/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရိုးကျန်းမာဖို့-ဒီအစားအစာတွေ-ရှောင်ကြရအောင်

အရိုးကျန်းမာဖို့ ဒီအစားအစာတွေ ရှောင်ကြရအောင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာသန်စွမ်းလာဖို့အတွက် အရိုးတွေက ထောက်ကန်ပေးထားပါတယ်။ အရိုး ကြံခိုင်သန်မာဖို့ စားသင့်တဲ့ အစားအစာတွေကိုတော့ အများစုက သိကြပါတယ်။ ဒါဆိုရင် ကြံခိုင်သန်မာတဲ့ အရိုးအဆစ်တွေဖြစ်ဖို့ ဘာတွေရှောင်ဖို့လိုမလဲ။
●    အငန်ကြိုက်တဲ့ မြန်မာတွေအတွက်ကတော့ နည်းနည်း စိတ်ညစ်ရလိမ့်မယ် ထင်ပါရဲ့။ အရိုးကျန်းမာရေးအတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ရဲ့ အကြီးဆုံးရန်သူက ဆားပါတဲ့။ နေ့စဉ် ဆားများများစားလေ ကယ်လဆီယမ်တွေ ခန္ဓာကိုယ်က စွန့်ထုတ်လေပါပဲ။
●    အချိုရည်တွေ ရှောင်ပါ။ ဘူးနဲ့လာတဲ့ ပါကင်ပိတ်အချိုရည် အတော်များများမှာ ဖော့စဖရပ်အက်ဆစ် အများကြီး ပါဝင်တာကြောင့် ကယ်လ်ဆီယမ် စွန့်ပစ်မှု အားကောင်းစေပြီး အရိုးကျန်းမာရေးအတွက် ကောင်းကျိုးမပေးပါဘူး။ အချိုရည်သောက်မယ့်အစား ရေသန့်၊ ဒိန်ချဉ်၊ လတ်လတ်ဆတ်ဆတ် အသီးဖျော်ရည်တွေ သောက်နိုင်ပါတယ်။

●    ကော်ဖီတွေမှာပါတဲ့ ကဖိန်းဓာတ်ဟာ အရိုးအတွက် ရန်သူပါပဲ။ ကယ်လ်ဆီယမ် အစားလည်းနည်း ကော်ဖီလက်ဖက်ရည်လည်း သိပ်ကြိုက်နေရင်တော့ အဆင်မပြေပါဘူး။ အသက်ရလာတာနဲ့အမျှ ကော်ဖီ၊ လက်ဖက်ရည် လျှော့ပြီး နွားနို့များများ သောက်ကြပါ။
●    ပဲနို့က သဘာဝနွားနို့ကို အစားမထိုးနိုင်ပါဘူး။ ပဲနို့ဟာ အရိုးကျန်းမာရေးအတွက် သိပ်မသင့်တော်ဘူးလို့ သုတေသနအချို့တောင် ထွက်ထားပါတယ်။ တိုဟူးအစားများရင်လည်း ကယ်လ်ဆီယမ် စွန့်ပစ်မှု ပိုများလာတတ်တဲ့အတွက် သတိပြုစားသုံးကြဖို့ ဖြစ်ပါတယ်။
●    စည်သွတ်ဘူးတွေ မစားပါနဲ့။ အလွယ်တကူ ချက်ပြုတ်လို့ရတဲ့ အသားဘူးတွေ ရယ်ဒီမိတ်စည်သူဘူးတွေဟာ အရိုးကျန်းမာရေးကို ကောင်းကောင်းထိခိုက်စေမှာပါ။ တစ်ခါတည်း ထည့်ထားတဲ့ ဆားဓာတ်ရယ် တာရှည်ခံအောင် ပြုလုပ်ထားတဲ့ဓာတ်တွေက အရိုးအဆစ်တွေကို အားနည်းစေပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Zawgyi)

