/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အဆစ်အမြစ်တွေကျန်းမာစေဖို့-ဘာတွေဂရုပြုရမလဲ

အဆစ်အမြစ်တွေကျန်းမာစေဖို့ ဘာတွေဂရုပြုရမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခန္ဓာကိုယ်ကအဆစ်အမြစ်တွေဆိုတာ တစ်ကိုယ်လုံးရဲ့ အရိုးတွေကိုချိတ်ဆက်ထားပြီးတွယ်ကပ်နေတဲ့ အရွတ်တွေကတဆင့် အလေးချိန်နှင့် ဟန်ချက်ညီမျှမှုကိုထိန်းသိမ်းထားပေးပါတယ်။ ဒါကြောင့် အရေးပါတဲ့ အဆစ်အမြစ်တွေ ထာဝရကျန်းမာဖို့ ဂရုစိုက်ပေးကြရအောင်…

 

• မနိုင်တာတွေမမပါနဲ့။ သိပ်လေးတာတွေကို ကြိုးစားပမ်းစားမတဲ့အခါ အဆစ်တွေ ဒဏ်ဖြစ်ပါတယ်။ မဖြစ်နိုင်တာကို မကြိုးစားပါနဲ့။

 

• ကိုယ်လုံးအလှလေ့ကျင့်ခန်းလုပ်တာခေတ်စားလာတော့ ခန်းမသွားပြီးကစားတာတွေလုပ်တဲ့အခါ ကိုယ့်အခြေအနေကိုယ်သိပါ။ ဝိတ်ကျချင်ဇောကိုယ်လုံးလှချင်ဇောနဲ့ တပင်တပန်းတွေ အလေးမအကွေးအညွှတ်လုပ်တဲ့အခါ အဆစ်တွေဒဏ်ခံရပါတယ်။

 

• ခပ်ပျော့ပျော့က စပါ၊ စက်ဘီးစီးတာ၊ ခပ်ဖွဖွပြေးတာ၊ လမ်းခပ်သွက်သွက်လျှောက်တာ လောက်ကနေစလုပ်ကြည့်ပါ။ စစချင်းကို ပင်ပင်ပန်းပန်းတွေမလုပ်ပါနဲ့။ အကျင့်မရှိတဲ့ အရိုးအဆစ်တွေကို ရောင်ရမ်းစေပါတယ်။

• ယောဂကျင့်ပါ။ ယောဂဆိုတာအဆစ်အမြစ်တွေအတွက် ပျော့ပြောင်းသန်မာမှုအတွက် ဟန်ချက်ညီဖို့အကောင်းဆုံးလေ့ကျင့်ခန်းဖြစ်ပါတယ်။

 

• ရုတ်တရက်ထတာ၊ ခါးလှည့်တာ၊ ကုန်းထလိုက်တာ၊ ဆတ်ခနဲအကွေးအဆန့်ရှောင်ပါ။ မထင်မှတ်တဲ့ လှုပ်ရှားမှုပြင်းပြင်းပြင်းတွေဟာ အဆစ်တွေကိုနာကျင်စေပါတယ်။ ဟန်ချက်ညီမျှတဲ့ ကိုယ်နေဟန်ထားတခုကို ထိန်းသိမ်းထားပါ။

 

အဆစ်အမြစ်တွေ ကျန်းမာဖို့ ဘာစားရင်ကောင်းမလဲ…….

 

• နွားနို့သောက်ပါ။ ကယ်လစီယမ်နဲ့ ဖော့စဖိတ်ဓာတ်တွေဟာ အဆစ်အမြစ်နဲ့အရိုးတွေကို သန်မာစေပါတယ်။

 

• ငါးစားပါ။ ငါးအသေးလေးတွေ ပင်လယ်ငါးတွေမှာအဆစ်တွေကိုသန်မာစေတဲ့ ဓာတ်တွေပါဝင်နေပါတယ်။ 

 

• ရေများများသောက်ပါ။အရိုးအဆစ် လှုပ်ရှားမှုတွေချောမွေ့သွားစေဖို့ ရေဓာတ်လိုအပ်ပါတယ်။

 

• အဆီအစိမ့်ရှောင်ပါ။ ဝိတ်ကျသွားတာသိပိကောင်းတဲ့ အဆစ်အမြစ်ထိန်းသိမ်းမှုပါ။ ကိုယ်အလေးချိန်ကြောင့် ဒဏ်မပိတဲ့အဆစ်တွေဟာ ကြာရှည်ကျန်းမာလာကြပါတယ်။  

• လတ်ဆတ်တဲ့ အသီးဖျော်ရည်လေးနဲ့ အရိုးအဆစ်တွေကို အားဖြည့်ပေးပါ။ ဗီတာမင်စီဓာတ်ဟာ အဆစ်အမြစ်ရောင်ရမ်းမှုတွေကို သိသိသာသာလျော့ပါးလာစေပြီး ပြန်လည်သန်စွမ်းလာစေပါတယ်။

 

          အဆစ်အမြစ်တွေ နာတာရှည်ကိုက်ခဲတာရောင်ကိုင်းတာ မနက်မိုးလင်းအဆစ်တွေတင်းနေတာ၊ ဖိရင်နာတာတွေရှိခဲ့ရင် ကိုယ်ခံအားဖောက်ပြန်တဲ့ လေးဖက်နာလွန် အဆစ်အမြစ်နာတွေဖြစ်နေတတ်တာမို့ ဆရာဝန်ပြသစစ်ဆေးစေလိုပါတယ်။ 

 

          ဒဏ်တခုခုကြောင့် အဆစ်အမြစ်တွေနာတဲ့ရောင်တဲ့အခါ အနားပေးပါ။ လုံးဝမပေါ့ပါနဲ့။ အရိုးအဆစ်တိုင်းကိုအရွတ်တွေ နဲ့ ချိတ်ဆက်ထိန်းပေးထားတာမို့ မနားရင် ထိရောက်တဲ့ကုသမှုမခံယူရင် အဆစ်အမြစ်တွေ ပုံမှန်လုပ်ငန်းတွေဆုံးရှုံးသွားနိုင်ပြီးမလှုပ်နိုင်တော့အထိဆိုးဝါးသွားနိုင်တာမို် ့ ဆရာဝန်ပြသကုသဖို့ ခံယူကြဖို့ အကြံပြုပါရစေ။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)