အပြောင်းအလဲတွေကို ကျော်ဖြတ်နိုင်ဖို့
လူ့ဘဝကြီးမှာ အသေချာဆုံးအရာက အရာရာဟာ ပြောင်းလဲနေတယ်ဆိုတဲ့ အချက်တစ်ချက်ပါ။ အမြဲပြောင်းလဲနေတယ်ဆိုပေမယ့် အမြဲအဆင်သင့် ရှိနေတာတော့လည်း မဟုတ်ပြန်ဘူးပေါ့။ ဒီတော့ ဒီလိုအပြောင်းအလဲ ကြီးကြီးမားမား ကြုံတွေ့လာတဲ့အခါ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာ ကြည့်ကြည့်ကြရအောင်ပါ။
၁။ အရာရာဟာ ပြောင်းလဲနေတယ်ဆိုတာ လက်ခံပါ။
လူတွေဟာ တစ်ခါတလေ အပြောင်းအလဲကို လက်မခံနိုင်ဘဲ အတင်းငြင်းဆန်နေတတ်လေ့ရှိကြတယ်။ ဒါပေမယ့် ရဲရဲဝံ့ဝံ့လက်ခံပြီး “အရာရာဟာ ပြောင်းလဲနေတယ် ... ဒါပုံမှန်ပဲ ... လူတိုင်းလည်း ဒီလို အပြောင်းအလဲနဲ့ ကြုံရတာပဲ ... ငါ့ကျမှဖြစ်တာ မဟုတ်ဘူး ... ဘာမှမဖြစ်ဘူး” ဆိုတာကို ကိုယ့်ကိုယ်ကို ပြန်သတိပေး ပေးဖို့ လိုပါတယ်။ အတင်းငြင်းပယ်နေတာထက်စာရင် ခံစားရသက်သာပါတယ်။
၂။ ကောင်းသောပြောင်းလဲမှုတွေကလည်း စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပါတယ်။
ဘွဲ့ရတာ၊ ကလေးရတာ စတဲ့ ကောင်းသောပြောင်းလဲခြင်းတွေမှာလည်း စိတ်ဖိစီးမှုတွေ ရှိနေပါသေးတယ်။ စိတ်ဖိစီးမှုဆိုတာ အပြောင်းအလဲတိုင်းအပေါ် ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုတစ်ခုပါပဲ။ ဒီလိုကောင်းသောအပြောင်းအလဲကိုတောင် စိတ်ဖိစီးမှုရှိနေတာဟာလည်း ပုံမှန်တုံ့ပြန်မှုဆိုတာ သိထားပါ။
၃။ ကိုယ့်လုပ်ရိုးလုပ်စဉ်ကို မပစ်ပယ်ပါနဲ့။
အပြောင်းအလဲများနေလေလေ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေကို ပိုလုပ်သင့်လေပါပဲ။ မနက် 7 နာရီတိုင်း လမ်းလျှောက်တာမျိုး လုပ်ရိုးလုပ်စဉ်တွေလုပ်ပေးခြင်းက အရာရာတိုင်းက ပြောင်းလဲသွားတာတော့ မဟုတ်ဘူး။ တချို့အရာတွေကတော့ မပြောင်းမလဲရှိနေတာပဲဆိုပြီး ဦးနှောက်ကို စိတ်သက်သာရာရစေပါတယ်။ တစ်ခါတလေ အပြောင်းအလဲတွေ အရမ်းများနေရင် လုပ်နေကျလေးတွေကို ချရေးပြီးပြီးတိုင်း အမှတ်ခြစ်ပေးပါ။ ဦးနှောက်က မှတ်ထားရတာတွေကို လျော့ပါးစေပါတယ်။
