အရိုးအဆစ်တွေ ကျန်းမာအောင်
အသက်ကြီးလာတာနဲ့အမျှ အရိုးအဆစ်တွေ မကောင်းတတ်ကြတော့ပါဘူး။ အရိုးတွေ ပါးလာ၊ ပွလာတတ်ပြီး ကျိုးလွယ်၊ ထိခိုက်လွယ်လာတာ၊ အဆစ်တွေနာတာ၊ ရောင်တာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အရမ်းမဆိုးလာအောင် ကာကွယ်လို့ရတဲ့နည်းလမ်းတွေလည်း ရှိပါတယ်။
1. အသီးအရွက် များများစားပါ
အစိမ်းရောင်အရွက်တွေကို နေ့စဉ် စားပေးပါက ကယ်ဆီယမ်ဓာတ် ပြည့်ဝစေမယ့်အပြင် ဗီတာမင်ကေပါ ရရှိနိုင်လို့ အရိုးပါးခြင်းကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။
2. အလေးနဲ့ ဆော့ရတဲ့ လေ့ကျင့်ခန်း လုပ်ပါ
အထူးသဖြင့် ခါးအောက်ပိုင်းအဆစ်တွေ မကောင်းတဲ့လူတွေ ဥပမာ - ဒူးဆစ်ရောင်/ တင်ပဆုံရိုးရောင်ရောဂါရှိတဲ့လူတွေ ပိုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ အလေးနည်းနည်းနဲ့ အကြိမ်ရေများများ လုပ်တာမျိုးမဟုတ်ဘဲ အကြိမ်ရေနည်းနည်းနဲ့ အလေးကို တိုးတိုးပြီး လုပ်သွားတာမျိုးက အရိုးကို ပိုပြီးအကျိုးပြုပါတယ်။
3. လိုအပ်ရင် ဗီတာမင်ဒီ သောက်ပါ
ကယ်စီယမ်ကို စုပ်ယူနိုင်ဖို့ ဗီတာမင်ဒီ လိုအပ်ပါတယ်။ ဗီတာမင်ဒီ အကောင်းဆုံး ရနိုင်တာကတော့ နေရောင်ခြည်ကပါ။ တကယ်လို့ ကိုယ်က နေရောင်ခြည် လုံလောက်စွာ ရမနေဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဗီတာမင်ဒီ ကို ဖြည့်စွက်သောက်သုံးရပါမယ်။
4. ကိုယ်လက်လှုပ်ရှားမှုတစ်မျိုးကို မှန်မှန်လုပ်ပါ
● ပြေးတာ
● အေရိုးဗစ်ဆော့တာ
● လှေကားတက်တာ
● ကတာ
● တင်းနစ်ရိုက်တာ ဒါမှမဟုတ် ဘတ်စကတ်ဘော ဆော့တာ
Jointace 1
5. ဆေးလိပ်၊ အရက် အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ပါ
ဆေးလိပ်၊ အရက် သောက်သုံးခြင်းက အရိုးပွတာကို ပိုဖြစ်စေပါတယ်။ ဆေးလိပ်သောက်တတ်ရင် ဖြတ်ဖို့ ကြိုးစားပါ။ အရက်ကိုတော့ တစ်ရက်ကို တစ်ခွက်ထက် ပိုမသောက်မိအောင် ကြိုးစားပါ။
6. အရိုးတွေကို အမြဲစစ်ဆေးနေပါ
အရိုးကို ဓာတ်မှန်ရိုက်ပြီး အရိုးပွတာ၊ အရိုးပါးတာနဲ့ အရိုးကျိုးတာတွေကိုပါ သိနိုင်ပါတယ်။ မိန်းမတွေအနေနဲ့ သွေးဆုံးပြီး ၂ နှစ်အတွင်းမှာ အရိုးကို စစ်ဆေးသင့်ပါတယ်။
7. လိုအပ်ရင် ကုသမှုခံယူပါ
သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေဟာ အရိုးပွရောဂါ ဖြစ်နိုင်ချေ များတာကြောင့် လိုအပ်ရင် ဟော်မုန်းအစားထိုး ကုသမှု ခံယူသင့်ပါတယ်။ အရိုးပွ၊ အရိုးပါးရောဂါ ရှိသူတွေအနေနဲ့လည်း ဆရာဝန် ညွှန်ကြားချက်အတိုင်း ကုသမှုမှန်မှန် ခံယူရပါမယ်။
