/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အလုပ်လုပ်ရင်း-စက်ဘီး-နင်းကြည့်ကြမယ်

အလုပ်လုပ်ရင်း စက်ဘီး နင်းကြည့်ကြမယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အလုပ်စားပွဲရဲ့အောက်မှာ စက်ဘီးနင်းတဲ့ ခြေနင်းလေးတွေ တပ်ဆင်ထားပြီး အလုပ်လုပ်ရင်း နင်းရင်း လုပ်ကြည့်တာဟာ ခြေထောက်သွေးလည်ပတ်မှုကို အလွန်ကောင်းလာစေပြီး ကျန်းမာရေးအတွက် သိပ်ကို သင့်တော်ပါသတဲ့။ “ The intern” ကားထဲက နက်မှောင်တောက်ပတဲ့ ဆံကေသာပိုင်ရှင် အန်းဟီသာဝေးဟာ ရုံးခန်းထဲမှာ စက်ဘီးလေးနဲ့ ဟိုဒီနင်းသွားရင်း ညွှန်ကြားစီမံနေပါတာကို ကြည့်ဖူးကြမလားပဲ။ သွယ်လျညီညာတဲ့ ခြေထောက်လေးတွေမှာ အမည်းရောင် စတော့ကင်းလေးက ချပ်ချပ်ကပ်ကပ်လို့။ ဘယ်လောက်ကျန်းမာရေးနဲ့ ညီညွတ်ပြီး လန်းဆန်းသွားစေမယ့် လေ့ကျင့်ခန်းပါလဲနော်။

          တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရတဲ့အခါ ဇိမ်ကျလွန်းပြီး လွယ်ကူသက်သာလွန်းတဲ့ပုံစံ တစ်ချိန်လုံး ဖြစ်နေတာကြောင့် ပြင်းထန်ရောဂါတွေဖြစ်တဲ့ အသည်းအဆီဖုံးရောဂါ နှလုံးသွေးကြောကျဉ်းရောဂါတွေ ဖြစ်လာကြပါတယ်။ ဒါ့အပြင် နေ့စဉ်မထတမ်း ထိုင်ပြီး အလုပ်လုပ်တဲ့အခါ နောက်ဆက်တွဲအနေနဲ့ စိတ်ကျရောဂါ ထုံထိုင်းလေးပင်နေတာ ခြေတွေ၊ လက်တွေ ညောင်းညာကိုက်ခဲတာတွေ ကြုံရဖို့ ရှိနေပါတယ်။

          အဆိုးဆုံးကတော့ ဉာဏ်ရည်ဉာဏ်သွေး ကျဆင်းလာပြီး လေးလံထိုင်းမှိုင်းနေကာ နောက်ဆုံး စိတ်ကျရောဂါအထိပါ ခံစားရဖို့ရှိနေတယ်လို့ ပညာရှင်တွေက ထောက်ပြထားပါတယ်။

          သိပ္ပံပညာရှင်တွေက အလုပ်စားပွဲအောက်မှာ စက်ဘီးနင်းတဲ့ခြေနင်းနဲ့ ဘီးလေးတွေ တပ်ဆင်ထားပြီး နင်းရင်း အလုပ်လုပ်ကြသူတွေဟာ ကျန်းမာရေးကောင်းမွန်လာပြီး ဝိတ်လည်း မြန်မြန်ကျကြတယ်လို့ ဆိုပါတယ်။

          မတူတာတစ်ခုက အလုပ်ခန်းမထဲမှာ စက်ဘီးနင်းစက်တို့၊ ပြေးစက်တို့ထားပြီး အများသုံးအနေနဲ့ ချထားပေးတဲ့အခါ ထင်သလောက် သိပ်မလုပ်ဖြစ်ကြတာ တွေ့ရပါတယ်။ အဲဒီအစား ကိုယ့်စားပွဲအောက်လေးမှာ ခြေနင်းလေးတွေ တပ်ဆင်ပြီး ကိုယ့်ဘာသာ အေးဆေးနင်းရင်း အလုပ်လုပ်တာက ပိုမိုခရီးတွင်တယ်လို့ ပြောလို့ရပါတယ်။

          အဓိကကတော့ အလုပ်လုပ်တဲ့ ပတ်ဝန်းကျင်ကို လှပသေသပ်ပြီး နေချင့်စဖွယ် ဖန်တီးပေးထားခြင်းဖြင့် အလုပ်စားပွဲထိုင်သူတွေဟာ ခါတိုင်းထက် စိတ်သက်သာပြီး စိတ်ဖိစီးမှုကို ထိထိရောက်ရောက် လျှော့ချနိုင်နေတာ တွေ့ရမှာပါ။

          လွယ်ကူမြန်ဆန်တဲ့ အလုပ်လုပ်စတိုင် ဘဝနေမှုနဲ့ စိတ်ပျော်ရွှင်စေတဲ့ ပတ်ဝန်းကျင် အလုပ်စားပွဲအောက်က ကိုယ်ပိုင်ခြေနင်းလေးတွေဟာ အင်မတန် ပြီးပြည့်စုံတဲ့ ကျန်းမာရေးအနေအထားတစ်ခုကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။

          အဲဒီလို စက်လေးတွေ တပ်ဆင်ထားတဲ့ အလုပ်စားပွဲလေးတွေ ဒီမှာဝယ်လို့်ရရင် အဆင်ပြေပြီ။ ဒါပေမဲ့ ဈေးသိပ်များရင်လည်း အများသုံးအတွက် အဆင်မပြေပါဘူး။ စက်ဘီးခြေနင်းလေးတွေကို အခြေခံပြီး ဖန်တီးရမှာဖြစ်ပါတယ်။

          ပျော်ရွှင်ကျန်းမာတဲ့ ဘဝနေမှုပုံစံဟာ အလုပ်ကနေ စရမှာဖြစ်ပါတယ်။ လူတွေအချိန်ရဲ့ သုံးပုံနှစ်ပုံဟာ အလုပ်မှာ ကုန်လွန်တာမို့ ကျန်းမာတဲ့ဘဝကို ရရှိဖို့ဆိုရင် အလုပ်စားပွဲကနေ စတင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)