အဆုတ်ထဲမှာ သန်ကောင်တွေ ပိတ်ဆို့ပြီး အသက်ပါပေးလိုက်ရသူ
ဗီယက်နမ်အမျိုးသားတစ်ယောက်ဟာ အဆုတ်ထဲကို သန်ကောင်တွေ ကူးစက်ရောက်ရှိပြီး နောက်ပိုင်း သေဆုံးခဲ့ပါတယ်။
သန်ကောင်ရောဂါဟာ အလွယ်တကူ ကုသလို့ရပြီး ခြောက်လတစ်ကြိမ် သန်ချဖို့ သိကြပေမယ့် မေ့လျော့နေတတ်ကြပါတယ်။
ဒါပေမဲ့ ဒီသန်ကောင်ကတော့ အတော်ဆိုးဆိုးပါ။ ကူးစက်ခံ လူဆယ်ယောက်မှာ ရှစ်ယောက်က အလွန်အမင်း ကူးစက်တာကနေ သေဆုံးနိုင်ခြေ ရှိနေပါတယ်။ သူ့ရဲ့မျိူးပွားနှုန်းက မြန်ဆန်ပြီး အဆုတ်ထဲကို ဝင်ရောက်ဒုက္ခပေးနိုင်ပါတယ်။
>> Strongloides Stercoralis လို့ခေါ်တဲ့ ကပ်ပါးသန်ကောင်ဟာ -
◊ အပူပိုင်းနဲ့ သမမျှတဒေသတွေမှာ တွေ့ရှိပေါက်ပွားနေတတ်ပြီး ဘရာဇီး၊ အာဂျင်တီးနားမြောက်ပိုင်းနဲ့ အရှေ့တောင်အာရှမှာပါ ကူးစက်ပြန့်ပွားနေပါတယ်။
◊ အခုချိန်မှာ ကမ်ဘာပေါ်က လူပေါင်း ၁၀၀ မီလီယံခန့်ကို ကူးစက်ခဲ့ပါပြီ။
◊ မြေကြီး၊ ရေနဲ့ မသန့်ရှင်းတဲ့ အမှိုက်နေရာတွေမှာနေပြီး အရေပြားကို ထိုးဖောက် ဝင်ရောက်ကူးစက်ပါတယ်။
◊ အူထဲမှာ အကြာကြီးနေပြီး ၂ မီလီမီတာရှိတဲ့ အကောင်အဖြစ် ကြီးထွားလာတတ်ပါတယ်။
အခုလူနာက ဦးရေပြားတွေ ရောင်ကိုင်းရောဂါ ဖြစ်နေတာကြောင့် ဆဲလ်ရောင်ရမ်းတာကို သက်သာဖို့ စတီးရွိုက်ဆေးတွေ ပေးခဲ့တာကနေ ရှိနေပြီး သန်ကောင်တွေဟာ ကိုယ်ခံအားနည်းလာတာနဲ့အမျှ ပွားများလာပြီး တစ်ကိုယ်လုံးကို ပျံ့နှံ့ကုန်တာ ဖြစ်ပါတယ်။
သိပ်မဆိုးတဲ့အခြေအနေမှာ သန်ကောင်တွေကို ကုသလို့ ရနိုင်သေးပေမယ့် တခြားအရေးကြီးအဂါၤတွေကို ပြန့်တဲ့အခါ ကုသဖို့ သိပ်ခက်သွားပါတယ်။ တစ်ကိုယ်လုံးကို ပြန့်နေပြီဖြစ်တဲ့ သန်ကောင်တွေကို ချုပ်ထိန်းရ၊ သတ်ရ ခက်ပါတယ်။ ဒီလိုနဲ့ ကူးစက်ခံ ဗီယက်နမ်အမျိုးသား အသက်ဆုံးပါးသွားခဲ့ရတာ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























