာ စတဲ့ မီးပြင်းပြင်းနဲ့ ထိတွေ့လိုက်ရင် AGE ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်လာပြီး AGE ဓာတ်တာဟာ နှလုံးရောဂါ၊ ကျောက်ကပ်နဲ့ Alzheimer’s ရောဂါတွေနဲ့ ဆက်စပ်နေပါတယ်။

●  အရက်
အရက်ဟာ လေးဖက်နာရောဂါကို ကာကွယ်ပေးပြီး ရောဂါရှိပြီးသားဆိုရင်တော့ ပိုပြီးရောင်ရမ်းစေပါတယ်။

●  အသင့်စားမုန့်တွေ
ပြည့်ဝဆီနဲ့ အခြားပါဝင်ပစ္စည်းတွေက  ခန္ဓာကိုယ် ရောင်ရမ်းမှုကို ဖြစ်စေနိုင်တဲ့အပြင် နှလုံးရောဂါ၊ ကင်ဆာနဲ့ အခြားရောဂါတွေလည်း ဖြစ်စေနိုင်ပါတယ်။ အညွှန်းကို သေချာဖတ်ပါ။ ကြာရှည်ခံအောင် လုပ်ထားတဲ့ ပေါင်မုန့်၊ အာလူးကြော်၊ ပေါက်ပေါက်၊ ဆီကြော်မုန့်၊ အသင့်လုပ်မုန့်နှစ်နဲ့ မာဂျရင်းတွေထဲမှာ အများဆုံး ပါတတ်ပါတယ်။

Jointace 1

●  ဆား
ခန္ဓာကိုယ်က ဆားကို လိုအပ်ပေမယ့် ဆားစားတာများရင် သွေးတိုးကနေ လေဖြတ်တာ၊ ကျောက်ကပ်ပျက်တာနဲ့ နှလုံးရောဂါအထိ ဖြစ်စေနိုင်ပါတယ်။ Calcium ဓာတ် ဆုံးရှုံးမှုကိုလည်း များစေလို့ အရိုးပွရောဂါကို ဖြစ်စေပြီး အဆစ်အမြစ်တွေကိုလည်း နာကျင်ကိုက်ခဲစေပါတယ်။

●  သကြား
သကြားကြောင့် ခန္ဓာကိုယ်က ရောင်ရမ်းမှုကို ဖြစ်ပေါ်စေတဲ့ ဓာတ်တွေအများကြီး ထွက်စေပြီး အဆစ်အမြစ်တွေကို ပိုပြီးနာကျင်ကိုက်ခဲစေပါတယ်။ အညွှန်းထဲမှာ - ose နဲ့ ဆုံးတဲ့ ပါဝင်ပစ္စည်း (ဥပမာ - glucose, sucrose, fructose)၊ အချိုရည်နဲ့ မုယော စတဲ့ ပါဝင်ပစ္စည်းတွေကို ရှောင်ပါ။ လူတွေ တီထွင်ထားတဲ့ အချိုဓာတ်တွေကလည်း ကင်ဆာနဲ့ အခြားရောဂါတွေကို ဖြစ်ပေါ်စေပါတယ်။

●  ပြုပြင်ထားတဲ့ ဆန်၊ ဂျုံ၊ ပြောင်း
ဖြူဖွေးနေအောင် ပြုပြင်ထားတဲ့ ဆန်၊ ဂျုံ၊ ပြောင်းတွေက သွေးတွင်းသကြားဓာတ်ကို တက်စေတာကြောင့် ရောင်ရမ်းမှုကို ဖြစ်ပေါ်စေပါတယ်။ တကယ်လို့ ဂျုံကို စားပြီးတိုင်း အယားဖုတွေ၊ ခေါင်းကိုက်တာတွေ၊ အဆစ်အမြစ်ကိုက်တာတွေ ဖြစ်တတ်တယ်ဆိုရင်တော့ သူတို့ထဲမှာပါတဲ့ gluten ဆိုတဲ့ ပရိုတင်းဓာတ်နဲ့ မတည့်တာ ဖြစ်နိုင်ပါတယ်။ ဒါတွေနဲ့ လုပ်ထားတာတိုင်းကို ရှောင်ပါ။ သဘာဝအတိုင်းရှိတဲ့ ဆန်လုံးညို၊ ဂျုံ စတာတွေကို စားပါ။

Dr. Htar (www.drmyanmar.com)

Jointace 2

(Zawgyi)