၄။ ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် စားပေးပါ။
အပြောင်းအလဲတွေ များလာတဲ့အခါ လူတွေဟာ ပေါင်မုန့်၊ ကိတ်မုန့်စတဲ့ ကစီဓာတ်များတာတွေ စား ချင်တတ်ကြပါတယ်။ ဒီလိုကစီဓာတ်တွေက စိတ်ဖိစီးတဲ့အခါ လျော့နည်းသွားတတ်တဲ့ စီရိုတိုနင်ဓာတ်တွေကို ထွက်လာစေနိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုအစားအသောက်နဲ့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်တာ ကောင်းတော့ကောင်းပါတယ်။ အနည်းအကျဉ်းဆိုရင်ပေါ့။ ကိုယ် ဘာတွေစားမိနေလဲသိချင်ရင် အကောင်းဆုံးက ချမှတ်ထားဖို့ပါ။ စာအုပ်နဲ့ပဲဖြစ်ဖြစ်၊ ဖုန်းအက်ပလီကေးရှင်းနဲ့ပဲဖြစ်ဖြစ်ပါ။ ကိုယ် ဘာစားမိနေလဲဆိုတာ ချရေးလိုက်မိရင် နည်းနည်းတွန့်ဆုတ်သွားပြီး နောက်တစ်ခု ဆက်စားသင့်/မသင့် တွေဝေသွားနိုင်ပါတယ်။
၅။ လေ့ကျင့်ခန်း ပြုလုပ်ပါ။
လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်တယ်ဆိုတာကလည်း လုပ်ရိုးလုပ်စဉ် မှန်မှန်လုပ်ဆိုတဲ့အပေါ်က အချက်ကိုလည်း ထောက်ခံနေပါတယ်။ နဂိုက လေ့ကျင့်ခန်းလုပ်ကျင့် မရှိရင်လည်း စလုပ်ကြည့်ပါ။ တစ်ပတ်ကို ၂ ကြိမ်၊ ၃ ကြိမ်လောက် လေ့ကျင့်ခန်းပြုလုပ်ပေးတာက စိတ်ဓာတ်ကျတာကို တော်တော်သက်သာစေနိုင်ကြောင်း သိရပါတယ်။ လမ်းတစ်ပတ်လောက် လျှောက်လိုက်ရတာနဲ့တင် စိတ်တော်တော် သက်သာစေနိုင်ပါတယ်။ သိပ်အလုပ်များတယ်ဆိုရင် လေ့ကျင့်ခန်းကြီးရယ်လို့ သတ်သတ်မှတ်မှတ်ကြီး လုပ်နေစရာမလိုပါဘူး။ အပြင်ထွက်ပြီးသာ လှုပ်လှုပ်ရှားရှား လုပ်ကြည့်ပါ။ လှုပ်ရှားနေတဲ့အခါ စိတ်အားတွေ ပြန်တက်လာတာကို တွေ့ရပါလိမ့်မယ်။
၆။ အကူအညီအထောက်အပံ့ တောင်းခံပါ။
ဘယ်သူမှာ ဘဝကြီးကို တစ်ယောက်တည်း မဖြတ်သန်းနိုင်ပါဘူး။ အကူအညီတောင်းဖို့ ဝန်မလေးပါနဲ့။ အကူအညီတောင်းတယ်ဆိုတာ ကိုယ့်အခြေအနေအမှန်ကို သဘောပေါက်နားလည်ကြောင်း ပြနေတာပါ။ ကိုယ်နဲ့ ရင်းနှီးသူတွေ၊ မိသားစုဝင်တွေဆီကနေ တောင်းခံပါ။ အပြင်မှာ တစ်ခုခု သွားလုပ်စရာရှိလို့ ခဏအနားယူဖို့ လိုအပ်နေလို့ မိဘတွေဆီမှာ ကလေး ခဏအပ်ခဲ့တာမျိုးပေါ့။
