/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အဖျားပျောက်ကင်းစေမည့်-လွယ်ကူသက်သာသော-နည်းလမ်းကောင်းလေးများ

အဖျားပျောက်ကင်းစေမည့် လွယ်ကူသက်သာသော နည်းလမ်းကောင်းလေးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဖျားနာခြင်းဆိုတာ လူတိုင်းနှင့် မစိမ်းသော ေ၀ဒနာတစ်မျိုး ဖြစ်ပါတယ်။ ပြင်ပမှ၀င်ရောက်လာသော ရောဂါပိုး  (infection) များကို ခန္ဓာကိုယ်က တိုက်ထုတ်တဲ့အခါ ဖျားနာခြင်း ဖြစ်စေပါတယ်။ ကိုယ်ထဲသို့ ရောက်ရှိနေသော ရောဂါပိုးများကို ဆက်လက် အသက်မရှင်နိုင်အောင်လို့ ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေခြင်းဖြင့် ခုခံတိုက်ထုတ်တာဖြစ်လို့ ဖျားနာရခြင်း ဖြစ်ပါတယ်။ ဒါဟာ ကောင်းတဲ့အချက်တစ်ချက် ဖြစ်ပေမယ့်လည်း တစ်ဖက်က ကြည့်ရင်တော့ ဖျားနာခြင်းကြောင့် ကိုယ်လက်ကိုက်ခဲခြင်း၊ မအီမသာဖြစ်ခြင်း စတာတွေကို ကြုံတွေ့ရလို့ စိတ်ညစ်စရာကောင်းပါတယ်။

 

>>    အဖျားပျောက်ကင်းအောင် ပြုလုပ်ရမည့် နည်းလမ်းများ

(၁)    အဖျားကျဆေး သောက်ပါ။

          Biogesic လို အရည်အသွေးမြင့် Paracetamol ပါ၀င်တဲ့ဆေးဝါးတွေကို ဆရာ၀န် ညွှန်ကြားချက်အတိုင်း အကြိမ်ရေမှန်မှန် သောက်ပါ။

 

(၂)    ရေနှင့်အရည် များများသောက်ပါ။

          ဖျားနာနေတဲ့အချိန်မှာ ကို်ယ်ခန္ဓာက ရေဓာတ်ပြည့်၀ဖို့ ပိုလိိုအပ်ပါတယ်။ ပူနေတဲ့ကိုယ်အပူချိန်က ရေဓာတ်ကို ဆုံးရှုံးစေလို့ပဲ ဖြစ်ပါတယ်။ ဖျားနေစဉ်တွင် ရေ၊ ဓာတ်ဆားရည်၊ ကြက်စွပ်ပြုတ်ရည်များကို သောက်သုံးပေးသင့်ပါတယ်။

 

(၃)     ရေချိုးပါ။

          ဟုတ်ပါတယ်။ ရေချိုးပေးနိုင်ပါတယ်။ ရေချိုးပေးခြင်းဖြင့် အဖျားကို လျင်မြန်စွာ ကျစေပါတယ်။ ဒါပေမဲ့ အေးစက်နေတဲ့ရေကိုရှောင်ပြီး ရေကြက်သီးနွေးဖြင့်သာ ချိုးပေးရမယ်နော်။ အဖျားကျစေမယ့်အပြင် ကိုက်ခဲမှုတွေကို ပြေလျော့စေပြီး သက်သောင့်သက်သာ ဖြစ်စေပါလိမ့်မယ်။

 

(၄)     ချိုင်းကြားကို ရေခဲ၀တ် ကပ်ပါ။

          နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့သော ရှေးဦးသူနာပြုနည်းတစ်ခုဆိုလည်း မမှားပါဘူး။ အဓိက ရေခဲကပ်ရမယ့်နေရာတွေက နဖူး၊ ချိုင်းကြားနဲ့ ပေါင်ကြားတို့ ဖြစ်ပါတယ်။ ရေခဲအစား ရေအေး၀တ်ကိုလည်း အသုံးပြုနိုင်ပါတယ်။ Biogesic Cool Feel ကဲ့သို့ကိုယ်ပူကျ ကပ်ခွာများလည်း အသုံးပြုနိင်ပါသည်။

Bio Adult 1

>>    ဖျားနေစဉ် ရှောင်ရှားသင့်သော အချက်များ

(၁)     ဆေးပေါင်းစုံသောက်ခြင်း

          အဖျားကျလိုဇောနဲ့ ဆေးတစ်မျိုးထက် ပိုသောက်ခြင်း၊ ဗမာဆေးနှင့် နိုင်ငံခြားဆေး ရောသောက်ခြင်း စတာတွေဟာ အကျိူးမရှိတဲ့အပြင် အန္တရာယ်ပိုများစေပါတယ်။ အဖျားကိုပိုမကျစေပဲ ကိုယ်တွင်းကလီဇာများကို ထိခိုက်နိုင်ပါတယ်။ ဆေးများကိုလည်း ဆရာ၀န်ညွန်ကြားချက်အတိုင်းသာ သောက်သုံးသင့်ပါတယ်။

 

(၂)    အစာမစားခြင်း

          ဖျားနေစဉ်တွင် အစာစားချင်စိတ် မရှိကြပါဘူး။ ဒါပေမဲ့လည်း အားရှိအောင် အသား၊ ငါး၊ ကြက်ဥ၊ ဆန်ပြုတ်၊ နွားနို့စတာတွေကို ကြိုးစားပြီး စားပေးသင့်ပါတယ်။ ဒါမှသာ ကိုယ်ခံအားတက်ပြီး အဖျား လျင်မြန်စွာ ကျစေမှာ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Bio Adult 2

(Unicode)







