အရက်သမားများဘာကြောင့် အရက်မပြတ်နိုင်တာလဲ
အရက်သမားများသည် အရက်ဖြတ်ရန် ကြိုးစားကြသော်လည်း အများစုက မအောင်မြင်တာကို တွေ့ရပါတယ်။ ထိုကဲ့သို့ အရက်မဖြတ်နိုင်ခြင်းဟာ အရက်ရဲ့ ဦးနှောက်အပေါ် သက်ရောက်မှုများနှင့် ဆက်စပ်နေပါတယ်။
Frontal lobe သည် ဦးနှောက်၏ အရှေ့ပိုင်းတွင် တည်ရှိပြီး ထိန်းချုပ်နိုင်စွမ်း၊ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း၊ သင်ယူနိုင်စွမ်းတို့အတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အရက်သောက်ခြင်းကြောင့် Frontal Lobe ရှိ အဖြူရောင်အစိတ်အပိုင်း (white matter) ကို ပျက်စီးစေတာကြောင့် မိမိကိုယ်ကို ဆင်ခြင်ထိန်းချုပ်နိုင်စွမ်း လျော့ကျလာကာ အရက်ကို ပိုမိုစွဲလန်းလာခြင်းဖြစ်ပါတယ်။ အရက်များများသောက်လေလေ ပျက်ဆီးဆုံးရှုံးမှု ပိုများလေလေဖြစ်ပါတယ်။
ထိုအချက်ကို သက်သေပြနိုင်ရန် သုတေသီများက အရက်အလွန်အကျွံသောက်သူများနှင့် တစ်ခါတရံသာ သောက်သုံးသူများ၏ ဦးနှောက်ကို MRI ဖြင့် စစ်ဆေးမှုများပြုခဲ့ကြပါတယ်။ ထိုသို့စစ်ဆေးရာ၌ အရက်စွဲသူများတွင် ဦးနှောက်အစိတ်အပိုင်းများ၏ စွမ်းဆောင်ရည်များ လျော့ကျနေတာကိုတွေ့ရပါတယ်။ ဒါ့အပြင် အရက်သမားများတွင် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ချို့ယွင်းမှုများဖြစ်ပေါ်နိုင်တာကြောင့် အရက်လျှော့သောက်ပါက ဦးနှောက်ကျန်းမာရေးကိုလည်း စောင့်ရှောက်ပြီးသားဖြစ်သွားပါတယ်။
Dr. Htet Htet Aung






























