အဝလွန်တဲ့သူတွေမှာ ဘာကြောင့် ဒူးနာလေ့ရှိတာလဲ
အသက်အရွယ်ရလာတဲ့အခါ လမ်းလျှောက်ရင်၊ လှေကားတက်ဆင်းလုပ်ရင် ဒူးနာတာဟာ သဘာဝပါပဲ။ ဒါပေမဲ့ အဝလွန်သူတွေနဲ့ ကိုယ်အလေးချိန် များသူတွေမှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့လည်း ဒူးနာနေတာကို တွေ့ရပါတယ်။ ကိုယ်အလေးချိန်များသူတွေဟာ ဘာကြောင့်ပိုပြီး ဒူးနာရတာလဲဆိုတာကို ရှင်းပြပေးချင်ပါတယ်။
ပုံမှန်ဆိုရင် ဒူးဆစ်ရိုးနှစ်ခုကြားမှာရှိတဲ့ အရိုးနုဟာ အရိုးနှစ်ခု ပွတ်တိုက်တဲ့အခါ ထိခိုက်ပွန်းပဲ့မှုမရှိအောင် ကြားခံအနေနဲ့ ဆောင်ရွက်ပေးပါတယ်။ ဒါပေမဲ့ အသက်အရွယ်ရလာတဲ့အခါ ဒီအရိုးနုဟာ တဖြည်းဖြည်း ပျက်စီးလာတာကြောင့် ဒူးဆစ်ကိုလှုပ်ရှားလိုက်တိုင်းမှာ ဒူးနာရတာပါ။ တခြားအဆစ်တွေမှာလည်း ဖြစ်နိုင်တယ်ဆိုပေမယ့် ကိုယ်အလေးချိန်ကို အဓိက ထောက်ကန်ထားပေးရတာက ဒူးဆစ်ဖြစ်နေတာကြောင့် ဒူးနာတာဟာ ပိုပြီးအဖြစ်များရတာပါ။
Alaxan IA (1)

လေ့လာမှုတွေအရ ကိုယ်အလေးချိန်ညွှန်းကိန်း (BMI) 30 နဲ့အထက် ရှိသူတွေဟာ သာမန်လူတွေထက် ဒူးနာနိုင်ခြေ လေး-ငါးဆ ပိုများတယ်လို့ တွေ့ရပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ ကိုယ်အလေးချိန်များလေလေ၊ ဒူးဆစ်အပေါ် ဖိအားသက်ရောက်မှုများလေလေဖြစ်လို့ အရိုးနုမြန်မြန်ပျက်စီးပြီး အသက်ငယ်ငယ်လေးနဲ့ ဒူးနာရတာပါ။
>> အဝလွန်သူတွေမှာ ဒူးနာသက်သာအောင် ဘာတွေလုပ်ပေးသင့်ပါသလဲ?
ယေဘုယျအားဖြင့်တော့ ပျက်စီးပြီးသား အရိုးနုကို အကောင်းအတိုင်း ပြန်ဖြစ်စေဖို့ဆိုတာ မဖြစ်နိုင်ပေမယ့်လို့ နောက်ထပ်မပျက်စီးအောင်တော့ ကာကွယ်လို့ရပါတယ်။ ဒါကြောင့် အဝလွန်သူတွေမှာ ကိုယ်အလေးချိန်လျှော့ချပေးဖို့ လိုအပ်ပါတယ်။ ရှိနေတဲ့ကိုယ်အလေးချိန်ရဲ့ ဆယ်ပေါင်လောက် လျှော့ချလိုက်ရင် ဒူးနာတာဟာ ၅၀ % လောက် သက်သာသွားပါလိမ့်မယ်။
နာကျင်မှုကို သက်သာအောင်တော့ Ibuprofen ပါဝင်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို ဆေးညွှန်းအတိုင်း သောက်သုံးပေးနိုင်ပါတယ်။
Alaxan IA (2)

တကယ်တော့ ဘယ်ရောဂါမဆိုဟာ မဖြစ်ခင်တည်းက ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။ ဒါကြောင့် မိမိတို့အနေနဲ့ ကိုယ်အလေးချိန်များတယ်ဆိုရင်တော့ ...
• ကိုယ်ခန္ဓာအညွှန်းကိန်း (BMI) ကို ပုံမှန်ထဲဝင်နေအောင် ထိန်းသိမ်းပါ။ အရွယ်ရောက်ပြီးသူတွေမှာ ပုံမှန်ရှိသင့်တဲ့ BMI ကတော့ 18.5 -24.9 kg/m2 ပဲ ဖြစ်ပါတယ်။
• အသင့်အတင့် ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ်ပြုလုပ်ပေးပါ။
• ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကိုသာ စားသောက်ပေးပါ။
Dr. Aye Hsu Mon (www.drmyanmar.com)