Enervon-C Adult 1

၇။ ဒီလိုအပြောင်းအလဲတွေကနေ ရရှိလာတဲ့ကောင်းတဲ့အချက်တွေကို ချရေးထားပါ။
ဒီလိုပြောင်းလဲမှုတွေကြောင့် မိတ်ဆွေအသစ်တွေနဲ့ ရင်းနှီးခွင့်ရတာပဲဖြစ်ဖြစ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အကျင့်ကောင်းတွေ မွေးမြူလာနိုင်တာပဲဖြစ်ဖြစ်၊ နိုင်ငံရေးမှာပိုပြီး ပါဝင်လှုပ်ရှားလာနိုင်တာပဲဖြစ်ဖြစ်၊ ဘဝအတွက် အရေးပါတဲ့အရာတွေကို ပိုလုပ်လာနိုင်တာပဲဖြစ်ဖြစ်ပေါ့။ ပြောင်းလဲမှုကြောင့် ပိုမိုကြီးထွား ဖွံ့ဖြိုးနိုင်ခွင့်တွေ ရရှိလာနိုင်ပြီး အရာရာ ပိုကောင်းမွန်လာကြောင်း တွေ့လာရမှာပါ။
၈။ ကြိုတင်ပြင်ဆင်လုပ်ဆောင်ပါ။
ကြိုတင်ပြင်ဆင်တယ်ဆိုတာ တစ်ခုခု မဖြစ်ခင်ကတည်းက ကြိုတင်ပြီးလုပ်သင့်တာတွေ လုပ်ထားတာ၊ ကိုယ်ကိုယ်နှိုက်က တာဝန်ယူ လုပ်ကိုင်ထားတာကို ဆိုလိုပါတယ်။ တစ်ခုခုဖြစ်မှထလုပ်ပြီး တုံ့ပြန်တာမျိုး မဟုတ်ဘူးပေါ့။
၉။ စိတ်ညစ်တာတွေကို အတိုင်းအတာတစ်ခုအထိ ဖွင့်ဟတိုင်ပင်ပါ။
အချင်းချင်း စိတ်ညစ်စရာတွေ ဝေမျှဖွင့်ဟတိုင်ပင်နိုင်တဲ့ အသင်းအဖွဲ့တစ်ခုရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ အတိုင်းအတာတစ်ခုအထိပေါ့။ စိတ်ညစ်တာတွေချည်း အချင်းချင်းပြောနေတော့လည်း အပူတွေ ကူးစက်ပြီး ပိုစိတ်ညစ်လာတတ်ပါတယ်။ ဒါကြောင့် စကားဝိုင်းကို ဖြေရှင်းနည်းဘက်ကို ဦးတည်ပေးပါ။ လူတွေ အတူတူစုပြီး စဉ်းစားရင် မျှော်လင့်ချက်ဆိုတာလည်း ကူးစက်နိုင်ပါတယ်။
၁ဝ။ လူမှုကွန်ရက်တွေကို ဝေးဝေးရှောင်ပါ။
အပြောင်းအလဲတစ်ခုခု ကြုံတဲ့အခါ လူမှုကွန်ရက်မှာတက်ပြီး ရင်ဖွင့်လေ့ရှိကြပါတယ်။ ဒီလိုမတင်ခင်မှာ ကိုယ့်စိတ်ဟာ တည်ငြိမ်နေရဲ့လားဆိုတာနဲ့၊ ကိုယ်တင်လိုက်တာဟာ မပျောက်မပျက်ရှိနေတယ်ဆိုတာ သိထားဖို့လိုပါတယ်။ နောက်ပြီးတော့ ဆိုရှယ်မီဒီယာတွေပေါ်မှာရှိတဲ့ အပေါင်းအသင်းတွေ တင်ထားတာတွေကြည့်ပြီး ကိုယ်နဲ့နှိုင်းရင် စိတ်ဓာတ်ကျနေတတ်ပါလိမ့်မယ်။ မှတ်ထားဖို့က လူတွေဆိုတာ ကိုယ့်အခက်အခဲတွေထက်စာရင် ကိုယ့်ဘဝရဲ့ ပျော်စရာတွေကိုသာ ဆိုရှယ်မီဒီယာတွေမှာ တင်တတ်ကြပါတယ်။ လူတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့တိုက်ပွဲတွေ ကိုယ်စီတိုက်နေကြရတာပါ။ ဒါကြောင့် သူများတွေတင်နေတာ ကြည့်ကြည့်ပြီး နှိုင်းယှဉ်မိနေပြီဆိုရင် ဆိုရှယ်မီဒီယာတွေကို ခဏရှောင်ခွာနေလိုက်ပါ။
နောက်ဆုံးအနေနဲ့ကတော့ ကိုယ့်ကိုယ်ကို အနားပေးပါ။ အပြောင်းအလဲတွေ ဖြစ်လာတဲ့အခါ နည်းနည်းကသီလင်တဖြစ်တတ်ကြပါတယ်။ ကိုယ်မျှော်လင့်သလောက် မလုပ်နိုင်ဘူးလို့လည်း ကိုယ့်ကိုယ်ကိုထင်မြင်လာ တတ်ကြပါသေးတယ်။ လူဆိုတာကိုယ်စွမ်းသလောက်ပဲ လုပ်နိုင်ကြတာပါ။ အချိန်တိုင်း ၁ဝဝ% လုပ်နိုင်ရမယ် လို့မဆိုပါဘူး။ လူတိုင်း အမှားလုပ်မိတတ်ကြပါတယ်။ လုပ်မိတဲ့အမှားကနေ ပြန်လည်သင်ယူနိုင်၊ မနိုင်ဆိုတာက အရေးကြီးတာပါ။ အခုချိန် အမှားတွေ၊ အခက်အခဲတွေဆိုတာ နောင်တစ်ချိန်မှာ ရယ်စရာမောစရာ ဖြစ်လာမှာပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
Enervon-C Adult 2

(Zawgyi)
လူ႔ဘဝႀကီးမွာ အေသခ်ာဆုံးအရာက အရာရာဟာ ေျပာင္းလဲေနတယ္ဆိုတဲ့ အခ်က္တစ္ခ်က္ပါ။ အၿမဲေျပာင္းလဲေနတယ္ဆိုေပမယ့္ အၿမဲအဆင္သင့္ ရွိေနတာေတာ့လည္း မဟုတ္ျပန္ဘူးေပါ့။ ဒီေတာ့ ဒီလိုအေျပာင္းအလဲ ႀကီးႀကီးမားမား ႀကဳံေတြ႕လာတဲ့အခါ ဘယ္လိုရင္ဆိုင္ေက်ာ္ျဖတ္ၾကမလဲဆိုတာ ၾကည့္ၾကည့္ၾကရေအာင္ပါ။
၁။ အရာရာဟာ ေျပာင္းလဲေနတယ္ဆိုတာ လက္ခံပါ။
လူေတြဟာ တစ္ခါတေလ အေျပာင္းအလဲကို လက္မခံႏိုင္ဘဲ အတင္းျငင္းဆန္ေနတတ္ေလ့ရွိၾကတယ္။ ဒါေပမယ့္ ရဲရဲဝံ့ဝံ့လက္ခံၿပီး “အရာရာဟာ ေျပာင္းလဲေနတယ္ ... ဒါပုံမွန္ပဲ ... လူတိုင္းလည္း ဒီလို အေျပာင္းအလဲနဲ႔ ႀကဳံရတာပဲ ... ငါ့က်မွျဖစ္တာ မဟုတ္ဘူး ... ဘာမွမျဖစ္ဘူး” ဆိုတာကို ကိုယ့္ကိုယ္ကို ျပန္သတိေပး ေပးဖို႔ လိုပါတယ္။ အတင္းျငင္းပယ္ေနတာထက္စာရင္ ခံစားရသက္သာပါတယ္။
