/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အဖြစ်များသော-ဗိုက်ပြဿနာများ

အဖြစ်များသော ဗိုက်ပြဿနာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဝမ်းဗိုက်ပြဿနာတွေဟာ ဆရာဝန်ဆီ အမြန်ဆုံးသွားပြရသော အဓိကအကြောင်းရင်း ဖြစ်စေနိုင်ပါတယ်။ သင် ဗိုက်နာတဲ့အခါ ဗိုက်ထဲက အစိတ်အပိုင်းတစ်ခုခုက နာနေခြင်းမဟုတ်ဘဲ အခြားအကြောင်းရင်းတွေလည်း ရှိနိုင်ပါတယ်။

>>  ဗိုက်နာရခြင်း အကြောင်းရင်းများကတော့ -
(၁)  အူလမ်းကြောင်းရောဂါ
သင့်ဗိုက်နာခြင်းဟာ အူပြဿနာကြောင့်ဆိုရင်တော့ အစာစားပြီးတိုင်းနှင့် စိတ်ဖိစီးနေချိန်တွေမှာ ပိုနာနေတတ်ပါတယ်။ နောက်ပြီး ဝမ်းပျက်ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်းနှင့် လေပွခြင်းတို့ကိုလည်း တွဲဖက်ခံစားရဖွယ် ရှိပါတယ်။ ဒါပေမဲ့ ပိန်ခြင်း၊ ဝမ်းတွင် သွေးပါခြင်းတို့တော့ တွေ့ရမှာမဟုတ်ပါဘူး။

(၂)  ဝမ်းချုပ်ခြင်း
ပြင်းထန်သော လေအောင့်ခြင်းကို ခံစားရတတ်ပါတယ်။ ဝမ်းချုပ်နေသူများဟာ လေပွခြင်း၊ ဗိုက်ပြည့်နေခြင်းနှင့် ဝမ်းဗိုက်ဖောင်းနေခြင်းတို့ကို ရင်ဆိုင်ရတတ်ပါတယ်။

(၃)  အစာအိမ်အနာဖြစ်ခြင်း
အစာအိမ်နှင့် အူသိမ်နံရံတွင် အနာဖြစ်ခြင်းကြောင့် ဗိုက်တွင် မီးကဲ့သို့ပူပြင်းပြီး နာကျင်တတ်ပါတယ်။ ပျို့ခြင်း၊ အန်ခြင်း၊ ရင်ခေါင်းပူခြင်းတို့လည်း ဖြစ်ပေါ်တတ်ပါတယ်။

(၄)  မုတ်ချိုအိတ်ရောင်ခြင်း
ဗိုက်အပေါ်ပိုင်း အလယ်တည့်တည့်တွင် စူးရှပြင်းထန်စွာ နာကျင်စေပြီး တစ်ခါတလေမှာ ကျောနှင့် ရင်ဘတ်အထိ နာကျင်မှု ပျံ့နှံ့တတ်ပါတယ်။ ပျို့ခြင်း၊ အန်ခြင်းနှင့် ဖျားခြင်းပါ ဖြစ်ပေါ်တတ်ပါတယ်။

(၅)  အူအတွင်းရှိ အိတ်ငယ်ရောင်ခြင်း
ဗိုက်ရဲ့အောက်ဘက် ဘယ်ဘက်တွင် နာကျင်ခြင်းကို ဖြစ်စေတတ်ပါတယ်။
ငွေ့ငွေ့ဖျားခြင်း၊ ပျို့ခြင်း၊ အန်ခြင်း (သို့) ဝမ်းချုပ်ခြင်းကိုပါ ဖြစ်စေပါတယ်။

သင့်ဗိုက်နာခြင်းနှင့်အတူ အထက်ပါလက္ခဏာများ ရှိနေရင်တော့ မပေါ့ဆဘဲ ဆရာဝန်နှင့် ပြသတိုင်ပင်ခြင်း၊ ဆေးကုသမှု ပုံမှန်ခံယူခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်အောင် စားသောက်နေထိုင်ခြင်းတို့ကို ပြုလုပ်ကြဖို့ အကြံပြုလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)