အရိုးအဆစ်တွေ သန်မာကြံ့ခိုင်စေဖို့ ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ကြမလဲ
အရိုးအဆစ်တွေ ကျန်းမာမှ ကျွန်မတို့တွေဟာ စိတ်သွားတိုင်းကိုယ်ပါပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အရိုးအဆစ်တွေ ကျန်းမာဖို့ ပြုလုပ်သင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ကိုယ်အလေးချိန် ထိန်းသိမ်းပါ
အဝလွန်နေသူများအနေနဲ့ diet ပြုလုပ်ခြင်းနဲ့အတူ ကိုယ်လက်လေ့ကျင့်ခန်းတွေပါ ပြုလုပ်ပြီး ဝိတ်ချသင့်ပါတယ်။
(၂) သွက်လက်တက်ကြွပါစေ
ငယ်ရွယ်စဉ်မှာ လှုပ်ရှားသွက်လက်လေလေ အနာဂတ်မှာ အရိုးတွေကျန်းမာဖို့ အခွင့်အလမ်းများလေလေ ဖြစ်ပါတယ်။ လှုပ်ရှားတယ်ဆိုရာမှာလည်း ရေကူးခြင်း၊ စက်ဘီးစီးခြင်းစတဲ့ အရိုးအဆစ်တွေကို ထိခိုက်မှုနည်းမယ့် လေ့ကျင့်ခန်းမျိုးကိုသာ ပြုလုပ်သင့်ပါတယ်။
(၃) ယောဂကစားပါ
အရိုးအဆစ် တောင့်တင်းခြင်း၊ နာကျင်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။
(၄) ကျွမ်းကျင်သူများနဲ့ အနှိပ်ခံပါ
အရိုးအဆစ်အကြောင်း ကောင်းစွာနားလည်သောပညာရှင်များနဲ့ အနှိပ်ခံခြင်းဖြင့် နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါလိမ့်မယ်။
Alaxan IA (1)
(၅) နနွင်း အသုံးပြုပါ
ဟင်းချက်ရာတွင်သုံးသော နနွင်းမှာ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အာနိသင်ရှိတာမို့ အရိုးနာခြင်းနဲ့ လေးဖက်နာကြောင့် နာကျင်ခြင်းကို သက်သာစေပါတယ်။
(၆) ငါးများများ စားပါ
ဆယ်လ်မွန်ငါး၊ ငါးသေတ္တာငါး စတဲ့ငါးတွေမှာ အိုမီဂါ ၃ ပါဝင်တဲ့အတွက် ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။
(၇) Glucosamine နဲ့ Chondroitin အားဆေးများ မှီဝဲနိုင်ပါတယ်
အရိုးနုများကို အားဖြည့်ပေးပြီး အရိုးအဆစ်တွေ လှုပ်ရှားရ လွယ်ကူစေပါတယ်။ အနုစားအဆစ်ရောင်ခြင်းကိုလည်း သက်သာစေပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
Alaxan IA (2)
(Zawgyi)
အ႐ိုးအဆစ္ေတြ က်န္းမာမွ ကြၽန္မတို႔ေတြဟာ စိတ္သြားတိုင္းကိုယ္ပါၿပီး ေန႔စဥ္လုပ္ငန္းေဆာင္တာေတြကို ေကာင္းေကာင္းေဆာင္ရြက္ႏိုင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အ႐ိုးအဆစ္ေတြ က်န္းမာဖို႔ ျပဳလုပ္သင့္တဲ့ အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
(၁) ကိုယ္အေလးခ်ိန္ ထိန္းသိမ္းပါ
အဝလြန္ေနသူမ်ားအေနနဲ႔ diet ျပဳလုပ္ျခင္းနဲ႔အတူ ကိုယ္လက္ေလ့က်င့္ခန္းေတြပါ ျပဳလုပ္ၿပီး ဝိတ္ခ်သင့္ပါတယ္။
(၂) သြက္လက္တက္ႂကြပါေစ
ငယ္႐ြယ္စဥ္မွာ လႈပ္ရွားသြက္လက္ေလေလ အနာဂတ္မွာ အ႐ိုးေတြက်န္းမာဖို႔ အခြင့္အလမ္းမ်ားေလေလ ျဖစ္ပါတယ္။ လႈပ္ရွားတယ္ဆိုရာမွာလည္း ေရကူးျခင္း၊ စက္ဘီးစီးျခင္းစတဲ့ အ႐ိုးအဆစ္ေတြကို ထိခိုက္မႈနည္းမယ့္ ေလ့က်င့္ခန္းမ်ိဳးကိုသာ ျပဳလုပ္သင့္ပါတယ္။
(၃) ေယာဂကစားပါ
အ႐ိုးအဆစ္ ေတာင့္တင္းျခင္း၊ နာက်င္ေရာင္ရမ္းျခင္းကို သက္သာေစပါတယ္။
(၄) ကြၽမ္းက်င္သူမ်ားနဲ႔ အႏွိပ္ခံပါ
အ႐ိုးအဆစ္အေၾကာင္း ေကာင္းစြာနားလည္ေသာပညာရွင္မ်ားနဲ႔ အႏွိပ္ခံျခင္းျဖင့္ နာက်င္ကိုက္ခဲျခင္းကို သက္သာေစပါလိမ့္မယ္။
(၅) နႏြင္း အသုံးျပဳပါ
ဟင္းခ်က္ရာတြင္သုံးေသာ နႏြင္းမွာ ေရာင္ရမ္းျခင္းကို သက္သာေစတဲ့ အာနိသင္ရွိတာမို႔ အ႐ိုးနာျခင္းနဲ႔ ေလးဖက္နာေၾကာင့္ နာက်င္ျခင္းကို သက္သာေစပါတယ္။
(၆) ငါးမ်ားမ်ား စားပါ
ဆယ္လ္မြန္ငါး၊ ငါးေသတၱာငါး စတဲ့ငါးေတြမွာ အိုမီဂါ ၃ ပါဝင္တဲ့အတြက္ ေရာင္ရမ္းျခင္းကို သက္သာေစပါတယ္။
(၇) Glucosamine နဲ႔ Chondroitin အားေဆးမ်ား မွီဝဲႏိုင္ပါတယ္
အ႐ိုးႏုမ်ားကို အားျဖည့္ေပးၿပီး အ႐ိုးအဆစ္ေတြ လႈပ္ရွားရ လြယ္ကူေစပါတယ္။ အႏုစားအဆစ္ေရာင္ျခင္းကိုလည္း သက္သာေစပါတယ္။
ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)






























