/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အနံ့ကိုအာရုံခံနိုင်စွမ်းလျော့နည်းလာခြင်းနှင့်

အနံ့ကိုအာရုံခံနိုင်စွမ်းလျော့နည်းလာခြင်းနှင့် စောစီးစွာသေဆုံးခြင်းဆက်စပ်မှုရှိပါသလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        လေ့လာမှုအသစ်များအရ အနံကိုအာရုံခံနိုင်စွမ်းလျော့ကျလာသည်နှင့်အမျှ စောစီစွာသေဆုံးနိုင်ခြေ လည်း မြင့်တက်လာတယ်လို့သိရပါတယ်။ အမေရိကန်နိုင်ငံရှိလူကြီး 3000 ကျော်ကိုလေ့လာခဲ့ကြရာ အနံခံအာရုံလျော့ကျနေသောသူများတွင် နောင်ငါးနှစ်အတွင်းသေဆုံးခြင်းမှာ အနံခံအာရုံကောင်းမွန်သော သူများထက် 3 ဆ မြင့်တက်နေတာကိုတွေ့ရပါတယ်။ ထိုရလဒ်များမှာ လူအများကြားမှာအငြင်းပွားဖွယ် ကိစ္စဖြစ်ခဲ့ပါတယ်။ အနံခံအာရုံလျော့ကျမှုကြောင့် စောစီးစွာသေဆုံးခြင်းကို တိုက်ရိုက်မဖြစ်စေသော်လည်း အနံခံအာရုံလျော့ကျ လာခြင်းသည် စိတ်ကစဥ့်ကလျားဖြစ်ခြင်း၏ ရှေ့ပြေးလက္ခဏာဖြစ်ပါတယ်။ ထို့အပြင် အနံခံနိုင်စွမ်းသည် ခန္ဓာကိုယ်ရှိပင်မ Stem cell များ၏ ပြန်လည်ပြုပြင်ခြင်းပေါ်မှာမူတည်နေတာကြောင့် အနံခံအာရုံလျော့ကျလာခြင်းဟာ ခန္ဓာကိုယ်ရဲ့ ပြန်လည်ပြုပြင်သည့် လုပ်ငန်းများချို့ယွင်းလာတာကိုဖော်ပြနေပါတယ်လို့ သုတေသီများကဆိုပါတယ်။

 

 

Dr. Htet Htet Aung

www.drmyanmar.com