၂။ ေကာင္းေသာေျပာင္းလဲမႈေတြကလည္း စိတ္ဖိစီးမႈကို ျဖစ္ေစႏိုင္ပါတယ္။
ဘြဲ႕ရတာ၊ ကေလးရတာ စတဲ့ ေကာင္းေသာေျပာင္းလဲျခင္းေတြမွာလည္း စိတ္ဖိစီးမႈေတြ ရွိေနပါေသးတယ္။ စိတ္ဖိစီးမႈဆိုတာ အေျပာင္းအလဲတိုင္းအေပၚ ခႏၶာကိုယ္ရဲ႕တံု႔ျပန္မႈတစ္ခုပါပဲ။ ဒီလိုေကာင္းေသာအေျပာင္းအလဲကိုေတာင္ စိတ္ဖိစီးမႈရွိေနတာဟာလည္း ပုံမွန္တံု႔ျပန္မႈဆိုတာ သိထားပါ။
၃။ ကိုယ့္လုပ္႐ိုးလုပ္စဥ္ကို မပစ္ပယ္ပါနဲ႔။
အေျပာင္းအလဲမ်ားေနေလေလ ပုံမွန္လုပ္႐ိုးလုပ္စဥ္ေတြကို ပိုလုပ္သင့္ေလပါပဲ။ မနက္ 7 နာရီတိုင္း လမ္းေလွ်ာက္တာမ်ိဳး လုပ္႐ိုးလုပ္စဥ္ေတြလုပ္ေပးျခင္းက အရာရာတိုင္းက ေျပာင္းလဲသြားတာေတာ့ မဟုတ္ဘူး။ တခ်ိဳ႕အရာေတြကေတာ့ မေျပာင္းမလဲရွိေနတာပဲဆိုၿပီး ဦးေႏွာက္ကို စိတ္သက္သာရာရေစပါတယ္။ တစ္ခါတေလ အေျပာင္းအလဲေတြ အရမ္းမ်ားေနရင္ လုပ္ေနက်ေလးေတြကို ခ်ေရးၿပီးၿပီးတိုင္း အမွတ္ျခစ္ေပးပါ။ ဦးေႏွာက္က မွတ္ထားရတာေတြကို ေလ်ာ့ပါးေစပါတယ္။
၄။ က်န္းမာေရးနဲ႔ ညီညီၫြတ္ၫြတ္ စားေပးပါ။
အေျပာင္းအလဲေတြ မ်ားလာတဲ့အခါ လူေတြဟာ ေပါင္မုန႔္၊ ကိတ္မုန႔္စတဲ့ ကစီဓာတ္မ်ားတာေတြ စား ခ်င္တတ္ၾကပါတယ္။ ဒီလိုကစီဓာတ္ေတြက စိတ္ဖိစီးတဲ့အခါ ေလ်ာ့နည္းသြားတတ္တဲ့ စီ႐ိုတိုနင္ဓာတ္ေတြကို ထြက္လာေစႏိုင္တာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဒီလိုအစားအေသာက္နဲ႔ ကိုယ့္ကိုယ္ကိုယ္ ႏွစ္သိမ့္တာ ေကာင္းေတာ့ေကာင္းပါတယ္။ အနည္းအက်ဥ္းဆိုရင္ေပါ့။ ကိုယ္ ဘာေတြစားမိေနလဲသိခ်င္ရင္ အေကာင္းဆုံးက ခ်မွတ္ထားဖို႔ပါ။ စာအုပ္နဲ႔ပဲျဖစ္ျဖစ္၊ ဖုန္းအက္ပလီေကးရွင္းနဲ႔ပဲျဖစ္ျဖစ္ပါ။ ကိုယ္ ဘာစားမိေနလဲဆိုတာ ခ်ေရးလိုက္မိရင္ နည္းနည္းတြန႔္ဆုတ္သြားၿပီး ေနာက္တစ္ခု ဆက္စားသင့္/မသင့္ ေတြေဝသြားႏိုင္ပါတယ္။
၅။ ေလ့က်င့္ခန္း ျပဳလုပ္ပါ။
