/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရေပြားကျန်းမာရေးနှင့်-ပတ်သက်ပြီး-ဘာတွေသိထားသလဲ

အရေပြားကျန်းမာရေးနှင့် ပတ်သက်ပြီး ဘာတွေသိထားသလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အရေပြားဟာ လူ့ကိုယ်ခန္ဓာမှာ အကြီးမားဆုံး အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိနေတာဖြစ်ပြီး ရောဂါပိုးတွေ မဝင်စေဖို့နှင့် ထိခိုက်ဒဏ်ရာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနေသော အစိတ်အပိုင်းဆိုလည်း မမှားပါဘူး။
ကိုယ်တွင်းအပူချိန်မျှတစေဖို့နှင့် ကိုယ်တွင်းအရည်ဓာတ်တွေ အများကြီးမဆုံးရှုံးသွားအောင်လည်း အရေပြားက လုပ်ဆောင်ပေးပြန်ပါသေးတယ်။ ဒါကြောင့် အရေပြားကျန်းမာရေးကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။
အရေပြားနှင့် ပတ်သက်သော ရောဂါများစွာရှိတဲ့အနက် အကြီးမားဆုံးထိခိုက်မှုကတော့ အရေပြားကင်ဆာပဲ ဖြစ်ပါတယ်။

>>  အရေပြားကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ -
●  အာဆင်နစ်ကဲ့သို့ အဆိပ်အတောက်များနှင့် ထိတွေ့ခြင်း
●  ဓာတ်ကင်ကုသခြင်း
●  နာတာရှည်အရေပြားအနာဖြစ်ခြင်း
●  မိဘမျိုးရိုးတွင် အရေပြားကင်ဆာရှိခြင်း
●  နေပူဒဏ်ကို ကာလကြာရှည်ထိတွေ့ခဲ့ခြင်း
●  မီးလောင်ဒဏ်ရာများ ရဖူးခြင်း
●  နေပူထဲတွင် အလုပ်လုပ်ရသူများ

Bio-Oil 1

>>  အရေပြားကင်ဆာနှင့် အခြားသောအရေပြားပြဿနာတွေကို ကာကွယ်ဖို့အတွက် လိုက်နာရမယ့် နည်းလမ်းလေးတွေကတော့ -
●  အာဟာရမျှတအောင်စားသုံးပါ။
●  တစ်နေ့ကို ရေ ၆ ဖန်ခွက်ကနေ ၈ ဖန်ခွက် သောက်သုံးပါ။
●  အရက်နှင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။
●  နေရောင်ရှိ UV-Rays တွေရန်မှ ကာကွယ်ဖို့အတွက် SPF အနည်းဆုံး 30 ပါသော နေလောင်ကာခရင်မ်ကို နေပူထဲမသွားခင် လိမ်းပေးပါ။
●  မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ထဲ ကြာရှည်သွားလာလှုပ်ရှားခြင်းကို ရှောင်ပါ။
●  အိမ်ပြင်ထွက်ပါက ထီး၊ ဦးထုပ်ဆောင်းခြင်း၊ အင်္ကျီလက်ရှည်ဝတ်ခြင်းတို့ ပြုလုပ်ပါ။
●  အရေပြားခြောက်သူများအနေနှင့် အစိုဓာတ်ထိန်းခရင်မ် (သို့) အသားအရေထိန်းသိမ်းမှု အဆီတစ်မျိုးမျိုးကို နေ့စဉ်လိမ်းပေးသင့်သလို ပြင်းအားများသော မျက်နှာသစ်ဆပ်ပြာနှင့် အယ်ကိုဟောပါသောတိုနာများ သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
●  အရေပြားနုပျိုလှပပြီး ဝင်းပစေဖို့အတွက် antioxidants (ဗီတာမင်အေ၊ အီး၊ စီ) ပါသော အစိုဓာတ်ထိန်းခရင်မ်များလိမ်းခြင်းနှင့် AHA ပါသော skin care တွေကို အသုံးပြုသင့်ပါတယ်။

Bio-Oil 2

သင့်အရေပြားကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ခြင်းဖြင့် အရေပြားကျန်းမာရေးကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။
နေရောင်တွင်ပါဝင်သော UVA နှင့် UVB အလင်းတန်းတွေဟာ အရေပြားကို ပျက်စီးလောင်ကျွမ်းစေတဲ့အပြင် အရေပြားကင်ဆာဖြစ်ဖို့ အလားအလာများစေနိုင်ပါတယ်။

>>  သိထားသင့်သောအချက်များ
●  အရေပြားခြောက်သွေ့လာပြီဆိုတာနှင့် ရေဓာတ်နှင့်အဆီဓာတ် ပြန်လည်ဖြည့်တင်းပေးဖို့ လိုပါတယ်။
●  အရေပြားဆဲလ်ဟောင်းတွေ ကြွေပြီး ဆဲလ်သစ်များ ပြန်လည်တည်ဆောက်ဖို့ ၂၈ ရက် အချိန်ယူပါတယ်။
●  နေလောင်ဒဏ်ကြောင့် အရေပြားအိုမင်းရင့်ရော်စေပြီး အရေးအကြောင်းတွေ ဖြစ်စေတာမို့ ဂရုစိုက်ကာကွယ်သင့်ပါတယ်။
●  အရေပြားကင်ဆာဟာ မဖြစ်ပေါ်ခင် နှစ် ၂၀ ခန့် အချိန်ယူတတ်တဲ့အတွက် ငယ်စဉ်ကတည်းက ကာကွယ်သင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)