/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရေပြားပေါ်က-ပြည်ဖုတွေ

အရေပြားပေါ်က ပြည်ဖုတွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        အလယ်မှာ အဝါရောင်ပြည်လေးတွေ စုနေတဲ့ ပြည်ဖုတွေက အမှန်တကယ်တော့ ဝက်ခြံအကြီးစားတွေပါ။ ဝက်ခြံကနေပြီးတော့ ရေကျောက်အထိ ပြည်ဖုတည်နိုင်ပါတယ်။ ဒါက အဖုကို ရောဂါပိုးဝင်လာလို့ ခန္ဓာကိုယ်ကနေ ပြန်ပြီးတိုက်ခိုက်တဲ့အနေနဲ့ ထွက်လာတာပါ။ ဒီထဲမှာ ရောဂါပိုး ဝင်နေတဲ့အရည်တွေနဲ့ သေနေတဲ့သွေးဖြူဥတွေ ရောနေပါတယ်။ ဒီပြည်တွေက အရေပြားအောက် (သို့) ချေွးပေါက်မှာဖြစ်လာပြီဆိုရင် ပြည်ဖုဖြစ်လာပါတယ်။

          ပြည်ဖုဖြစ်ရတဲ့အကြောင်း အမျိုးမျိုး ရှိပါတယ်။

●        ဝက်ခြံ - ပုံမှန်ဝက်ခြံအရွယ်အစားထက် ကြီးသွားပြီးတော့ ပြည်ဖုဖြစ်လာတာက အဖြစ်များတဲ့ပြဿနာပါပဲ။ အရေပြားပေါ်က ချေွးပေါက်တစ်ခုခုကို အဆွခံရပြီးတော့ နံရံက ပေါက်ထွက်လာရင် ပြည်ဖုဖြစ်လာပါတယ်။

●        Psoriasis - အရေပြားမှာ နီ၊ယား၊ အကြေးခွံလို အကွက်တွေထစေတဲ့ အရေပြားပြဿနာတစ်မျိုးပါ။ ရောဂါပိုးဝင်ခြင်း၊ စိတ်ဖိစီးမှု၊ အချို့သောဓာတုပစ္စည်းတွေနဲ့ ဆေးဝါးတွေကြောင့် ဖြစ်နိုင်ပါတယ်။

●        Rosacea - မျက်နှာအရေပြား နီလာပြီး ဝက်ခြံထွက်လာစေပါတယ်။ ဒီကနေ ရောင်လာရင် ပြည်ဖု ဖြစ်လာစေပါတယ်။

●        ရေကျောက် - ကလေးတွေမှာ ပေါက်လေ့ရှိတဲ့ ရေကျောက်ကတော့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာဖြစ်ပြီးတော့ ဆိုးလာရင် ပြည်ဖုတွေ ဖြစ်လာစေပါတယ်။

●        IgA pemphigus - ခုခံအားစနစ်ကြွတဲ့ရောဂါတစ်မျိုးဖြစ်တဲ့ ဒီရှားပါးရောဂါမှာလည်း ပြည်ဖုတွေပေါက်တတ်ပါတယ်။

●        ကျောက်ကြီး - ဟိုးအရင်ခေတ်တွေတုန်းက ကြောက်စရာကောင်းတဲ့လူတွေ အများကြီးကို သေစေခဲ့တဲ့ ဒီရောဂါရဲ့ အသိသာဆုံးလက္ခဏာတွေထဲမှာ ပြည်ဖုတွေလည်း အပါအဝင် ဖြစ်ပါတယ်။ ကာကွယ်ဆေးပေါ်လာတာ အရမ်းကို ကျေးဇူးတင်ဖို့ကောင်းပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)