အနာရွတ်အဟောင်းတွေ ပျောက်ကင်းအောင် ဘယ်လိုလုပ်ကြမလဲ
တချို့ကျတော့လည်း ကိုယ့်မှာ အနာရွတ်တွေရှိနေတာ ဘာမှမဖြစ်ပေမယ့် တချို့တွေကျတော့ အနာရွတ်တွေက ရုပ်ဆိုးလို့ အနာရွတ်မရှိဘဲ ပျောက်ချင်ကြပါတယ်။
အနာရွတ်အဟောင်း ပျောက်ချင်တယ်ဆိုရင်တော့ အနာရွတ်ဆိုတာ ဘာလဲဆိုတာနဲ့ ပျောက်ချင်တာက ဘာအနာရွတ်အမျိုးအစားလဲဆိုတာကို သိဖို့လိုပါတယ်။
ထိခိုက်ဒဏ်ရာ တစ်ခုခုရပြီးသွားရင် အနာကျက်တဲ့သဘာဝဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အမာရွတ် ဖြစ်လာပါတယ်။ အရေပြားရဲ့ ဒုတိယအလွှာ ပျက်စီးပြီးတော့ ဒါကိုပြန်ပြင်ဖို့အတွက် collagen fibers တွေ ပေါ်လာပြီးနောက်မှာ အနာရွတ်ထင်စေပါတယ်။
● အများအားဖြင့်တော့ အနာကျက်မြန်လေလေ collagen စုပုံတာ နည်းပြီးတော့ အနာရွတ်ထင်တာလည်း နည်းပါတယ်။
● အနာရွတ်ထင်တာ များ၊ မများဆိုတာက ထိခိုက်ဒဏ်ရာ ပြင်းထန်မှုအပေါ် မူတည်ပါတယ်။
● ခန္ဓာကိုယ်အစိတ်အပိုင်း အမျိုးမျိုးမှာဖြစ်တဲ့ အနာရွတ်တွေမတူကြပါဘူး။
● ဒါ့အပြင် အသက်အရွယ်ပေါ် လိုက်ပြီးတော့လည်း အနာရွတ်ပုံစံတွေ မတူပြန်ပါဘူး။ အနာရွတ်အမျိုးမျိုး ရှိပါတယ်။
>> အနာရွတ်တွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်း (၈) မျိုး
● ရှားစောင်းလက်ပတ်
1. ရှားစောင်းလက်ပတ်ရဲ့ အပြင်ခွံကိုခွာပြီးတော့ အတွင်းက အနှစ်လေးတွေကို ခြှစ်ထုတ်ပါ။
2. ရှားစောင်းလက်ပတ် အနှစ်လေးကို အမာရွတ်ပေါ်မှာ စက်ဝိုင်းပုံစံ ပွတ်လိမ်းပါ။
3. နာရီဝက်လောက်ကြာရင် ရေအေးအေးလေးန ဲ့ဆေးချပါ။
4. တစ်နေ့ နှစ်ကြိမ် လိမ်းပေးပါ။
● ပျားရည်
1. အိပ်ရာမဝင်ခင်မှာ အနာရွတ်ကို ပျားရည် လိမ်းပေးပြီး ပတ်တီးလေး စည်းထားပေးပြီး တစ်ညလုံး ထားထားပါ။
2. မနက်ရောက်တဲ့အခါမှာ ပတ်တီးကို ဖယ်လိုက်ပြီးတော့ ရေနွေးနွေးလေးနဲ့ ပျားရည်တွေကို ဆေးချပါ။
3. ညတိုင်း လုပ်ပေးပါ။
● အုန်းဆီ
1. အုန်းဆီ စားပွဲတင်ဇွန်း အနည်းငယ်ကို အပူပေးပါ။
2. အနာရွတ်ပေါ်ကို ၁၀ မိနစ်လောက် ပွတ်ပြီး လိမ်းပေးပါ။