ေလ့က်င့္ခန္း မွန္မွန္ျပဳလုပ္တယ္ဆိုတာကလည္း လုပ္႐ိုးလုပ္စဥ္ မွန္မွန္လုပ္ဆိုတဲ့အေပၚက အခ်က္ကိုလည္း ေထာက္ခံေနပါတယ္။ နဂိုက ေလ့က်င့္ခန္းလုပ္က်င့္ မရွိရင္လည္း စလုပ္ၾကည့္ပါ။ တစ္ပတ္ကို ၂ ႀကိမ္၊ ၃ ႀကိမ္ေလာက္ ေလ့က်င့္ခန္းျပဳလုပ္ေပးတာက စိတ္ဓာတ္က်တာကို ေတာ္ေတာ္သက္သာေစႏိုင္ေၾကာင္း သိရပါတယ္။ လမ္းတစ္ပတ္ေလာက္ ေလွ်ာက္လိုက္ရတာနဲ႔တင္ စိတ္ေတာ္ေတာ္ သက္သာေစႏိုင္ပါတယ္။ သိပ္အလုပ္မ်ားတယ္ဆိုရင္ ေလ့က်င့္ခန္းႀကီးရယ္လို႔ သတ္သတ္မွတ္မွတ္ႀကီး လုပ္ေနစရာမလိုပါဘူး။ အျပင္ထြက္ၿပီးသာ လႈပ္လႈပ္ရွားရွား လုပ္ၾကည့္ပါ။ လႈပ္ရွားေနတဲ့အခါ စိတ္အားေတြ ျပန္တက္လာတာကို ေတြ႕ရပါလိမ့္မယ္။
၆။ အကူအညီအေထာက္အပံ့ ေတာင္းခံပါ။
ဘယ္သူမွာ ဘဝႀကီးကို တစ္ေယာက္တည္း မျဖတ္သန္းႏိုင္ပါဘူး။ အကူအညီေတာင္းဖို႔ ဝန္မေလးပါနဲ႔။ အကူအညီေတာင္းတယ္ဆိုတာ ကိုယ့္အေျခအေနအမွန္ကို သေဘာေပါက္နားလည္ေၾကာင္း ျပေနတာပါ။ ကိုယ္နဲ႔ ရင္းႏွီးသူေတြ၊ မိသားစုဝင္ေတြဆီကေန ေတာင္းခံပါ။ အျပင္မွာ တစ္ခုခု သြားလုပ္စရာရွိလို႔ ခဏအနားယူဖို႔ လိုအပ္ေနလို႔ မိဘေတြဆီမွာ ကေလး ခဏအပ္ခဲ့တာမ်ိဳးေပါ့။
၇။ ဒီလိုအေျပာင္းအလဲေတြကေန ရရွိလာတဲ့ေကာင္းတဲ့အခ်က္ေတြကို ခ်ေရးထားပါ။
ဒီလိုေျပာင္းလဲမႈေတြေၾကာင့္ မိတ္ေဆြအသစ္ေတြနဲ႔ ရင္းႏွီးခြင့္ရတာပဲျဖစ္ျဖစ္၊ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အေလ့အက်င့္ေကာင္းေတြ ေမြးျမဴလာႏိုင္တာပဲျဖစ္ျဖစ္၊ ႏိုင္ငံေရးမွာပိုၿပီး ပါဝင္လႈပ္ရွားလာႏိုင္တာပဲျဖစ္ျဖစ္၊ ဘဝအတြက္ အေရးပါတဲ့အရာေတြကို ပိုလုပ္လာႏိုင္တာပဲျဖစ္ျဖစ္ေပါ့။ ေျပာင္းလဲမႈေၾကာင့္ ပိုမိုႀကီးထြား ဖြံ႕ၿဖိဳးႏိုင္ခြင့္ေတြ ရရွိလာႏိုင္ၿပီး အရာရာ ပိုေကာင္းမြန္လာေၾကာင္း ေတြ႕လာရမွာပါ။
၈။ ႀကိဳတင္ျပင္ဆင္လုပ္ေဆာင္ပါ။
ႀကိဳတင္ျပင္ဆင္တယ္ဆိုတာ တစ္ခုခု မျဖစ္ခင္ကတည္းက ႀကိဳတင္ၿပီးလုပ္သင့္တာေတြ လုပ္ထားတာ၊ ကိုယ္ကိုယ္ႏႈိက္က တာဝန္ယူ လုပ္ကိုင္ထားတာကို ဆိုလိုပါတယ္။ တစ္ခုခုျဖစ္မွထလုပ္ၿပီး တံု႔ျပန္တာမ်ိဳး မဟုတ္ဘူးေပါ့။
၉။ စိတ္ညစ္တာေတြကို အတိုင္းအတာတစ္ခုအထိ ဖြင့္ဟတိုင္ပင္ပါ။
