/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အဆုတ်လေပြွန်ရောင်ခြင်း

အဆုတ်လေပြွန်ရောင်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လေနဲ့ တခြားအမှုန်အမွှားတွေဟာ အဆုတ်ထဲကို ဝင်ချင်သလိုဝင်၊ ထွက်ချင်သလို ထွက်နေကြတာကြောင့် အဆုတ်ဟာ အခြေအနေအမျိုးမျိုးကို ရင်ဆိုင်ကြရတယ်။

          ဒီလိုအခြေအနေတွေထဲက တစ်ခုကတော့ လေတွေကို အလဲအလှယ်လုပ်နေရတဲ့           အဆုတ်လေပြွန််ရောင်တာပါပဲ။ အအေးမိတာဆိုးတဲ့အခါ၊ ရောဂါပိုးဝင်တဲ့အခါမျိုးမှာ            အဆုတ်လေပြွန်ရောင်တတ်ပြီး တခြားဖြစ်စေတဲ့အကြောင်းရင်းတွေလည်း အမျာကြီးရှိသေးတယ်။

 

>>    ဖြစ်တတ်တဲ့အမျိုးအစားတွေနဲ့ အကြောင်းရင်းတွေ -

           အဆုတ်လေပြွန်ရောင်ခြင်းဟာ ၂ မျိုး ၂ စား ရှိတယ်။ ရုတ်တရက် လေပြွန်ရောင်ခြင်း အမျိုးအစားကတော့ သူ့အလိုလို သက်သာပြီး ပျောက်သွားတတ်ပေမယ့် နာတာရှည်           အဆုတ်လေပြွန်တာကတော့ နှစ်နဲ့ချီပြီး တာရှည်တတ်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ အမျိုးမျိုးပေါ့။

●        ရုတ်တရက် အဆုတ်ပြွန်ရောင်ခြင်း : အအေးမိ၊ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တတ်တယ်။

●        နာတာရှည်အဆုတ်ပြွန်ရောင်ခြင်း : ဆေးလိပ်က အဖြစ်ဆုံးအကြောင်းရင်းပါပဲ။ လေထုညစ်ညမ်းမှုတွေနဲ့ တခြားအမှိုက်အမှုန်တွေကလည်း တရားခံ ဖြစ်နိုင်ပါသေးတယ်။

 

>>    ရောဂါလက္ခဏာတွေကတော့ -

          တစ်ခုနဲ့တစ်ခု ရောဂါလက္ခဏာ တူချင်မှတူပါမယ်။ အဖြစ်အများဆုံး လက္ခဏာတွေကတော့ -

●        ချောင်းဆိုးပြီး သလိပ်တွေ အများကြီးထွက်ခြင်း

●        ပင်ပန်းနွမ်းနယ်နေခြင်း

●        ဖျားနာခြင်း

●        ရင်ဘတ်အောင့်ခြင်း စတာတွေပါပဲ။

 

          ရုတ်တရက်ဖြစ်တဲ့ လူနာတွေအတွက်ရော၊ နာတာရှည်သမားတွေမှာပါ လက္ခဏာ အတူတူ တွေ့ရတတ်ပေမယ့် နာတာရှည်သမားတွေ ဆိုရင်တော့ ပိုဆိုးနိုင်ပါတယ်။ အတော်အသင့်ကနေ ဆိုးဆိုးရွားရွား လက္ခဏာတွေအထိကို ၃ ပတ်ထက် ကျော်လာရင်၊ အဖျား ၁၀၀ ဒီဂရီကျော်လာရင်၊ ချောင်းဆိုးသွေးပါလာရင် ဆရာဝန်တွေနဲ့ ပြဖို့လိုပါတယ်။

          အရမ်းဆိုးလာခဲ့ရင် အဆုတ်ပြွန်ရောင်ရာကနေ ပိုဆိုးတဲ့ နမိုးနီးယား အဆုတ်ရောင်အထိကို ဖြစ်နိုင်ပါတယ်။

 

>>    ဒီလိုဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့ -

●        ဆေးလိပ်သောက်ခြင်း : နာတာရှည် အဆုတ်ပြွန်ရောင်အဖြစ်စေဆုံး အကြောင်းရင်းပါပဲနော်။

●        ရင်ပူခြင်း : လည်ချောင်းကို ဆွတဲ့အတွက် အဆုတ်ပြွန် ပိုရောင်စေနိုင်တယ်။

●        လေထုညစ်ညမ်းခြင်း

●        ခုခံအားမကောင်းခြင်း : အဆုတ်ပြွန်ရောင်တာ အတော်များများဟာ အအေးမိ၊ တုပ်ကွေးကနေ စတယ်။ အအေးမိတုပ်ကွေးက ကိုယ်ခန္ဓာကို အားနည်းစေတာကြောင့် ဒီကနေ ပိုဆိုးသွားတာပေါ့။

 

>>    အဆုတ်ပြွန်ရောင်တာ ဟုတ်၊ မဟုတ် သိနိုင်ဖို့ ...

          ဘယ်လက္ခဏာတွေက အဆုတ်ပြွန်ရောင်တာလဲ၊ အအေးမိတာလောက်ပဲလား သိနိုင်ဖို့  …

●        ရင်ဘတ်ဓာတ်မှန်

●        သလိပ်စစ်ဆေးခြင်း

●        အဆုတ်လုပ်ငန်း စစ်ဆေးခြင်း

စတာတွေ လုပ်ပေးပါလိမ့်မယ်။

          ၁ ပတ်၊ ၂ ပတ်အတွငး် သူ့အလိုလို မသက်သာဘူးဆိုရင်တော့ ပိုးသတ်ဆေးတွေ၊ ချောင်းဆိုးပျောက်ဆေးတွေ၊ ပန်းနာရင်ကြပ်ဆေးတွေ စသဖြင့် သောက်ဖို့ လိုနိုင်တယ်။ နာတာရှည် အဆုတ်ပြွန်ရောင်သူတွေမှာတော့ ရေရှည်ကုထုံးတွေ လိုနိုင်တယ်။ အသက်ရှူလေ့ကျင့်ခန်းတွေ၊ အသက်ရှူကုထုံးတွေဟာ တချို့တွေအတွက် အသုံးဝင်သလို တချို့တွေမှာတော့ အိမ်မှာ ရေငွေ့ပေးစက်တို့၊ အပြင်သွားရင် မျက်နှာဖုံး Mask တပ်တာတို့ လုပ်ဖို့ လိုနိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့သူတွေမှာဆိုရင် ဆေးလိပ်ဖြတ်ဖို့ လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)