3. တစ်နာရီလောက် ထားလိုက်ပါ။
4. ဒါကို တစ်နေ့ကို ၂ ကြိမ်ကနေ ၄ ကြိမ်အထိ နေ့တိုင်းလုပ်ပေးပါ။
● Apple cider vinegar (ပန်းသီးရှာလကာရည်)
1. ပေါင်းခံရေ စားပွဲတင်ဇွန်း ၄ ဇွန်းကို apple cider vinegar စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရောစပ်ပါ။
2. ဒီထဲကို ဂွမ်းလုံးလေး ထည့်ပြီးတော့ ဒီဂွမ်းလုံးနဲ့ အမာရွတ်ပေါ်ကို ပွတ်လိမ်းပေးပါ။
3. ပြီးရင် ခြောက်သွားပါစေ။
4. ညတိုင်း အိပ်ရာမဝင်ခင်မှာ ဒီလိုလိမ်းပေးပြီးတော့ မနက်မှာ ဆေးကြောသန့်စင်ပါ။
Bio-Oil 1

● သံပရာသီး
1. လတ်ဆတ်တဲ့ သံပရာသီးတစ်စိတ်ကို လှီးပြီးတော့ အမာရွတ်ပေါ်မှာ ညင်သာစွာ ပွတ်တိုက်ပေးပါ။ ပွတ်တိုက်နေတုန်းမှာ သံပုရာရေတွေကို အမာရွတ်ပေါ်ကို ညှစ်ချပေးပါ။
2. ၁၀ မိနစ်လောက် ထားပြီးတော့ ရေအေးနဲ့ ဆေးချပါ။
3. နေ့တိုင်း လုပ်နေကျအချိန်မှာ လုပ်ပေးပါ။
● အာလူး
1. အာလူးကို မထူမပါး အနေတော် အချပ်လေးတွေ လှီးဖြတ်ပါ။
2. အာလူးချပ်လေးတွေကို အမာရွတ်ပေါ်မှာ စက်ဝိုင်းပုံစံပွတ်ပြီး လိမ်းပေးပါ။
3. အာလူးချပ်လေးတွေ ခြောက်စပြုလာပြီဆိုရင် ဒါကို လွှင့်ပစ်လိုက်ပြီး နောက်တစ်ချပ်နဲ့ ပွတ်ပါ။
4. မိနစ် ၂၀ လောက် ပွတ်ပေးပြီးတော့ ၁၀ မိနစ်လောက် အခြောက်ခံထားပါ။
5. ပြီးရင် ရေအေးနဲ့ ဆေးပါ။
6. တစ်နေ့ကို တစ်ကြိမ် လုပ်ပေးပါ။
● မုန့်ဖုတ်ဆိုဒါ
1. မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းကို ပျစ်ပျစ်လေးဖြစ်တဲ့အထိ ပေါင်းခံရေနဲ့ ရောလိုက်ပါ။
2. အမာရွတ်ကို ပေါင်းခံရေနဲ့ စိုအောင်လုပ်ပြီးတော့ အခုနရောထားတာလေး လိမ်းပေးပါ။
3. ၁၅ မိနစ်လောက် ထားပြီးတော့ ရေဆေးချပါ။
4. ၁ ရက်ခြားတစ်ခါ လုပ်ပေးပါ။
● Bio-Oil
အပေါ်ကနည်းလမ်းတွေသုုံးဖိုု့ ရှုပ်တယ်ဆိုုရင် လွယ်ကူတဲ့နည်းလေး ပြောပြပါမယ်နော်။
1. အနာရွတ်နေရာကိုု Bio-Oil နေ့စဉ် လိမ်းပေးပါ။
2. ရေဆေးချစရာလည်း မလိုုပါဘူး။
3. ရေရှည်စွဲသုုံးပေးမယ်ဆိုုရင် အနာရွတ်တွေ သက်သာလျော့ပါးလာမယ့်အပြင် အသားအရေပါ စိုုပြည်လှပလာပါလိမ့်မယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Bio-Oil 2

