/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသက်ရှည်စွာနေထိုင်နိုင်ခြင်း၏-လျှို့ဝှက်ချက်ကြွက်သား

အသက်ရှည်စွာနေထိုင်နိုင်ခြင်း၏ လျှို့ဝှက်ချက်ကြွက်သား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကျွနု်ပ်တို့၏ ဘဝသက်တမ်းတစ်လျှောက် စည်းချက်ကျကျခုန်၍ သံစဉ်များဖန်တီးပေးနေသော ကြွက်သားများနဲ့ဖွဲ့စည်းထားတဲ့ အင်္ဂါအစိတ်အပိုင်းဟာဆိုရင်ဖြင့် နှလုံးပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ခန္ဓာကိုယ်နဲ့ နှလုံးကျန်းမာရေးအတွက်ကောင်းမွန်စေရုံသာမက နေ့စဉ်ပုံမှန်ပြုလုပ်ပါက ပိုမိုအသက်ရှည်စွာနေထိုင်နိုင်ပါတယ်။ သက်တမ်းဘယ်လောက်ပိုရှည်အောင်နေနိုင်တယ်ဆိုတာကတော့ သုတေသနပြုလုပ်နေဆဲဖြစ်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်စဉ် နှလုံးပေါ်တွင် အကျိုးသက်ရောက်မှုများ

        နှလုံးရဲ့အလုပ်က သွေး၊ အောက်ဆီဂျင်နဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်အနှံ့ပို့ဆောင်ပေးရတာဖြစ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တဲ့အချိန်မှာဆိုရင်တော့ ကြွက်သားတွေကပိုပြီး အလုပ်လုပ်ရတဲ့အတွက် အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေပိုပြီးလိုအပ်ပါတယ်။ ထို့ကြောင့် ထိုအချိန်မျိုးမှာဆို နှလုံးခုန်နှုန်းကိုမြှင့်တင်ပြီး ခန္ဓာကိုယ်ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးပါတယ်။

          လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါက နှလုံးကြွက်သားမျှင်တွေပိုအားရှိလာတဲ့အပြင် နှလုံးညှစ်အားကိုလည်းမြှင့်တင်ပေးခြင်းဖြင့် နှလုံးကြွက်သားတွေပိုမိုသန်မာလာစေပါတယ်။ ထို့ပြင် လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ နှလုံးကိုသာမက ခန္ဓာကိုယ်ရဲ့အခြားအစိတ်အပိုင်းတွေအပေါ်မှာလည်း များစွာအကျိုးပြုပါတယ်။

ဘယ်လို ကိုယ်နေဟန်ထားက အဆိုးရွားဆုံးဖြစ်သလဲ

          အချိန်ကြာမြင့်စွာထိုင်ပါက (ဥပမာ - ရုပ်ရှင်ကြည့်ခြင်း) သွေးကြောနံရံရှိ ကြွက်သားများဖြေလျော့ကာ သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းအပြောင်းအလဲကြောင့် သွားရေစာ စားချင်စိတ်ကို ပိုမိုဖြစ်စေနိုင်ပါတယ်။         ထို့ပြင် အချိန်ကြာမြင့်စွာထိုင်ပါက နှလုံးကိုပျက်စီးစေရုံသာမက ဆီးချိုထိန်းဟော်မုန်း၏လုပ်ဆောင်ချက်ကို ကျဆင်းစေခြင်း၊ သွေးတွင်းအဆီဓာတ်ကို မြင့်တက်စေခြင်း စတာတွေနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။

          ဒါကြောင့် တစ်နေကုန်ထိုင်၍ အလုပ်လုပ်ရသောသူများအနေဖြင့် မကြာခဏဆိုသလို 5 မိနစ်၊ 10 မိနစ်ခန့် လမ်းလျှောက်ပေးခြင်ဖြင့်  နှလုံးကျန်းမာရေးကို စောင့်ရှောက်သင့်ပါတယ်။

ဖြေးညင်းစွာအစပြုကာ ပုံမှန်လုပ်ဆောင်ပါ

        နှလုံးကျန်းမာရေးအတွက်ပြုလုပ်သော လေ့ကျင့်ခန်းများသည် မည်သည့်အသက်အရွယ်အတွက်မဆို အကျိုးပြုခြင်းကြောင့် ဒဏ်ရာအနာတရမဖြစ်စေရန် ဖြေးညှင်းစွာအစပြု၍လုပ်ဆောင်သင့်ပါတယ်။

မိမိကိုယ်မိမိတိုက်တွန်းပါ

        နှလုံးကျန်းမာရေးသာမက အခြားသောခန္ဓာကိုယ်အစိတ်အပိုင်းတို့အတွက် အကျိုးရှိစေမည့်လေ့ကျင့်ခန်းပြုလုပ်ရန် မိမိကိုယ်ကို မိမိတွန်းအားပေးပါ။ နှလုံးရောဂါရှိသောသူများသည် လေ့ကျင့်ခန်းအစီအစဉ်ထဲတွင်မပါဝင်မီ ဆရာဝန်ထံမှဦးစွာအကြံဉာဏ်ရယူပါ။

 

Dr. Thinzar Wynn

www.drmyanmar.com