/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အလုပ်မှာ-ခေါင်းမကိုက်စေဖို့-လိုက်နာသင့်တဲ့အချက်တွေ

အလုပ်မှာ ခေါင်းမကိုက်စေဖို့ လိုက်နာသင့်တဲ့အချက်တွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

တကယ်လို့ ကိုယ့်မှာ နာတာရှည် ခေါင်းကိုက်ရောဂါရှိနေခဲ့ရင် အလုပ်ရှင်ကို ပွင့်လင်းစွာ ပြောပြပြီး တချို့အချက်လေးတွေကိုခွင့်ပြုပေးဖို့ တောင်းဆိုကြည့်ကြတာပေါ့။

 

တကယ်လို့ အလုပ်ကို နေ့စဉ်ကားမောင်းသွားရင်း နေက တည့်တည့်ဖြစ်နေသလား။ ဘတ်စကားမှတ်တိုင်ကို လမ်းလျှောက်သွားတဲ့အခါ နေကိုမျက်နှာချင်းဆိုင်လျှောက်နေရသလား၊ ဒါဆိုရင်တော့ ခေါင်းကိုက်ဖို့ ကွက်တိအခြေအနေပါပဲတဲ့။ နေကို ရှောင်ဖို့ အလုပ်လာတဲ့အချိန်ကို ရှေ့တိုး နောက်ဆုတ်ညှိကြည့်ပါဦး။

 

မျက်နှာကျက်က အလင်းအားကသိပ်ပြင်းလွန်းရင်လည်း ခေါင်းကိုက်ပိုဆိုးပါတယ်။ မီးချောင်းတွေဖွင့်ထားပြီး အလင်းသိပ်စူးလွန်းရင် ခေါင်းကိုက်တတ်သူတွေအဆင်မပြေပါဘူး။ အလုပ်လုပ်ဖို့လွယ်ရုံ အလင်းအားလေးလျှော့ မီးချောင်းတွေ လျှော့ထွန်းပါ။

Bio Adult 1

အဆင်မပြေတဲ့ဘောစ့် ဒေါသကြီးတဲ့မန်နေဂျာနဲ့ဆို ခေါင်းကိုက်ပျောက်ဖို့ဝေလာဝေးပါပဲ။ အလုပ်ပြောင်းသင့်ပြောင်း ဌာနရွှေ့သင့်ရွှေ့လိုက်ပါ။ စိတ်ဖိစီးလေ ခေါင်းကိုက်ဆိုးလေမို့ပါ။

 

• တနေကုန် ကွန်ပျူတာကြည့်နေရသလား မျက်လုံးကို အလွန်အကျွံအလုပ်ပေးလွန်းတာက ခေါင်းကိုက်မပျောက်တာအတွက် အကြောင်းတချက်ပါပဲ။ ကွန်ပျူတာကို မိနစ်နှစ်ဆယိကြည့်ပြီးတိုင်း မျက်လုံး ကို မိနစ်၂၀ အနားပေးပါ။

 

• မတ်မတ်ဆန့်ဆန့်နေပါ။ ပျော့တီးပျော့ဖတ်ပျင်းရိပျင်းတွဲကိုယ်နေဟန်ထားဟာ ဆွဲဆောင်မှုမရှိသလို ခေါင်းကိုက်စေဖို့ တွန်းပေးနေသလိုပါပဲ။ အာရုံကြောတွေနေရာမှန်ဖို့ မတ်မတ်ဆန့်ဆန့်နေပါ။မကြာခဏ လက်ကိုအကြောဆန့်ပါ။

 

• ရေမွှေးပြင်းပြင်းတွေဆွတ်လေ့ရှိသူ ဆေးလိပ်သောက်တတ်သူနဲ့ကတော့ ဘယ်လိုမှရေရှည်တွဲလုပ်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ကိုယ့်ခေါင်းကိုက်ရောဂါကို ပွင့်ပွင့်လင်းလင်း ရှင်းပြပြီး အသိပေးထားပါ။

 

• ဆူညံတဲ့လုပ်ငန်းခွင်တွေနဲ့ ခေါင်းကိုက်ဝေဒနာရှင်တွေနဲ့ ဘယ်လိုမှမသင့်တော်ပါဘူး။ နားကိုအုပ်ပြီး အလုပ်လုပ်တာပဲဖြစ်ဖြစ် နားကြပ်တပ်ဆင်ဖုံးအုပ်တာပဲဖြစ်ဖြစ် ဆူညံတာကာကွယ်ထားဖို့ အရေးကြီးပါတယ်။

 

• အဝလွန်ရင် အညောင်းမိရင် ခေါင်းကိုက်ပျောက်ဖို့ အခြေအနေမရှိပါဘူး။ တောက်လျှောက်ထိုင်မနေဘဲ မကြာခဏလမ်းထလျှောက်ပါ။ ခြေထောက်ဆန့်ထုတ်ပါ။ နေ့ခင်းဘက် ခဏလှဲချအနားယူပါ။

 

• နေ့ဂျူတီ ညဂျူတီတွေဆင်းနေရရင် ခေါင်းကိုက်မပျောက်နိုင်ပါဘူး။ တနေကုန်နေခန်းအလုပ်လုပ်လွန်းရင်လည်း အဆင်မပြေပါဘူး။ အကောင်းဆုံးကတော့ အလုပ်ကို အိမ်လိုသဘောထားပြီး အသီးနဲ့မုန့်လေးတွေထားတာ။ မကြာခဏအပြင်ထွက်လမ်းလျှောက်တာ စကားပြောဆိုတာ နေ့ခင်းဘက်တနာရီခန့် အနားယူတာတွေက သင့်ကိုခေါင်းမကိုက်စေဖို့ အကူအညီပေးမှာပါ။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Bio Adult 2

(Unicode)


 


 


 


 


 


 


 


 


 


 
