အထိုင်များခြင်းကြောင့် ဘ၀သက်တမ်းတိုစေနိုင်
အထိုင်များခြင်းဟာ အ၀လွန်ခြင်း၊ အမျိုးအစား (၂)ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ အရွယ်မတိုင်မီ သေဆုံးခြင်း၊ သွေးတွင်း ကိုလက်စထရောများခြင်း၊ သွေးတွင်းသကြားဓာတ်များခြင်း တို့ဖြစ်စေနိုင်ပြီး သွေးထဲမှာ ပုံမှန်ရှိသင့်တဲ့ သကြားဓာတ်ပမာဏကို ထိန်းချုပ်ပေးခြင်း၊ သွေးဖိအားပုံမှန်ဖြစ်စေခြင်း၊ ခန္ဓာကိုယ်ရှိအဆီပိုတွေကို ဖြိုခွဲပေးခြင်း အစရှိတဲ့ လုပ်ငန်းစဉ်တွေကို နှေးကွေးစေနိုင်ပါတယ်။ ဒါ့အပြင် ဆီးချို ရောဂါဖြစ်နိုင်ချေ ၁၁၂ ရာခိုင်နှုန်း၊ နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်နိုင်ချေ ၁၄၇ ရာခိုင်နှုန်းရှိပြီး နှလုံးရောဂါကြောင့် သေဆုံးနိုင်ချေ ၉၀ ရာခိုင်နှုန်းရှိကာ အခြားသော ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကြောင့် သေဆုံးနိုင်ချေ ၄၉ ရာခိုင်နှုန်းမြင့်မားပါတယ်။ သို့ဖြစ်ရာ ကြာကြာထိုင်တဲ့ အချိန်တွေကို လျှော့ချသင့်ပြီး တစ်နေ့တာမှာ မိနစ် ၃၀ ကြာ ကိုယ်လက်လှုပ်ရှားမှုရှိစေသင့်ပါတယ်။ ကွန်ပျူတာအသုံးပြုပြီး အလုပ်လုပ်ရသူ ရုံး၀န်ထမ်းတွေအနေနဲ့ လည်း နှစ်နာရီကြာတိုင်း ၁၀ မိနစ် အနားပေးကာ လမ်းထလျှောက်ပေးသင့်ပါတယ်။
Mg Hlaing Thwin






























