အသက်ရှည်စေဖို့ သွက်လက်တက်ကြွစွာ နေထိုင်စို့
ပတ်ဝန်းကျင်မှာဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ အမြဲလိုလို လန်းဆန်းတက်ကြွလျက်ရှိသူများကို တွေ့ဖူးကြပါလိမ့်မယ်။
ဒီလိုသွက်လက်တက်ကြွခြင်းဟာ အနီးတဝိုက်ရှိလူတွေကိုလည်း တက်ကြွစေသလို ကိုယ်ကိုယ်တိုင်အတွက်လည်း ကျန်းမာပျော်ရွှင်သော ဘဝကိုရရှိစေတယ်ဆိုတာ ငြင်းမရတဲ့အချက်ပါပဲ။
ပျော်ရွှင်တက်ကြွစွာနေထိုင်ခြင်းဖြင့် ကိုယ်ရောစိတ်ပါ ကျန်းမာစေနိုင်တာမို့ အသက်ရှည်ရှည်နေနိုင်ဖို့ အထောက်အကူပေးနိုင်ပါတယ်။
သွက်လက်တက်ကြွစွာ နေတတ်သူများအတွက်ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကတော့ -
● စွမ်းအင်ပြည့်ဝခြင်း
● ခန္ဓာကိုယ်ကျစ်လျစ်ခြင်း
● စိတ်ပျော်ရွှင်ခြင်း
● စိတ်ဖိစီးမှုများကို တွန်းလှန်နိုင်ခြင်း
● မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းတို့အပြင်
● နှလုံးရောဂါနဲ့သွေးတိုး၊ ဆီးချိုရောဂါများဖြစ်ခြင်းကို ကာကွယ်ပေးပြီး သွေးတွင်းအဆီကိုပါ ကျစေခြင်း
● အရိုးနဲ့ကြွက်သားများကို ကြံ့ခိုင်သန်မာစေခြင်း
● အလွယ်တကူ အိပ်ပျော်စေခြင်း
● ကိုယ်အလေးချိန်ကျစေခြင်းစသည့် ကျန်းမာရေးကောင်းကျိုးတွေကိုပါ ရစေနိုင်ပါသေးတယ်။
ဒါကြောင့် သွက်သွက်လက်လက် တက်တက်ကြွကြွနေဖို့ မမေ့ပါနဲ့နော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