အခ်င္းခ်င္း စိတ္ညစ္စရာေတြ ေဝမွ်ဖြင့္ဟတိုင္ပင္ႏိုင္တဲ့ အသင္းအဖြဲ႕တစ္ခုရွိတာ ေကာင္းပါတယ္။ ဒါေပမဲ့ အတိုင္းအတာတစ္ခုအထိေပါ့။ စိတ္ညစ္တာေတြခ်ည္း အခ်င္းခ်င္းေျပာေနေတာ့လည္း အပူေတြ ကူးစက္ၿပီး ပိုစိတ္ညစ္လာတတ္ပါတယ္။ ဒါေၾကာင့္ စကားဝိုင္းကို ေျဖရွင္းနည္းဘက္ကို ဦးတည္ေပးပါ။ လူေတြ အတူတူစုၿပီး စဥ္းစားရင္ ေမွ်ာ္လင့္ခ်က္ဆိုတာလည္း ကူးစက္ႏိုင္ပါတယ္။
၁ဝ။ လူမႈကြန္ရက္ေတြကို ေဝးေဝးေရွာင္ပါ။
အေျပာင္းအလဲတစ္ခုခု ႀကဳံတဲ့အခါ လူမႈကြန္ရက္မွာတက္ၿပီး ရင္ဖြင့္ေလ့ရွိၾကပါတယ္။ ဒီလိုမတင္ခင္မွာ ကိုယ့္စိတ္ဟာ တည္ၿငိမ္ေနရဲ႕လားဆိုတာနဲ႔၊ ကိုယ္တင္လိုက္တာဟာ မေပ်ာက္မပ်က္ရွိေနတယ္ဆိုတာ သိထားဖို႔လိုပါတယ္။ ေနာက္ၿပီးေတာ့ ဆိုရွယ္မီဒီယာေတြေပၚမွာရွိတဲ့ အေပါင္းအသင္းေတြ တင္ထားတာေတြၾကည့္ၿပီး ကိုယ္နဲ႔ႏႈိင္းရင္ စိတ္ဓာတ္က်ေနတတ္ပါလိမ့္မယ္။ မွတ္ထားဖို႔က လူေတြဆိုတာ ကိုယ့္အခက္အခဲေတြထက္စာရင္ ကိုယ့္ဘဝရဲ႕ ေပ်ာ္စရာေတြကိုသာ ဆိုရွယ္မီဒီယာေတြမွာ တင္တတ္ၾကပါတယ္။ လူေတြဆိုတာ တစ္ေယာက္နဲ႔တစ္ေယာက္ မတူညီတဲ့တိုက္ပြဲေတြ ကိုယ္စီတိုက္ေနၾကရတာပါ။ ဒါေၾကာင့္ သူမ်ားေတြတင္ေနတာ ၾကည့္ၾကည့္ၿပီး ႏႈိင္းယွဥ္မိေနၿပီဆိုရင္ ဆိုရွယ္မီဒီယာေတြကို ခဏေရွာင္ခြာေနလိုက္ပါ။
ေနာက္ဆုံးအေနနဲ႔ကေတာ့ ကိုယ့္ကိုယ္ကို အနားေပးပါ။ အေျပာင္းအလဲေတြ ျဖစ္လာတဲ့အခါ နည္းနည္းကသီလင္တျဖစ္တတ္ၾကပါတယ္။ ကိုယ္ေမွ်ာ္လင့္သေလာက္ မလုပ္ႏိုင္ဘူးလို႔လည္း ကိုယ့္ကိုယ္ကိုထင္ျမင္လာ တတ္ၾကပါေသးတယ္။ လူဆိုတာကိုယ္စြမ္းသေလာက္ပဲ လုပ္ႏိုင္ၾကတာပါ။ အခ်ိန္တိုင္း ၁ဝဝ% လုပ္ႏိုင္ရမယ္ လို႔မဆိုပါဘူး။ လူတိုင္း အမွားလုပ္မိတတ္ၾကပါတယ္။ လုပ္မိတဲ့အမွားကေန ျပန္လည္သင္ယူႏိုင္၊ မႏိုင္ဆိုတာက အေရးႀကီးတာပါ။ အခုခ်ိန္ အမွားေတြ၊ အခက္အခဲေတြဆိုတာ ေနာင္တစ္ခ်ိန္မွာ ရယ္စရာေမာစရာ ျဖစ္လာမွာပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























