အလွဲများနဲ့ မနက်စာ
မနက်စာဆိုတာက နေ့တစ်နေ့အတွက် အရေးကြီးဆုံးအစာပါ။ ကျွနု်ပ်တို့အများစုက နေ့တစ်နေ့ရဲ့အစမှာ ဒီလိုလွဲမှားတဲ့အချက်တွေကို မသိဘဲ လုပ်မိနေကြပါတယ်။ ဒီလိုမနက်စာစားပုံ အလွဲတွေကြောင့် ကိုယ်အလေးချိန် တက်စေပါတယ်။
1. လိမေ္မာ်ရည် အမြဲတမ်းသောက်ခြင်း
နေ့စဉ် လိမေ္မာ်ရည်တစ်ခွက်သောက်ခြင်းက ဝိတ်တက်စေပါတယ်။ လိမေ္မာ်ရည် တော်တော်များများမှာ သကြားတွေ အများကြီးပါပြီးတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လိမေ္မာ်ရည်ဆိုတာ အသီးကနေ ကိုယ်ညှစ်နို်င်သလောက်ပဲ ရမှာပါ။ ဒါကြောင့် လိမေ္မာ်သီးတစ်လုံးစားပြီး ရေတစ်ခွက် သပ်သပ်ထပ်သောက်လိုက်တာက ပိုကောင်းပါတယ်။
2. မနက်စာကို လမ်းပေါ်မှာ ဖြစ်သလိုစားခြင်း
မနက်စာကို လမ်းပေါ်မှာပဲ စားတဲ့သူတွေက သေချာထိုင်စားတဲ့သူတွေနဲ့စာရင် အစားအစာတွေက ကျန်းမာရေးနဲ့ သိပ်ပြီး မညီညွတ်တဲ့အစားအစာတွေ ဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် အမြန်စားရတဲ့အတွက် အစာ ကောင်းကောင်းမချေနိုင်ဘဲ ဖြစ်နိိုင်ပါတယ်။
3. မနက်စာ လုံးဝမစားခြင်း
မနက်ပိုင်းမှာ အလုပ်သွားဖို့ ပြင်ဆင်ရင်း အချိန်လုံးဝ မရတော့တဲ့အတွက် အချို့က မနက်စာကို လုံးဝမစားတော့ဘဲ နေတတ်ပါတယ်။ မနက်စာ မစားတဲ့အခါမှာ ဦးနှောက်က ကယ်လိုရီများတဲ့ အစားအစာတွေကိုပဲ တောင့်တပြီးတော့ စားမိတတ်တဲ့အတွက် ကယ်လိုရီတွေ ပိုများများ ခန္ဓာကိုယ်ထဲကို ရောက်သွားပါတယ်။
4. အသားဓာတ် လုံလုံလောက်လောက် မစားခြင်း
အသားဓာတ် လုံလောက်တဲ့ မနက်စာကို စားထားခြင်းဖြင့် တစ်မနက်လုံး ဗိုက်ပြည့်နေစေပြီး နေ့လယ်ဘက်တွေမှာ အလွန်အကျွံ စားမိတာတွေ မရှိတော့ပါဘူး။
5. မနက်စာကို အရည်တွေပဲ သောက်ခြင်း
သစ်သီးဖျော်ရည်တွေ၊ ရှိတ်တွေက လမ်းမှာ အလွယ်တကူ စားသုံးနိုင်ပေမယ့် အစာအိမ်ကို အပြည့်အဝ ကျေနပ်မှုမရစေပါဘူး။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























