အထာကျကျ လက်ဆေးကြမယ််
ခေါင်းအစ ခြေအဆုံး ဟိုကိုင်ဒီကိုင် ကိုင်နေတဲ့ လက်တွေမှာ ပိုးမွှားပေါင်းများစွာ ရှင်သန်ပေါက်ဖွားနိုင်ပါတယ်။
လက်တွေကို ဘယ်အချိန်မှာ စင်စင်ကြယ်ကြယ် ဆေးဖို့လိုမလဲ။
>> ဒါတွေ မလုပ်ခင် လက်ဆေးပါ။
● အစာ မပြင်ဆင်ခင်
● အစာ မစားခင်
● အနာ ဆေးမထည့်ခင်
● မျက်ကပ်မှန်တွေ မတပ်ခင်၊ မဖြုတ်ခင်
>> ဒါတွေလုပ်ပြီး လက်ဆေးပါ/
● အသားစိမ်း၊ ငါးစိမ်း ကိုင်အပြီး
● အိမ်သာ သုံးအပြီး၊ ကလေးဒိုက်ပါ လဲအပြီး
● တိရစၧာန်တွေနဲ့ ဆော့ကစားအပြီး
● နှာခေါင်းကိုင်အပြီး
● ချောင်းဆိုး၊ နှာချေအပြီး
● အမှိုက်ပစ်ပြီးတဲ့အခါ
● အခြားသူတွေနဲ့ လက်ဆွဲနှုတ်ဆက်ပြီးတဲ့အခါ
>> လက်ကို သေသေချာချာ ဘယ်လိုဆေးမလဲ?
● စီးကျနေတဲ့ ရေပန်းအောက်မှာ လက်ကို ထားပါ။
● ဆပ်ပြာထည့်ပါ။
● စက္ကန့် ၂၀ ခန့် ပွတ်တိုက်ပါ။
● လက်ဖမိုး၊ လက်ဖဝါး၊ လက်ချောင်းအကြား၊ လက်သည်းတွေအောက် အပါအ၀င် ပွတ်တိုက် ရေဆေးချပါ။
● လက်ကို သန့်ရှင်းတဲ့ပဝါနဲ့ ပွတ်သပ်ခြောက်သွေ့ပါစေ။
● သာမန်ဆပ်ပြာဆိုရင် လုံလောက်ပါပြီ။ ဘက်တီးရီးယား သေစေတယ်လို့ ယူဆတဲ့ ဆပ်ပြာတွေ မလိုပါဘူးနော်။
● လက်သန့်စင်ဂျယ်လ်တွေ သုံးတဲ့အခါ လက်ဝါးနှစ်ဖက်လုံး ပွတ်တိုက် ခြောက်သွေ့ပါစေ။
● ကလေးတွေကိုလည်း မကြာခဏ လက်ဆေးခိုင်းပါ။
● သူတို့လေးတွေဟာ အမြဲဆော့ကစားတာကြောင့် လက်ဆေးဖို့ ပိုမိုလိုအပ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























