/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသက်ရှုခြင်းအနုပညာ

အသက်ရှုခြင်းအနုပညာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အသက်ရှုခြင်းဖြစ်စဉ်ဟာ နှာခေါင်းနှင့် ပါးစပ်ကနေစတင်ပါတယ်။ နှာခေါင်းကနေ ရှူသွင်းလိုက်တဲ့လေ ဟာ လည်ချောင်းမှတဆင့် အဆုတ်လေပြွန်ဆီသို့ရောက်ရှိသွားပါတယ်။

          အဆုတ်ဟာ ၎င်းရဲ့လုပ်ငန်းတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့အတွက် ရှူသွင်းရှူထုတ်လုပ်တဲ့ အချိန်မှာ လေပြွန်တလျှောက်ဖွင့်နေမှာရမှာဖြစ်ပြီး ရောင်ရမ်းခြင်းနှင့် ချွဲသလိပ်တွေရှိမနေဖို့လည်း လိုအပ်ပါတယ်။

          အဆုတ်လေပြွန်ဟာ အဆုတ်ကိုဖြတ်ကျော်ပြီးနောက်မှာ အဆုတ်လေပြွန်ငယ်များအဖြစ် ကွဲထွက်သွားပြီး နောက်ဆုံးမှာ သေးငယ်ပြီးဘောလုံးနှင့်တူတဲ့ လေအိတ်ငယ်အဖြစ် အဆုံးသတ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ လေအိတ်ငယ် 300 မီလီယံထိရှိပါတယ်။

          ၎င်းလေအိတ်ငယ်တွေကို ဆံခြည်မျှင်သွေးကြောတွေနှင့် ဝန်းရံထားပြီး ရှူသွင်းလိုက်တဲ့လေမှာ ပါဝင်တဲ့ အောက်စီဂျင်ဟာ ၎င်းလေအိတ်ငယ်ရဲ့နံရံများမှတဆင့် သွေးစီးကြောင်းထဲသို့ရောက်ရှိ သွားတာဖြစ်ပါတယ်။

          ခန္ဓာကိုယ်တွင်းရှိဆဲလ်များက အောက်စီဂျင်ကိုယူသုံးပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို ပြန်လည် ထုတ်လွှတ်ပေးပါတယ်။ ၎င်းကာဗွန်ဒိုင်အောက်ဆိုဒ်ကို သွေးကသယ်ဆောင်ပြီး အဆုတ်ဆီသို့ ပို့ဆောင်ကာအဆုတ်မှတဆင့် ရှူထုတ်ခြင်းဖြင့် စွန့်ပစ်လိုက်ပါတယ်။

ရင်ခေါင်းနှင့်ဝမ်းဗိုက်ခြားကန့်လန့်ကာ ကြွက်သားရဲ့အခန်းကဏ္႑

        အောက်စီဂျင်ကို ရှူထုတ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူထုတ်တဲ့ဖြစ်စဉ်ကို Diaphragm လို့ခေါ်တဲ့ ရင်ခေါင်းနှင့်ဝမ်းဗိုက်ခြားကန့်လန့်ကာကြွက်သားက ကူညီဆောင်ရွက်ပေးပါတယ်။

          အသက်ရှူသွင်းလိုက်ချိန်တွင် Diaphragm က နိမ့်ဆင်းသွားပြီး လေဟာနည်တခုကို ဖန်တီးပေးတာကြောင့် အဆုတ်အတွင်းထဲသို့ လေတွေဝင်ရောက်လာတာဖြစ်ပါတယ်။ ရှူထုတ်ချိန်မှာ အဲဒီဖြစ်စဉ်ဟာ ပြောင်းပြန်ဖြစ်သွားပါတယ်။ Diaphragm ဟာ အပေါ်ဘက်သို့ မောက်တက်သွားပြီး အဆုတ်ကိုတွန်းတင်တာကြောင့် အဆုတ်ထဲမှလေတွေ အပြင်ကိုထွက်သွားရာမှာ ကူညီပေးပါတယ်။

ရှူသွင်းလိုက်တဲ့လေကို သန့်စင်အောင်ပြုလုပ်ခြင်း

        ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေတဲ့အရာတွေအဆုတ်ထဲသို့ ဝင်ရောက်နိုင်ခြင်းမရှိအောင် ဖယ်ရှားပေးနိုင်တဲ့စနစ်က အသက်ရှူစနစ်မှာ ပါဝင်ပြီးသားဖြစ်ပါတယ်။

          နှာခေါင်းအတွင်းရှိ အမွှေးတွေက အမှုန်အမွှားတွေကို စစ်ထုတ်ရာမှာ ကူညီပေးပါတယ်။ အသက်ရှူလမ်းကြောင်းတလျှောက်မှာတွေ့ရတဲ့ cilia လို့ခေါ်တဲ့ အမွှေးနုလေးတွေက တံမြက်စည်းလှည်းသကဲ့သို့ ပြုမူရွေးလျားပြီး အသက်ရှူလမ်းကြောင်းတလျှောက် သန့်စင်နေစေပါတယ်။ သို့ပေမယ့် ဆေးလိပ်အငွေ့ကဲ့သို့သော အန္တရာယ်ဖြစ်စေတဲ့ပစ္စည်းတွေက cilia ကို ထိခိုက်စေတာကြောင့် လေပြွန်ရောင်ရမ်းခြင်းကဲ့သို့သော ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။

          ဒါ့အပြင် လေပြွန်ရှှိဆဲလ်များမှထုတ်လုပ်ပေးထားတဲ့ အချွဲတွေက အသက်ရှူလမ်းကြောင်းတလျှောက် စိုစွတ်နေစေပြီး ဖုန်၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် ဓာတ်မတည့်မှုကိုဖြစ်စေတဲ့ အရာဝတၳုများ အဆုတ်အတွင်းသို့ဝင်ရောက်ခြင်းကိုတားဆီးပေးပါတယ်။ အဆုတ်ရဲ့အတွင်းဘက်အပိုင်းထဲရောက်ရှိလာတာတွေကိုတော့ ချောင်းဆိုးခြင်း ဒါမှမဟုတ် ချွဲသလိပ်အဖြစ်နဲ့ ဖယ်ရှားပစ်ပါတယ်။

Dr. Htet Htet Aung

www.drmyanmar.com