အသည်းကျန်းမာဖို့ ဘာတွေစားရမလဲ
တကယ်တော့ အသည်းဆိုတာ ခန္ဓာကိုယ် အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးတဲ့နေ၇ာဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ကို ကာကွယ်ပေးနေတဲ့ အသည်း ကို ပြန်လည်ကျန်းမာစေဖို့ ဘာတွေစားသင့်လဲဆိုတာ တင်ပြပါရစေ။
• ကြက်သွန်ဖြူမှာ ဘက်တီးရီးယားပိုးတွေ သေစေတဲ့ စွမ်းအင်ရှိတဲ့အပြင် ကြက်သွန်ဖြူထဲက အင်ဇိုင်းတွေက အသည်း အဆိပ်အတောက်တိုက်ဖျက်ရေးမှာ အသုံးကျစေပါတယ်။
• ဂရိတ်ဖရုသီးမှာ အားကောင်းတဲ့ အင်တီအောက်စီးဒန့်တွေပါ၀င်တာကြောင့် ကိုလက်စထရောကျစေတဲ့အပြင် အသည်းကို သန့်စင်စေပါတယ်။ တစ်ခုသတိပြုရမှာက အဲဒီအသီးဟာ တချို့ဆေးတွေနဲ့ မတည့်တာကြောင့် သတိပြုစားသုံးစေလိုပါတယ်။
Liveril 1
• ကန်စွန်းရွက်၊ ပန်းဂေါဖီစိမ်း၊ ကိုက်လန်ရွက်စတဲ့ အစိမ်းရောင် အသီးအရွက်တွေဟာ ကိုယ်တွင်းကို အစိမ်းဓာတ်နဲ့ အမျှင်ဓာတ်ဖြည့်တင်းပေးပြီး အသည်းကိုကူညီပါသတဲ့။
• ထောပတ်သီးမှာ အာဟာရဓာတ်ပေါင်း အမျိုး နှစ်ဆယ်ကျော်ပါ၀င်ပြီး ဖရီးရယ်ဒီကယ်တွေကို ဓာတ်ပြယ်စေတာကြောင့် အသည်းအဆိပ်စွန့်လုပ်ငန်းမှာပါ၀င်တဲ့ Glutathione ကို တိုးပွားစေပါတယ်။
• ပန်းသီးဟာအစာအိမ်နဲ့ အူလမ်းကြောင်းက အဆိပ်ဓာတ်တွေကိ်ု သန့်စင်စေပြီး အသည်းကို ထောက်ပံ့ပေးပြန်ပါသတဲ့။
Liveril 2
• ကြက်သွန်ဖြူနဲ့ တူညီတဲ့ အာနိသင်ရှိတာကတော့ ဂေါ်ဖီထုပ်ပါပဲ။ အင်တီအောက်စီးဒန့်တွေပါ၀င်တဲ့အတွက် အသည်းပျက်စီးစေတဲ့ ဖရီးရယ်ဒီကယ်တွေကို ဓာတ်ပြယ်သွားစေပါတယ်။ ဂေါ်ဖီထုပ်နဲ့ ကြက်သွန်ဖြူ တွဲဖက်လိုက်ရင်ဖြင့် အသည်းကို သန့်စင်စေတဲ့ အကောင်းဆုံးအစာဖြစ်သွားပါတယ်တဲ့။
အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း အသည်းအတွက် အကျိုးပြုဓာတ်စာလေးတွေကို ဂရုစိုက်စားပေးခြင်းဖြင့် ကိုယ်ထဲက အသည်းကိုကြင်နာကြပါစို့နော်။
ဂျီပီငှက် (ဆေး/ မန်း) (www.drmyanmar.com)






























