/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရိုးပါးခြင်းအန္တရာယ်

အရိုးပါးခြင်းအန္တရာယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ယနေ့အချိန်မှာ ကမ္ဘာပေါ်မှာ လူပေါင်း သန်း ၂၀၀ ခန့်ဟာ အရိုးပါးခြင်းကို ခံစားနေရပါတယ်။
အရိုးပါးခြင်းဆိုတာ ရိုးတွင်းချဉ်ဆီ သိပ်သည်းဆ လျော့နည်းလာခြင်းကြောင့် အရိုးများအားနည်းလာပြီး အလွယ်တကူ ကျိုးပဲ့ခြင်းကိုဖြစ်စေသော အရိုးရောဂါတစ်ခုပဲ ဖြစ်ပါတယ်။
●  အရိုးပါးခြင်းကို ခံစားနေရသူများအနေနှင့် မိမိကိုယ်ကို မသိရှိကြဘဲ ချော်လဲခြင်းကဲ့သို့ ဖိအားတစ်ခုခု သက်ရောက်ပြီး အရိုးကျိုးမှသာလျှင် သိရှိကြပါတယ်။ အများဆုံးကျိုးသော အရိုးတွေကတော့ တင်ပါးဆုံရိုး၊ လက်ကောက်ဝတ်ရိုး၊ ကျောရိုးဆစ်တို့ပဲ ဖြစ်ပါတယ်။
●  အချို့သူတွေမှာဆိုရင် နှာချေ ချောင်းဆိုးရုံဖြင့် နံရိုးကျိုးခြင်း၊ ကျောရိုးဆစ်ပြုတ်ထွက်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

>>  အရိုးပါးခြင်းဖြစ်ဖို့ အလားအလာများစေသော ရောဂါတွေကတော့ -
အူရောင်သောရောဂါ
●  အူရောင်ခြင်းဆိုင်ရာ ပြဿနာတွေရှိသူများဟာ ရိုးတွင်းချဉ်ဆီ သိပ်သည်းဆနည်းပါးနိုင်ချေ အလားအလာမြင့်မားပါတယ်။
●  Crohn’s disease ဟုခေါ်သော အူရောဂါတစ်မျိုးရှိသူများတွင်လည်း အရိုးပါးခြင်း ဖြစ်နိုင်ချေ မြင့်မားပါတယ်။

စားသောက်ခြင်းနှင့်ပတ်သက်သောရောဂါ
●  အစားစားခြင်းဆိုင်ရာ ပြဿနာများကြောင့် အလွန်အမင်း ကိုယ်အလေးချိန်ကျဆင်းခြင်း သို့မဟုတ် BMI ကျခြင်းတို့ရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနှင့်လည်း အရိုးပါးခြင်းကို တွေ့ရှိရတတ်ပါတယ်။

ဟိုမုန်းဆိုင်ရာ
●  အမျိုးသမီးတွေဟာ အမျိုးသားတွေထက်စာရင် ဟိုမုန်းအပြောင်းအလဲကြောင့် အရိုးပါးခြင်းဖြစ်ဖို့ အလားအလာ ပိုများပါတယ်။
●  အရိုးတွေ သိပ်သည်းဆမြင့်မားဖို့ မရှိမဖြစ်လိုအပ်တဲ့ အီစတိုဂျင်ဟိုမုန်းဟာ သွေးဆုံးပြီးနောက်ပိုင်းမှာ လျော့ကျသွားတဲ့အတွက် သွေးဆုံးပြီးအမျိုးသမီးတွေမှာ အရိုးပါးခြင်းဖြစ်နှုန်း မြင့်တက်လာရခြင်း ဖြစ်ပါတယ်။

>>  အရိုးပါးခြင်းကို ဘယ်လိုကာကွယ်မလဲ?
●  အရွယ်ရောက်ပြီးသူတိုင်းဟာ နေ့စဉ် ဗီတာမင်ဒီ 10mg နှင့် ကယ်လ်ဆီယမ် 700mg ရရှိအောင် စားသုံးပေးသင့်ပါတယ်။
●  ကျန်းမာရေးနှင့်ပြည့်စုံညီညွတ်အောင် ဒိန်ချဉ်၊ ကြက်ဥအနှစ်၊ ဆယ်လ်မွန်ငါးတို့ိကို စားပေးသင့်ပါတယ်။
●  နေ့စဉ် နေရောင်ခြည်ခံယူခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)