အဆုတ်အိတ်ထဲ ရေအောင်းခြင်းအကြောင်း
မောင်မောင်ဟာ လွန်ခဲ့သောလများက နံရိုးကျိုးပြီးနောက်ပိုင်း ရက်ရှည်ချောင်းဆိုးခြင်းဝေဒနာ ခံစားခဲ့ရပါတယ်။ ဆေးသောက်လို့ မသက်သာတာကြောင့် သမားတော်နဲ့သွားရောက်ပြသပြီး လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ရာ အဆုတ်ထဲ ရေအောင်းနေခြင်းဖြစ်ကြောင်း သိရပါတယ်။
>> အဆုတ်အိတ်ထဲ ရေအောင်းခြင်းဆိုတာဘာလဲ?
ကျွန်ုပ်တို့ အဆုတ်နဲ့ရင်ဘတ်အခန်းကို အဆုတ်အမြှေးပါး လို့ခေါ်တဲ့ တစ်သျှူးအလွှာတစ်ထပ်ဖြင့် ကာရံပေးထားပါတယ်။ ထိုအလွှာလေး ချောမွေ့စွာ လှုပ်ရှားမှု ပြုလုပ်နိုင်ဖို့အတွက် ကိုယ်ခန္ဓာကနေ ချောဆီများ သဘာဝအတိုင်း ထုတ်လုပ်ပေးပါတယ်။ ကိုယ်ခန္ဓာနေ အရည်များ လိုတာထက် ပိုမိုထုတ်လုပ်ပေးခြင်းကြောင့် ထိုအလွှာထဲတွင် ရေများစုပုံရာကနေ အဆုတ်တွင်းရေအောင်းခြင်း ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။
>> ရောဂါလက္ခဏာများ
● ရင်ဘတ်အောင့်ခြင်း
● ချောင်းဆိုးခြင်း
● ချောင်းဆိုးစဉ်၊ အသက်ပြင်းပြင်းရှူစဉ် ရင်ထဲက စူးအောင့်ခြင်း
● ဖျားခြင်း
● အသက်ရှူမဝခြင်း
● အသက်ရှူမြန်ခြင်း
● ရင်ဝမ်းခြားကြွက်သားကို ဆွသလိုဖြစ်ခြင်းကြောင့် ကြို့ထိုးခြင်း
>> ဘယ်လိုလူတွေမှာ ပိုဖြစ်နိုင်သလဲ?
● အဆုတ်ထိခိုက်ဒဏ်ရာရဖူးသူများ
● နံရိုးကျိုးထားသူများ
● အဆုတ်တွင်းပိုးဝင်သူများ
● အဆုတ်နားတစ်ဝိုက် ထိုးသွင်းခွဲစိတ်မှု ပြုလုပ်ထားသူများ
● နှလုံးအလုပ်မလုပ်သူများ
● အဆုတ်သွေးကြော ဖိအားပြောင်းလဲစေသော ရောဂါရှိနေသူများတွင် အဖြစ်များလေ့ရှိပါတယ်။
>> ဘယ်လိုအဖြေရှာမလဲ?
● အဆုတ်ဓာတ်မှန်ရိုက်ခြင်း
● အဆုတ် CT scan ရိုက်ခြင်း
● အဆုတ်တွင်းက အရည်ကိုယူပြီး စစ်ဆေးခြင်း
● အဆုတ် အာထရာဆောင်းရိုက်ခြင်း
>> ကုသနည်းများ
● အဆုတ်တွင်းရှိအရည်များကို အပ်ဖြင့်စုပ်ထုတ်နည်း
● ဖြစ်ပေါ်စေသောအကြောင်းရင်းကိုရှာဖွေပြီး ဆေးကုသနည်း
● ရောဂါပိုးဝင်နေပါက ပိုးသတ်ဆေးများဖြင့် ကုသခြင်း
● နှလုံး အလုပ်မလုပ်သော ရောဂါရှိပါက ဆီးဆေးများပေးခြင်း
စသည်တို့ကို ဆရာဝန်က အဖြေရှာပြီး ကုသပေးမှာ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)




