    ခႏၶာကိုယ္တစ္ခုလုံးကို က်န္းမာသန္စြမ္းလာဖို႔အတြက္ အ႐ိုးေတြက ေထာက္ကန္ေပးထားပါတယ္။ အ႐ိုး ႀကံခိုင္သန္မာဖို႔ စားသင့္တဲ့ အစားအစာေတြကိုေတာ့ အမ်ားစုက သိၾကပါတယ္။ ဒါဆိုရင္ ႀကံခိုင္သန္မာတဲ့ အ႐ိုးအဆစ္ေတြျဖစ္ဖို႔ ဘာေတြေရွာင္ဖို႔လိုမလဲ။
●    အငန္ႀကိဳက္တဲ့ ျမန္မာေတြအတြက္ကေတာ့ နည္းနည္း စိတ္ညစ္ရလိမ့္မယ္ ထင္ပါရဲ႕။ အ႐ိုးက်န္းမာေရးအတြက္ လိုအပ္တဲ့ ကယ္လ္ဆီယမ္ဓာတ္ရဲ႕ အႀကီးဆုံးရန္သူက ဆားပါတဲ့။ ေန႔စဥ္ ဆားမ်ားမ်ားစားေလ ကယ္လဆီယမ္ေတြ ခႏၶာကိုယ္က စြန႔္ထုတ္ေလပါပဲ။
●    အခ်ိဳရည္ေတြ ေရွာင္ပါ။ ဘူးနဲ႔လာတဲ့ ပါကင္ပိတ္အခ်ိဳရည္ အေတာ္မ်ားမ်ားမွာ ေဖာ့စဖရပ္အက္ဆစ္ အမ်ားႀကီး ပါဝင္တာေၾကာင့္ ကယ္လ္ဆီယမ္ စြန႔္ပစ္မႈ အားေကာင္းေစၿပီး အ႐ိုးက်န္းမာေရးအတြက္ ေကာင္းက်ိဳးမေပးပါဘူး။ အခ်ိဳရည္ေသာက္မယ့္အစား ေရသန႔္၊ ဒိန္ခ်ဥ္၊ လတ္လတ္ဆတ္ဆတ္ အသီးေဖ်ာ္ရည္ေတြ ေသာက္ႏိုင္ပါတယ္။
●    ေကာ္ဖီေတြမွာပါတဲ့ ကဖိန္းဓာတ္ဟာ အ႐ိုးအတြက္ ရန္သူပါပဲ။ ကယ္လ္ဆီယမ္ အစားလည္းနည္း ေကာ္ဖီလက္ဖက္ရည္လည္း သိပ္ႀကိဳက္ေနရင္ေတာ့ အဆင္မေျပပါဘူး။ အသက္ရလာတာနဲ႔အမွ် ေကာ္ဖီ၊ လက္ဖက္ရည္ ေလွ်ာ့ၿပီး ႏြားႏို႔မ်ားမ်ား ေသာက္ၾကပါ။
●    ပဲႏို႔က သဘာဝႏြားႏို႔ကို အစားမထိုးႏိုင္ပါဘူး။ ပဲႏို႔ဟာ အ႐ိုးက်န္းမာေရးအတြက္ သိပ္မသင့္ေတာ္ဘူးလို႔ သုေတသနအခ်ိဳ႕ေတာင္ ထြက္ထားပါတယ္။ တိုဟူးအစားမ်ားရင္လည္း ကယ္လ္ဆီယမ္ စြန႔္ပစ္မႈ ပိုမ်ားလာတတ္တဲ့အတြက္ သတိျပဳစားသုံးၾကဖို႔ ျဖစ္ပါတယ္။
●    စည္သြတ္ဘူးေတြ မစားပါနဲ႔။ အလြယ္တကူ ခ်က္ျပဳတ္လို႔ရတဲ့ အသားဘူးေတြ ရယ္ဒီမိတ္စည္သူဘူးေတြဟာ အ႐ိုးက်န္းမာေရးကို ေကာင္းေကာင္းထိခိုက္ေစမွာပါ။ တစ္ခါတည္း ထည့္ထားတဲ့ ဆားဓာတ္ရယ္ တာရွည္ခံေအာင္ ျပဳလုပ္ထားတဲ့ဓာတ္ေတြက အ႐ိုးအဆစ္ေတြကို အားနည္းေစပါတယ္။

ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)