Dr. Htar (www.drmyanmar.com)
Jointace 2
(Zawgyi)
အသက္ႀကီးလာတာနဲ႔အမွ် အ႐ိုးအဆစ္ေတြ မေကာင္းတတ္ၾကေတာ့ပါဘူး။ အ႐ိုးေတြ ပါးလာ၊ ပြလာတတ္ၿပီး က်ိဳးလြယ္၊ ထိခိုက္လြယ္လာတာ၊ အဆစ္ေတြနာတာ၊ ေရာင္တာေတြ ျဖစ္တတ္ပါတယ္။ ဒါေပမဲ့ အရမ္းမဆိုးလာေအာင္ ကာကြယ္လို႔ရတဲ့နည္းလမ္းေတြလည္း ရွိပါတယ္။
1. အသီးအရြက္ မ်ားမ်ားစားပါ
အစိမ္းေရာင္အရြက္ေတြကို ေန႔စဥ္ စားေပးပါက ကယ္ဆီယမ္ဓာတ္ ျပည့္ဝေစမယ့္အျပင္ ဗီတာမင္ေကပါ ရရွိႏိုင္လို႔ အ႐ိုးပါးျခင္းကို ကာကြယ္ေပးမွာ ျဖစ္ပါတယ္။
2. အေလးနဲ႔ ေဆာ့ရတဲ့ ေလ့က်င့္ခန္း လုပ္ပါ
အထူးသျဖင့္ ခါးေအာက္ပိုင္းအဆစ္ေတြ မေကာင္းတဲ့လူေတြ ဥပမာ - ဒူးဆစ္ေရာင္/ တင္ပဆုံ႐ိုးေရာင္ေရာဂါရွိတဲ့လူေတြ ပိုလုပ္သင့္ပါတယ္။ ေလ့က်င့္ခန္းလုပ္တဲ့ေနရာမွာ အေလးနည္းနည္းနဲ႔ အႀကိမ္ေရမ်ားမ်ား လုပ္တာမ်ိဳးမဟုတ္ဘဲ အႀကိမ္ေရနည္းနည္းနဲ႔ အေလးကို တိုးတိုးၿပီး လုပ္သြားတာမ်ိဳးက အ႐ိုးကို ပိုၿပီးအက်ိဳးျပဳပါတယ္။
3. လိုအပ္ရင္ ဗီတာမင္ဒီ ေသာက္ပါ
ကယ္စီယမ္ကို စုပ္ယူႏိုင္ဖို႔ ဗီတာမင္ဒီ လိုအပ္ပါတယ္။ ဗီတာမင္ဒီ အေကာင္းဆုံး ရႏိုင္တာကေတာ့ ေနေရာင္ျခည္ကပါ။ တကယ္လို႔ ကိုယ္က ေနေရာင္ျခည္ လုံေလာက္စြာ ရမေနဘူးဆိုရင္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္ၿပီး ဗီတာမင္ဒီ ကို ျဖည့္စြက္ေသာက္သုံးရပါမယ္။
4. ကိုယ္လက္လႈပ္ရွားမႈတစ္မ်ိဳးကို မွန္မွန္လုပ္ပါ
● ေျပးတာ
● ေအ႐ိုးဗစ္ေဆာ့တာ
● ေလွကားတက္တာ
● ကတာ
● တင္းနစ္႐ိုက္တာ ဒါမွမဟုတ္ ဘတ္စကတ္ေဘာ ေဆာ့တာ
5. ေဆးလိပ္၊ အရက္ အလြန္အကြၽံ ေသာက္သုံးျခင္းကို ေရွာင္ပါ
ေဆးလိပ္၊ အရက္ ေသာက္သုံးျခင္းက အ႐ိုးပြတာကို ပိုျဖစ္ေစပါတယ္။ ေဆးလိပ္ေသာက္တတ္ရင္ ျဖတ္ဖို႔ ႀကိဳးစားပါ။ အရက္ကိုေတာ့ တစ္ရက္ကို တစ္ခြက္ထက္ ပိုမေသာက္မိေအာင္ ႀကိဳးစားပါ။
6. အ႐ိုးေတြကို အၿမဲစစ္ေဆးေနပါ
အ႐ိုးကို ဓာတ္မွန္႐ိုက္ၿပီး အ႐ိုးပြတာ၊ အ႐ိုးပါးတာနဲ႔ အ႐ိုးက်ိဳးတာေတြကိုပါ သိႏိုင္ပါတယ္။ မိန္းမေတြအေနနဲ႔ ေသြးဆုံးၿပီး ၂ ႏွစ္အတြင္းမွာ အ႐ိုးကို စစ္ေဆးသင့္ပါတယ္။
7. လိုအပ္ရင္ ကုသမႈခံယူပါ
ေသြးဆုံးၿပီးတဲ့ အမ်ိဳးသမီးေတြဟာ အ႐ိုးပြေရာဂါ ျဖစ္ႏိုင္ေခ် မ်ားတာေၾကာင့္ လိုအပ္ရင္ ေဟာ္မုန္းအစားထိုး ကုသမႈ ခံယူသင့္ပါတယ္။ အ႐ိုးပြ၊ အ႐ိုးပါးေရာဂါ ရွိသူေတြအေနနဲ႔လည္း ဆရာဝန္ ၫႊန္ၾကားခ်က္အတိုင္း ကုသမႈမွန္မွန္ ခံယူရပါမယ္။
Dr. Htar (www.drmyanmar.com)






























