အဆုတ်ရောင်တာ မပေါ့သင့်ပါ
အဆုတ်ရောင်တယ်ဆိုတာ အဆုတ်ထဲက လေအိတ်လေးတွေ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တာပါ။
တစ်ခါတလေ ဘာမှမဖြစ်တတ်ပေမယ့် တစ်ခါတလေလည်း အသက်အန္တရာယ်ထိတောင် ဆိုးတတ်တယ်။
ဘယ်သူတွေမှာ ဆိုးတတ်လဲ၊ ဘယ်လိုလက္ခဏာတွေကို သတိထားရမလဲဆိုတာကို ပြောပြမယ်နော်။
>> ဘယ်သူတွေမှာ ပိုဆိုးနိုင်သလဲ?
လူတိုင်းမှာ ဖြစ်နိုင်ပေမယ့် ကိုယ်ခံအားကျနေသူတွေဖြစ်တဲ့ -
● အသက် ၂ နှစ်အောက်ကလေးတွေ
● အသက် ၆၅ နှစ်အထက်လူကြီးတွေ
● ဆေးရုံဆက်နေရသူတွေ
● နာတာရှည်ရောဂါရှိသူတွေ
● ကင်ဆာဆေး သွင်းနေသူ၊ အင်္ဂါအစားထိုး ကုသထားသူတွေ
● ဆေးလိပ်သောက်သူတွေမှာ ပိုဆိုးတတ်တယ်။
>> ဘယ်လိုဖြစ်တတ်လဲ?
အဆုတ်ရောင်ရောဂါလက္ခဏာတွေဟာ ကိုယ်ခံအားကျနေတဲ့လူတွေမှာ သိပ်မသိသာတဲ့အတွက် အချိန်လွန်မှ သိရတတ်တယ်။ အထူးသဖြင့် အဆုတ်နဲ့နှလုံး နာတာရှည်ရောဂါသမားတွေမှာပေါ့။
>> ဘယ်လိုအမျိုးအစားတွေရှိလဲ?
● ဗိုင်းရပ်စ် - ဗိုင်းရပ်စ်ကြောင့်ဆို သိပ်မဆိုးတတ်ပေမယ့် ဘက်တီးရီးယားနဲ့ တွဲဖြစ်ရင် ပိုဆိုးတတ်တယ်။
● ဘက်တီးရီးယား - ဘက်တီးရီးယားကြောင့်ဖြစ်ရင် ပိုဆိုးတတ်တယ်။ အထူးသဖြင့် အဆုတ်အပိုင်း အများကြီးမှာဖြစ်ရင် ဆေးရုံတက်ပြီး ပိုးသတ်ဆေး သောက်ဖို့လိုတယ်။
● မှိုပိုး - အထူးသဖြင့် ကိုယ်ခံအားမကောင်းသူတွေမှာ ဖြစ်တတ်ပ့တယ်။
ပြီးတော့ အဆုတ်ရောင်တယ်ဆိုရာမှာလည်း ဆေးရုံ၊ ဆေးခန်းမှာ ကူးတာမျိုးက ဆေးယဉ်ပါးနိုင်တဲ့အတွက် ပိုကြောက်ရပါတယ်။
>> ဘယ်လိုလက္ခဏာတွေဖြစ်တတ်လဲ?
● အပူချိန် ပုံမမှန်တာ
● မောတာ
● ချောင်းဆိုး သလိပ်ထွက်တာ
● ရင်ဘတ်အောင့်တာ
● မောတာ
● ကြောင်စီစီ ဖြစ်နေတာ
● ပျိုအန်၊ ဝမ်းလျှောတာတွေနဲ့ လာတတ်တယ်။
>> ဘယ်လိုကာကွယ်မလဲ?
အမြဲတမ်းစောင့်ကြည့်နေပါ။
အပေါ်မှာပြောခဲ့တဲ့ ရောဂါလက္ခဏာတွေကို အမြဲတမ်း စောင့်ကြည့်နေပါ။
ကာကွယ်ဆေးထိုးပါ။
● Pneumococcal
● တုပ်ကွေး Influeza
● Haemophilus influenzae
● ကြက်ညာချောင်းဆိုး
● ဝက်သက်
● ရေကျောက်
ဒီကာကွယ်ဆေးတွေ ထိုးထာဖို့ လိုမယ်နော်။
တစ်ကိုယ်ရည်သန့်ရှင်းမှု ဂရုစိုက်ပါ။
အိမ်သာအဆင်း၊ မစားခင်၊ မထိမကိုင်ခင် အမြဲလက်ဆေးပါ။
ကျန်းမာရေးနဲ့ ညီညွတ်အောင်နေပါ။ အာဟာရပြည့်ဝအောင် စားသောက်ပါ။
ဆေးလိပ်ဖြတ်၊ လေ့ကျင့်ခန်း မှန်မှန်လုပ်။
အချုပ်အနေနဲ့ အဆုတ်ရောင်တာဟာလည်း အသက်အန္တရာယ်အထိကို ဖြစ်စေနိုင်တာကြောင့် မပေါ့မဆဘဲ ဆရာဝန်နဲ့ အမြန်ဆုံးပြ၊ အမြန်ဆုံးကုဖို့ လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























