/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အပူလွန်ကဲခြင်းကြောင့်-ဖြစ်လာနိုင်သော-ကျန်းမာရေးပြဿနာများ

အပူလွန်ကဲခြင်းကြောင့် ဖြစ်လာနိုင်သော ကျန်းမာရေးပြဿနာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        အပူချိန် လွန်ကဲခြင်းဟာ ဘယ်သူတစ်ဦးတစ်ယောက်အတွက်မှ မသင့်တော်ပါဘူး။ အသက်အရွယ် ကြီးရင့်သူတွေနဲ့ ကျန်းမာရေး မကောင်းသူတွေမှာ ပိုပြီးဆိုးရွားတတ်ပါတယ်။ အပူကနေ အမြန်ရှောင်ရှားတတ်ဖို့ အရေးကြီးပါတယ်။ မရှောင်နိုင်ခဲ့ရင် အပူလွန်ကဲပြီး ကယောင်ကတမ်းဖြစ်တာ၊ သတိမူးမေ့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ နှလုံးမှာ ဖိအား များလာပြီး နှလုံး မခံနိုင်တဲ့အခါ နှလုံးခုန် ရပ်သွားတတ်ပါတယ်။

          အချိန် အတော်ကြာ အပူချိန် လွန်ကဲလာတဲ့အခါ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီပြဿနာတွေကို စုပေါင်းပြီး အပူလွန်ကဲရောဂါများ Hyperthermia လို့ ခေါ်ပါတယ်။

 

1.      အပူလွန်ကဲမှုကြောင့် မူးဝေခြင်း

          အပူထဲ အချိန်ကြာ လှုပ်ရှားသွားလာတဲ့အခါ ရုတ်တရက် မူးဝေလာတတ်ပါတယ်။ Beta Blocker လို့ခေါ်တဲ့ နှလုံးဆေး သောက်ထားသူတွေနဲ့ အပူဒဏ်ကို မခံနိုင်သူတွေမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။ အေးမြတဲ့နေရာမှာ နားနေပြီး ခြေထောက်ကို မြှောက်တင်ထားပါ။ မူးဝေမှုကို သက်သာစေဖို့အတွက် ရေများများ သောက်ပါ။

 

2.      အပူကြောင့် ကြွက်တက်ခြင်း

          နွေပူပူမှာ လှုပ်လှုပ်ရှားရှား လုပ်တဲ့အခါ ဗိုက်ကြွက်သားတွေ၊ လက်နဲ့ခြေထောက် ကြွက်သားတွေ ကြွက်တက်ပြီး နာကျင်လာတတ်ပါတယ်။ ခန္ဓာကိုယ် အပူချိန်နဲ့ နှလုံးခုန်နှုန်း ပုံမှန်အတိုင်း ရှိနေပေမယ့် အရေပြားကတော့ စိုစွတ်ပြီး အေးနေတတ်ပါတယ်။ အေးတဲ့နေရာမှာ ခဏနားနေသင့်ပါတယ်။ ကော်ဖီနဲ့ အရက်မပါတဲ့ အရည်များများ သောက်ပေးပါ။

 

3.      အပူလွန်ကဲခြင်းကြောင့် ဖောလာခြင်း

          အပူလွန်ကဲလာတဲ့ခါ ခြေဖမိုးနဲ့ ခြေချင်းဝတ်တွေ ဖောရောင်လာတတ်ပါတယ်။ ခြေထောက်ကို မြှောက်တင်ထားခြင်းက သက်သာစေနိုင်ပါတယ်။ မသက်သာခဲ့ရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။

 

4.      အပူလွန်ကဲပြီး အားအင်ကုန်ခန်းခြင်း

          ဒီအဆင့် ရောက်လာတဲ့အခါ ကိုယ်ခန္ဓာက အပူဒဏ်ကို လုံးဝမခံနိုင်တော့ပါဘူး။ ရေ အလွန်ဆာလာခြင်း၊ မူးဝေလာခြင်း၊ အားအင် နည်းပါးလာခြင်း၊ ပျို့ချင် အန်ချင် ဖြစ်လာခြင်းစတဲ့ လက္ခဏာရပ်တွေကို ခံစားရလာနိုင်ပါတယ်။ ကိုယ်ခန္ဓာအပူချိန်က ပုံမှန်အတိုင်း ရှိနေနိုင်ပေမယ့် တစ်ကိုယ်လုံး အေးစက်တုန်ရင်နေတတ်ပါတယ်။ အချို့တွေမှာ နှလုံးခုန်နှုန်း မြန်နေတတ်ပါသေးတယ်။ ဒီလိုဖြစ်လာခဲ့ရင် အေးတဲ့နေရာမှာ နားနေပြီး ရေများများ သောက်သင့်ပါတယ်။ မသက်သာခဲ့ရင် အရေးပေါ်ကို ပြေးသင့်ပါတယ်။ ဒီလို အပူလွန်ကဲပြီး အားအင်ကုန်ခန်းတဲ့အဆင့်ကနေ အပူလျှပ်တဲ့အဆင့်အထိ ရောက်နိုင်တာကြောင့် မပေါ့ဆဖို့ သတိထားသင့်ပါတယ်။

 

၅။  အပူလျှပ်ခြင်း

 

Dr. Mya Phoo Ngon (www.drmyanmar.com)