●  ျပည့္ဝဆီ
အနီေရာင္ရွိတဲ့အသား၊ ေထာပတ္နဲ႔ ဒိန္ခဲေတြမွာ ေတြ႕ရၿပီး တစ္သွ်ဴးေတြကို ေရာင္ရမ္းမႈ ျဖစ္ေပၚေစပါတယ္။ ႏွလုံးကို ထိခိုက္ေစတဲ့အျပင္ အဆစ္အျမစ္ကိုက္တာကိုလည္း ပိုဆိုးေစပါတယ္။ အနီေရာင္ရွိတဲ့အသားေတြဟာ ကင္တာ၊ ေၾကာ္တာ စတဲ့ မီးျပင္းျပင္းနဲ႔ ထိေတြ႕လိုက္ရင္ AGE ဆိုတဲ့ ဓာတ္တစ္မ်ိဳး ထြက္လာၿပီး AGE ဓာတ္တာဟာ ႏွလုံးေရာဂါ၊ ေက်ာက္ကပ္နဲ႔ Alzheimer’s ေရာဂါေတြနဲ႔ ဆက္စပ္ေနပါတယ္။

●  အရက္
အရက္ဟာ ေလးဖက္နာေရာဂါကို ကာကြယ္ေပးၿပီး ေရာဂါရွိၿပီးသားဆိုရင္ေတာ့ ပိုၿပီးေရာင္ရမ္းေစပါတယ္။

●  အသင့္စားမုန႔္ေတြ
ျပည့္ဝဆီနဲ႔ အျခားပါဝင္ပစၥည္းေတြက  ခႏၶာကိုယ္ ေရာင္ရမ္းမႈကို ျဖစ္ေစႏိုင္တဲ့အျပင္ ႏွလုံးေရာဂါ၊ ကင္ဆာနဲ႔ အျခားေရာဂါေတြလည္း ျဖစ္ေစႏိုင္ပါတယ္။ အၫႊန္းကို ေသခ်ာဖတ္ပါ။ ၾကာရွည္ခံေအာင္ လုပ္ထားတဲ့ ေပါင္မုန႔္၊ အာလူးေၾကာ္၊ ေပါက္ေပါက္၊ ဆီေၾကာ္မုန႔္၊ အသင့္လုပ္မုန႔္ႏွစ္နဲ႔ မာဂ်ရင္းေတြထဲမွာ အမ်ားဆုံး ပါတတ္ပါတယ္။

●  ဆား
ခႏၶာကိုယ္က ဆားကို လိုအပ္ေပမယ့္ ဆားစားတာမ်ားရင္ ေသြးတိုးကေန ေလျဖတ္တာ၊ ေက်ာက္ကပ္ပ်က္တာနဲ႔ ႏွလုံးေရာဂါအထိ ျဖစ္ေစႏိုင္ပါတယ္။ Calcium ဓာတ္ ဆုံးရႈံးမႈကိုလည္း မ်ားေစလို႔ အ႐ိုးပြေရာဂါကို ျဖစ္ေစၿပီး အဆစ္အျမစ္ေတြကိုလည္း နာက်င္ကိုက္ခဲေစပါတယ္။

●  သၾကား
သၾကားေၾကာင့္ ခႏၶာကိုယ္က ေရာင္ရမ္းမႈကို ျဖစ္ေပၚေစတဲ့ ဓာတ္ေတြအမ်ားႀကီး ထြက္ေစၿပီး အဆစ္အျမစ္ေတြကို ပိုၿပီးနာက်င္ကိုက္ခဲေစပါတယ္။ အၫႊန္းထဲမွာ - ose နဲ႔ ဆုံးတဲ့ ပါဝင္ပစၥည္း (ဥပမာ - glucose, sucrose, fructose)၊ အခ်ိဳရည္နဲ႔ မုေယာ စတဲ့ ပါဝင္ပစၥည္းေတြကို ေရွာင္ပါ။ လူေတြ တီထြင္ထားတဲ့ အခ်ိဳဓာတ္ေတြကလည္း ကင္ဆာနဲ႔ အျခားေရာဂါေတြကို ျဖစ္ေပၚေစပါတယ္။

●  ျပဳျပင္ထားတဲ့ ဆန္၊ ဂ်ဳံ၊ ေျပာင္း
ျဖဴေဖြးေနေအာင္ ျပဳျပင္ထားတဲ့ ဆန္၊ ဂ်ဳံ၊ ေျပာင္းေတြက ေသြးတြင္းသၾကားဓာတ္ကို တက္ေစတာေၾကာင့္ ေရာင္ရမ္းမႈကို ျဖစ္ေပၚေစပါတယ္။ တကယ္လို႔ ဂ်ဳံကို စားၿပီးတိုင္း အယားဖုေတြ၊ ေခါင္းကိုက္တာေတြ၊ အဆစ္အျမစ္ကိုက္တာေတြ ျဖစ္တတ္တယ္ဆိုရင္ေတာ့ သူတို႔ထဲမွာပါတဲ့ gluten ဆိုတဲ့ ပ႐ိုတင္းဓာတ္နဲ႔ မတည့္တာ ျဖစ္ႏိုင္ပါတယ္။ ဒါေတြနဲ႔ လုပ္ထားတာတိုင္းကို ေရွာင္ပါ။ သဘာဝအတိုင္းရွိတဲ့ ဆန္လုံးညိဳ၊ ဂ်ဳံ စတာေတြကို စားပါ။

Dr. Htar (www.drmyanmar.com)