/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရေပြားနုနု-သွေးခြေဥတဲ့အခါ

အရေပြားနုနု သွေးခြေဥတဲ့အခါ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

♦       ရေခဲအုပ်ပါ။

          ရေခဲတုံးလေးနဲ့ အသာဖိထားတာ၊ ရေခဲဝတ်လေး တင်ပေးတာတွေဟာ အရေပြားအောက်က သွေးကြောလေးတွေကို ကျဉ်းသွားစေပြီး သွေးစိမ့်ထွက်မှု နည်းသွားစေပါတယ်။

 

♦       ပတ်တီးစလေး ဖိစည်းနှောင်ပါ။

          သွေးခြေဥတဲ့နေရာတွေမှာ ပတ်တီးစ သန့်သန့်လေး ဖိပေး အုပ်ပြီးဖိအားလေးနဲ့ ကြပ်ကြပ်လေး စည်းပေးထားတာဟာ သွေးကြောတွေက သွေးအလွှတ် နည်းသွားပြီး သွေးခြေဥတာ သက်သာစေပါတယ်။

 

♦       ဗီတာမင်စီ သောက်သုံးပါ။

          လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေက ရရှိတဲ့ဗီတာမင်စီဟာ အင်မတန် ထိရောက်တဲ့ အနာကျက်ဆေး ဖြစ်ပါတယ်။ တစ်သျှူးတွေကို တိုးပွားလာစေပြီး သွေးခဲတွေ ရောင်ရမ်းတာတွေကို အထူးသက်သာစေပါတယ်။

 

♦       ရှားစောင်းလက်ပတ်အနှစ် လူးပါ။

          ရှားစောင်းလက်ပတ်အပင်ကို ချိုးလိုက်တဲ့အခါ ထွက်လာတဲ့အနှစ်တွေကို လျော့မတွက်ပါနဲ့။ သိပ်တန်ဖိုးရှိတဲ့ သဘာဝ သွေးခြေဥပျောက်ဆေးတစ်လက်ပါ။ အနှစ်လေးကို ဇွန်းလေးနဲ့ ယူလိုက်ပြီး အသာလေး လူးပေးခြင်းဖြင့် အရောင်ကျသွားတာ တွေ့ရမှာပါ။

 

♦       ဒဏ်ရာရှိတဲ့ ခြေလက်ကို မြှောက်ထားပါ။

          သွေးခြေဥနေ ပွန်းရာတွေနဲ့ ရောင်နေတဲ့အစိတ်အပိုင်းကို အောက်ကနေ ခေါင်းအုံးပျော့လေးခံလို့ မြှင့်တင်ထားပါ။ ခြေထောက်လေး မြှင့်အိပ်တာမျိုးပေါ့။

 

♦        အမာရွတ်ပျောက်ဆေး Hirudoid သို့မဟုတ် Bioplcentoncream  လိမ်းပေးခြင်းဖြင့် အရေပြားအောက်က စုပုံနေတဲ့သွေးတွေကို အသာအယာ ပြန်လည်စိမ့်ဝင် ပျံ့နှံ့စေမှာပါ။

 

♦       နေရောင် ခံပါ။

        နေရောင်ခြည်က ရရှိတဲ့ဗီတာမင်ဒီဟာ အရေပြားအောက်က ပွန်းပဲ့ဒဏ်ခံ သွေးကြောလေးတွေကို ပြန်လည်ကောင်းမွန်လာစေတဲ့အခါ နေရောင်ရရှိအသားအရေဟာ ပိုးတွေ ကင်းစင်လာပြီး  အလိုလို ကျန်းမာလာလေ့ ရှိပါတယ်။

          သွေးခြေဥ ထိခိုက်ဒဏ်ရာရ အသားအရေကို မနက်ခင်း နေရောင်ခြည် 10 မိနစ်ခန့် ခံယူပေးပါ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)