(Zawgyi)
တခ်ိဳ႕က်ေတာ့လည္း ကိုယ့္မွာ အနာရြတ္ေတြရွိေနတာ ဘာမွမျဖစ္ေပမယ့္ တခ်ိဳ႕ေတြက်ေတာ့ အနာရြတ္ေတြက ႐ုပ္ဆိုးလို႔ အနာရြတ္မရွိဘဲ ေပ်ာက္ခ်င္ၾကပါတယ္။
အနာရြတ္အေဟာင္း ေပ်ာက္ခ်င္တယ္ဆိုရင္ေတာ့ အနာရြတ္ဆိုတာ ဘာလဲဆိုတာနဲ႔ ေပ်ာက္ခ်င္တာက ဘာအနာရြတ္အမ်ိဳးအစားလဲဆိုတာကို သိဖို႔လိုပါတယ္။
ထိခိုက္ဒဏ္ရာ တစ္ခုခုရၿပီးသြားရင္ အနာက်က္တဲ့သဘာဝျဖစ္စဥ္ရဲ့ တစ္စိတ္တစ္ပိုင္းအေနနဲ႔ အမာရြတ္ ျဖစ္လာပါတယ္။ အေရျပားရဲ့ ဒုတိယအလႊာ ပ်က္စီးၿပီးေတာ့ ဒါကိုျပန္ျပင္ဖို႔အတြက္ collagen fibers ေတြ ေပၚလာၿပီးေနာက္မွာ အနာရြတ္ထင္ေစပါတယ္။
● အမ်ားအားျဖင့္ေတာ့ အနာက်က္ျမန္ေလေလ collagen စုပုံတာ နည္းၿပီးေတာ့ အနာရြတ္ထင္တာလည္း နည္းပါတယ္။
● အနာရြတ္ထင္တာ မ်ား၊ မမ်ားဆိုတာက ထိခိုက္ဒဏ္ရာ ျပင္းထန္မႈအေပၚ မူတည္ပါတယ္။
● ခႏၶာကိုယ္အစိတ္အပိုင္း အမ်ိဳးမ်ိဳးမွာျဖစ္တဲ့ အနာရြတ္ေတြမတူၾကပါဘူး။
● ဒါ့အျပင္ အသက္အရြယ္ေပၚ လိုက္ၿပီးေတာ့လည္း အနာရြတ္ပုံစံေတြ မတူျပန္ပါဘူး။ အနာရြတ္အမ်ိဳးမ်ိဳး ရွိပါတယ္။
>> အနာရြတ္ေတြကို ဖယ္ရွားေပးႏိုင္မယ့္ နည္းလမ္း (၈) မ်ိဳး
● ရွားေစာင္းလက္ပတ္
1. ရွားေစာင္းလက္ပတ္ရဲ့ အျပင္ခြံကိုခြာၿပီးေတာ့ အတြင္းက အႏွစ္ေလးေတြကို ျခႇစ္ထုတ္ပါ။
2. ရွားေစာင္းလက္ပတ္ အႏွစ္ေလးကို အမာရြတ္ေပၚမွာ စက္ဝိုင္းပုံစံ ပြတ္လိမ္းပါ။
3. နာရီဝက္ေလာက္ၾကာရင္ ေရေအးေအးေလးန ဲ႔ေဆးခ်ပါ။
4. တစ္ေန႔ ႏွစ္ႀကိမ္ လိမ္းေပးပါ။
● ပ်ားရည္
1. အိပ္ရာမဝင္ခင္မွာ အနာရြတ္ကို ပ်ားရည္ လိမ္းေပးၿပီး ပတ္တီးေလး စည္းထားေပးၿပီး တစ္ညလုံး ထားထားပါ။
2. မနက္ေရာက္တဲ့အခါမွာ ပတ္တီးကို ဖယ္လိုက္ၿပီးေတာ့ ေရေႏြးေႏြးေလးနဲ႔ ပ်ားရည္ေတြကို ေဆးခ်ပါ။
3. ညတိုင္း လုပ္ေပးပါ။
● အုန္းဆီ
1. အုန္းဆီ စားပြဲတင္ဇြန္း အနည္းငယ္ကို အပူေပးပါ။
2. အနာရြတ္ေပၚကို ၁၀ မိနစ္ေလာက္ ပြတ္ၿပီး လိမ္းေပးပါ။
3. တစ္နာရီေလာက္ ထားလိုက္ပါ။
