အရိုးရှင်းဆုံး ကျန်းမာအောင် နေထိုင်နည်း
>> လိုအပ်သလောက် ကယ်လိုရီပဲ စားပါ
ကိုယ် နေ့တိုင်းစားနေတဲ့ပမာဏဟာ မထင်မှတ်ဘဲ များနေတာမျိုး ဖြစ်တတ်ပါတယ်။ စားနေကျ ကယ်လိုရီပမာဏကို ၄ ပုံ ၁ ပုံ လောက် လျှော့စားလိုက်တာက အတော်လောက်ပါပဲတဲ့။
>> တစ်နေ့ နာရီဝက် လမ်းလျှောက်ပါ
မိနစ် ၃၀ တစ်ခါတည်း မလျှောက်နိုင်သေးရင် ၁၀ မိနစ် တစ်ခါ ၃ ကြိမ် လျှောက်ပါ။ လမ်းလျှောက်တာက အောက်စီဂျင်ကို ဦးနှောက်ထဲ ပိုရောက်စေတယ်၊ စားထားတဲ့ ကယ်လိုရီတွေကို ကြွက်သားအဖြစ် ပြောင်းပေးပါတယ်။ အရိုးအဆစ်တွေအတွက်လည်း ကောင်းပါတယ်။
>> ကျန်းမာရေးကို ပုံမှန်စစ်ဆေးပါ
ရောဂါဖြစ်မှ ကုသတာထက် ကြိုတင်ကာကွယ်ထားတာက ပိုပြီးထိရောက်ပါတယ်။ တစ်နှစ်တစ်ခါ တစ်ကိုယ်လုံးကို စစ်ဆေးတာမျိုး၊ မကြာမကြာ သွေးပေါင်ချိန်၊ ဆီးချို သွေးချို စစ်တာမျိုးပေါ့။
>> အချိုရည်တွေ၊ သကြားလုံးတွေကို စွန့်လွှတ်လိုက်ပါ
ဒါတွေဟာ ကယ်လိုရီပမာဏ အရမ်းများပြီး လိုအပ်တဲ့ အာဟာရတန်ဖိုး ဘာမှမရှိတဲ့အပြင် အဝလွန်တာနဲ့ ဆီးချို၊ သွေးချိုတွေ ဖြစ်စေနိုင်ပါတယ်။
>> ဒီအလေ့အကျင့်တွေကို အပေါင်းအသင်းတွေ၊ အသင်းအဖွဲ့တွေနဲ့အတူ မျှဝေပါ၊ အတူတူ လုပ်ဆောင်ပါ
သူငယ်ချင်းတစ်ယောက်နဲ့ဖြစ်ဖြစ်၊ အပေါင်းအသင်းတွေနဲ့ဖြစ်ဖြစ် တစ်ပတ်တစ်ခါလောက် တွေ့ဆုံပြီး ကောင်းတဲ့အလေ့အကျင့်တွေကို မျှဝေတာ၊ အားပေးတာမျိုးတွေဟာ တစ်ယောက်တည်း လုပ်တာထက်စာရင် ပိုပြီးအကျိုးရှိ၊ ပိုပြီးလည်း အလုပ်ဖြစ်ပါတယ်။
Htar (www.drmyanmar.com)






























