အသက်ရှူကြပ်တယ် မောတယ်ဆိုတာ ...
မောတယ်ဆိုတာ တစ်ခါတလေမှာ ဘာမှမဖြစ်တတ်တတ်ပေမယ့် တစ်ခါတလေမှာ အရမ်းအရေးကြီးတာလည်း ဖြစ်နေနိုင်ပါတယ်။
>> ဘယ်အချိန်မှာ အရေးပေါ်ပြရမလဲ?
● မောတဲ့အပြင် ရင်ဘတ်ကပါ တင်းကြပ်ပြီး လေးလံနေတာ
● ရင်ဘတ်က နာတဲ့အပြင် နောက်ကျော၊ လည်ပင်း၊ လက်မောင်းတွေပါ နာကျင်နေတာ
● လူက နေလို့မကောင်းတာ
ဒါဟာ နှလုံးသွေးကြောပိတ်တာမျိုး ဖြစ်နိုင်သလို အဆုတ်မှာ ပြဿနာတစ်ခုခု ရှိတာမျိုး ဖြစ်နိုင်ပါတယ်။
>> ဘယ်အချိန်မှာ ဆရာဝန်ပြရမလဲ?
● မောတာက ၁ လလောက်ရှိပြီဆိုရင်
● လှုပ်ရှားလိုက်လို့ ပိုမောရင်
● လှဲအိပ်တဲ့အခါ မောရင်
● ချောင်းဆိုးတာ ၃ ပတ်နဲ့ အထက်ဆိုရင်
● ခြေထောက်တွေ ဖောလာရင်
တကယ်အရေးကြီးတဲ့ရောဂါ ဖြစ်နေလားဆိုတာ စစ်ဆေးကြည့်မှ သိနိုင်လို့ ဆရာဝန်နဲ့ ပြဖို့ တွန့်ဆုတ်မနေပါနဲ့။
>> ဘာကြောင့် မောတာဖြစ်နိုင်လဲ?
အကြောင်းအရင်းတွေကတော့ အများကြီးပါပဲ။
အဖြစ်များတာတွေကတော့ အအေးမိလို့၊ အဆုတ်ထဲပိုးဝင်တာ၊ အဝလွန်တာနဲ့ ဆေးလိပ်သောက်တာတို့ကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ခါတလေလည်း စိတ်လှုပ်ရှားလို့ ဖြစ်နိုင်ပါတယ်။
အရေးကြီးတဲ့ရောဂါတွေက နာတာရှည် အဆုတ်ရောဂါတို့ အဆုတ်ကင်ဆာတို့ ဖြစ်ပါတယ်။
ကိုယ်ဟာ ဘယ်လိုကုသမှုမျိုး လိုအပ်တာလဲဆိုတာက ကိုယ်ဖြစ်နေတဲ့ရောဂါပေါ် မူတည်ပြီး ကွဲပြားသွားပါတယ်။
ကိုယ့်ဘာကို ဘယ်တော့မှ ရောဂါနာမည်တပ်ဖို့ မလုပ်ဘဲ ဆရာဝန်နဲ့ ပြပေးပါ။
Dr. Htar (www.drmyanmar.com)






