4. ဒါကို တစ္ေန႔ကို ၂ ႀကိမ္ကေန ၄ ႀကိမ္အထိ ေန႔တိုင္းလုပ္ေပးပါ။
● Apple cider vinegar (ပန္းသီးရွာလကာရည္)
1. ေပါင္းခံေရ စားပြဲတင္ဇြန္း ၄ ဇြန္းကို apple cider vinegar စားပြဲတင္ဇြန္း ၂ ဇြန္းနဲ႔ ေရာစပ္ပါ။
2. ဒီထဲကို ဂြမ္းလုံးေလး ထည့္ၿပီးေတာ့ ဒီဂြမ္းလုံးနဲ႔ အမာရြတ္ေပၚကို ပြတ္လိမ္းေပးပါ။
3. ၿပီးရင္ ေျခာက္သြားပါေစ။
4. ညတိုင္း အိပ္ရာမဝင္ခင္မွာ ဒီလိုလိမ္းေပးၿပီးေတာ့ မနက္မွာ ေဆးေၾကာသန႔္စင္ပါ။
● သံပရာသီး
1. လတ္ဆတ္တဲ့ သံပရာသီးတစ္စိတ္ကို လွီးၿပီးေတာ့ အမာရြတ္ေပၚမွာ ညင္သာစြာ ပြတ္တိုက္ေပးပါ။ ပြတ္တိုက္ေနတုန္းမွာ သံပုရာေရေတြကို အမာရြတ္ေပၚကို ညႇစ္ခ်ေပးပါ။
2. ၁၀ မိနစ္ေလာက္ ထားၿပီးေတာ့ ေရေအးနဲ႔ ေဆးခ်ပါ။
3. ေန႔တိုင္း လုပ္ေနက်အခ်ိန္မွာ လုပ္ေပးပါ။
● အာလူး
1. အာလူးကို မထူမပါး အေနေတာ္ အခ်ပ္ေလးေတြ လွီးျဖတ္ပါ။
2. အာလူးခ်ပ္ေလးေတြကို အမာရြတ္ေပၚမွာ စက္ဝိုင္းပုံစံပြတ္ၿပီး လိမ္းေပးပါ။
3. အာလူးခ်ပ္ေလးေတြ ေျခာက္စျပဳလာၿပီဆိုရင္ ဒါကို လႊင့္ပစ္လိုက္ၿပီး ေနာက္တစ္ခ်ပ္နဲ႔ ပြတ္ပါ။
4. မိနစ္ ၂၀ ေလာက္ ပြတ္ေပးၿပီးေတာ့ ၁၀ မိနစ္ေလာက္ အေျခာက္ခံထားပါ။
5. ၿပီးရင္ ေရေအးနဲ႔ ေဆးပါ။
6. တစ္ေန႔ကို တစ္ႀကိမ္ လုပ္ေပးပါ။
● မုန႔္ဖုတ္ဆိုဒါ
1. မုန႔္ဖုတ္ဆိုဒါ စားပြဲတင္ဇြန္း ၂ ဇြန္းကို ပ်စ္ပ်စ္ေလးျဖစ္တဲ့အထိ ေပါင္းခံေရနဲ႔ ေရာလိုက္ပါ။
2. အမာရြတ္ကို ေပါင္းခံေရနဲ႔ စိုေအာင္လုပ္ၿပီးေတာ့ အခုနေရာထားတာေလး လိမ္းေပးပါ။
3. ၁၅ မိနစ္ေလာက္ ထားၿပီးေတာ့ ေရေဆးခ်ပါ။
4. ၁ ရက္ျခားတစ္ခါ လုပ္ေပးပါ။
● Bio-Oil
အေပၚကနည္းလမ္းေတြသံုုးဖိုု႔ ရႈပ္တယ္ဆိုုရင္ လြယ္ကူတဲ့နည္းေလး ေျပာျပပါမယ္ေနာ္။
1. အနာရြတ္ေနရာကိုု Bio-Oil ေန႔စဥ္ လိမ္းေပးပါ။
2. ေရေဆးခ်စရာလည္း မလိုုပါဘူး။
3. ေရရွည္စြဲသံုုးေပးမယ္ဆိုုရင္ အနာရြတ္ေတြ သက္သာေလ်ာ့ပါးလာမယ့္အျပင္ အသားအေရပါ စိုုျပည္လွပလာပါလိမ့္မယ္။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























