အထိုင််များခြင်းဟာ စိတ်ကျရောဂါဖြစ်စေနိုင်တဲ့ အန္တရာယ်သစ်ဖြစ်ကြောင်းတွေ့ရှိ
တရုတ်နိုင်ငံမှ သုတေသန ပညာရှင်တွေအနေနဲ့ အထိုင်များခြင်းကြောင့့်ဖြစ်စေတဲ့ ရောဂါနဲ့ ပတ်သက်ပြီး လေ့လာစမ်းသပ်မှုပြုလုပ်ခဲ့ရာ တီဗွီကြည့်ချိန်များသူတွေဟာ စိတ်ကျရောဂါဖြစ်နိုင်ချေ ၁၃ ရာခိုင်နှုန်းရှိပြီး ကွန်ပျူတာရှေ့မှာ ကြာကြာထိုင်သူတွေအနေနဲ့ စိတ်ကျရောဂါဖြစ်နိုင်ချေ ၂၂ ရာခိုင်နှုန်းမြင့်မားကြောင်း တွေ့ရှိခဲ့ ရပါတယ်။ ဒါ့အပြင် အထိုင်များခြင်းဟာ အမျိုးအစား (၂) ဆီးချို သွေးချို ရောဂါ၊ နှလုံးရောဂါ ဖြစ်စေတဲ့ အန္တရာယ်တစ်ရပ်ဖြစ်ကြောင်းကိုလည်း လေ့လာမှုအရ သိရှိခဲ့ရပါတယ်။
ကြာကြာထိုင်သူတွေအနေနဲ့ ဦးနှောက်စွမ်းဆောင်ရည်လျော့ကျခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ အထီးကျန် ခြင်းတို့ကြောင့် စိတ်ကျရောဂါဖြစ်စေနိုင်ပြီး နှလုံးရောဂါနဲ့ ဆီးချိုရောဂါကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ အ၀လွန်ခြင်းကိုပါ ဖြစ်စေနိုင်ကြောင်း လေ့လာမှုအရ ဖော်ပြခဲ့တဲ့အပြင် ယင်းရောဂါလက္ခဏာတွေဖြစ်ခြင်းမှ အထိ ရောက်ဆုံးကာကွယ်နိုင်တဲ့ နည်းလမ်းက ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းဖြစ်ကြောင်းကိုလည်း သုတေသနပညာ ရှင်တွေရဲ့အဆိုအရ သိရှိခဲ့ရပါတယ်။
Cho Thet






























