/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရိုးကျီးပေါင်းကို-ဘယ်လိုကာကွယ်ကြမလဲ

အရိုးကျီးပေါင်းကို ဘယ်လိုကာကွယ်ကြမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    အရိုးကျီးပေါင်းဆိုတာ တစ်သက်လုံး တစစ်စစ်နဲ့ တိုးတိုးသွားတတ်တဲ့ရောဂါတစ်မျိုးပါပဲ။ ဘယ်လိုနည်းနဲ့မှ ကာကွယ်လို့မရဘူးနော်။ ဒါကြောင့် ကောင်းကောင်းမှ ဂရုမစိုက်၊ ကုသမှုမခံယူခဲ့ရင် ပိုပိုပြီးဆိုးလာဖို့ပဲ ရှိပါတယ်။

>>    အရိုးတွေကို စောင့်ရှောက်ပါ။
    လေကျင့်ခန်းလုပ်တာက ကျီးပေါင်းသမားတွေအတွက် အရမ်းကောင်းတယ်နော်။ အသက်အရွယ်နဲ့ ကျန်းမာရေးက လေ့ကျင့်ခန်းလုပ်ဖို့ အတားအဆီးတွေ မဟုတ်ပါဘူးနော်။ အများစုက လေ့ကျင့်ခန်းလုပ်တာဟာ ပိုဆိုးစေတယ်လို့ ဆိုကြပေမယ့် မဟုတ်ပါဘူး။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာက ကြွက်သားတွေ သန်မာစေခြင်း၊ အဆစ်အမြစ်တွေ ပျော့ပြောင်းစေခြင်း၊ ကိုယ်ဟန်အနေအထား မှန်ကန်စေခြင်း၊ တစ်ကိုယ်ရည်ကျန်းမာရေးကို ကောင်းစေခြင်း စသဖြင့် အကျိုးကျေးဇူးတွေကို ရရှိစေတယ်။ တစ်ပတ်ကို ရက်ပိုင်းလောက် တစ်ရက် မိနစ် ၂၀၊ ၃၀ လောက် လေ့ကျင့်ခန်းလုပ်ရုံနဲ့တင် အဆင်ပြေပါတယ်။ ပြေးတာ၊ အလေးမတာ၊ ရေကူးတာ၊ စက်ဘီးစီးတာလိုမျိုး အဆစ်နာစေတတ်တဲ့ လေ့ကျင့်ခန်းမျိုးတော့ မလုပ်ပါနဲ့နော်။ ဘယ်လိုလေ့ကျင့်ခန်းမျိုး လုပ်ရမယ်ဆိုတာကို ဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့ လိုတယ်နော်။

>>    အနားယူတာနဲ့ လေ့ကျင့်ခန်းကို အလှည့်ကျ လုပ်ပေးပါ။
    ကောင်းကောင်းအနားယူပါ (ညဘက်မှာ ၈ နာရီလောက်အိပ်ပြီး လိုအပ်ရင် နေ့လယ်ပိုင်းမှာ တရေးတမော အိပ်ပါ။) အဆစ်တွေကို ထိခိုက်နိုင်တဲ့လေ့ကျင့်ခန်းမျိုး လုပ်ပြီးရင် ၁ နာရီထက်ပိုပြီး အဆစ်နာနေတတ်တဲ့ လေ့ကျင့်ခန်းမျိုးကို ရှောင်ပေးပါနော်။

>>    ကိုယ်ဟန်နေထားကို ပြင်ဆင်ပေးပါ။
    အလေးအပင်တွေမတာ၊ ဆိုဖာပျော့ပျော့တွေမှာ ထိုင်တာမျိုးကို ရှောင်ပေးပြီး အိပ်တဲ့အခါမှာလည်း မွေ့ရာမမာမပျော့တာမျိုးနဲ့ ရွေးအိပ်ပေးပါ။ ဒါမှ ကိုယ်ဟန်အနေအထား မှန်မှာပါ။ အကြာကြီး တစ်ပုံစံတည်းထိုင်တာမျိုးကို ရှောင်ပေးပါနော်။ တကယ်လို့ ထိုင်ပြီး အလုပ်လုပ်ရတဲ့သူမျိုးဆိုရင် ထိုင်တဲ့ကိုယ်နေဟန်ထား မှန်ပါစေ။ ခြေဆန့်လက်ဆန့်လေး ထပြီးလမ်းလျှောက်ပေးပါနော်။

>>    အဝလွန်နေသူတွေ ကိုယ်အလေးချိန် လျှော့ချပေးပါ။
    အဝလွန်ခြင်းဟာ အဆစ်တွေအပေါ်ကို ဖိအားတွေ သက်ရောက်နိုင်တဲ့အတွက် အဆစ်နာတာကို ပိုဆိုးစေနိုင်တယ်။ အထူးသဖြင့် အလေးခံရတဲ့ ခြေထောက်အဆစ်အမြစ်တွေ ပိုထိတတ်တယ်။ အဲဒါကြောင့် သင့်တင့်လျောက်ပတ်တဲ့ ကိုယ်အလေးချိန်ရအောင် လျှော့ပေးသင့်တယ်။ လေ့ကျင့်ခန်းနဲ့ စားသောက်ပုံတွေကို ကျန်းမာရေးပညာရှင်ကို မေးမြန်းစုံစမ်းပါနော်။

Dr. Mya Phoo Ngon (www.drmyanmar.com)