အဝလွန်သူတွေ ဦးနှောက် ကျုံ့ဝင်သတဲ့
လတ်တလော သုတေသနတွေအရ အဝလွန်သူတွေမှာ ဦးနှောက်ကို အန္တရာယ်ရှိပစ္စည်းတွေ မစိမ့်ဝင်အောင် ကာကွယ်ထားတဲ့ အကာအကွယ်ပါးလေးက အလုပ်မလုပ်တော့ဘဲ အားပျော့လာပါတယ်။ သွေးနဲ့ ဦးနှောက်ကြား အကာအကွယ်လို့ ခေါ်ပါတယ်။
အဲဒီအခါ အဝလွန်သူတွေမှာ ဦးနှောက်အကာအကွယ် နည်းသွားပြီး အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းချင်း ဦးနှောက်ဆဲလ်တွေ ကျုံ့လာ ထိခိုက်လာပါတယ်။ ဒါကြောင့် အဝလွန်သူတွေမှာ မေ့တတ်တာ၊ ထိုင်းမှိုင်းတာ၊ ဉာဏ်ရည် လျော့ပါးလာတာတွေ ဖြစ်စေတာပေါ့။
>> အဝမလွန်ရအောင်
● ဆန်လုံးညို ပြောင်းစားပါ။
● ဆန်ဖြူလေ ဆန်များများစားလေ ဝလေပါပဲ။
● အစေ့အဆံတွေ စားသုံးပါ။
● ကြက်အရေခွံ ရှောင်ပါ။
● ငါးနဲ့ ကြက်သား အစားထိုး စားပါ။
● ရာသီပေါ် အသီးအနှံတွေ အားပြုစားပါ။
● အချိုများသော အစားအစာများနဲ့ ပေါင်မုန့်ဖြူ၊ ကွတ်ကီးတွေ ရှောင်ပါ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























