/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသည်းအားကောင်းဖို့-အလုပ်သင့်ဆုံး-၅-ချက်

အသည်းအားကောင်းဖို့ အလုပ်သင့်ဆုံး (၅) ချက်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အလိုလိုနေရင်း နုံးချိနေပြီလား။ အစားအသောက် ပျက်နေပြီလား။ အသည်း အားယုတ်လျော့လာတဲ့လက္ခဏာတွေ ဖြစ်နေနိုင်တယ်နော်။ အသည်းမကောင်းရင် ဒါလေးတွေ ခံစားရတတ်ပါတယ်။

♦        နုံးချိတာ၊ အစားအသောက်ပျက်တာ၊ ဗိုက်ရောင်တာ၊ အသားဝါတာ၊ ယားတာတွေ ဖြစ်လာတတ်ပါတယ်။

          တန်ဖိုးထားရတဲ့ အသည်းလေးကျန်းမာစေဖို့ မဖြစ်မနေ လိုက်နာသင့်တဲ့အရာ (၅) ချက်က -

1.       အရက်လုံးဝဖြတ်ပါ။ အရက်ဟာ အသည်းခြောက်တာ အသည်းအဆီဖုံးရောဂါနဲ့ အသည်းကင်ဆာတွေထိ ဖြစ်သွားနိုင်တဲ့ အဓိကအကြောင်းအရာပါ၊ အသည်းခြောက်ရောဂါဆိုတာ အသည်းမှာ ဒဏ်ရာရပြီး အမာရွတ်ကြီးကြီး ကျန်တာကတစ်ဆင့် အသည်းအလုပ်လုပ်နှုန်း တဖြည်းဖြည်း ကျဆင်းသွားတာ ဖြစ်ပါတယ်။ နေ့စဉ်မသောက်ပါနဲ့၊ တစ်ပတ်ကို နှစ်ရက်လောက်အထိ ရှောင်ကြည့်ပါဦး။

2.       အဝလွန်တာက နောက်အကြောင်းတစ်ခုပါ။ ခါးပတ်လုံး တုတ်လာတာက အရေးကြီးတဲ့ အသည်းအဆီဖုံးရောဂါကို ဦးတည်နေပါပြီ။ ခါးတုတ် ဗိုက်ထွက်နေရင်တော့ သတိသာထားပေတော့။

3        လူတိုင်းက ညီညွတ်မျှတတဲ့ အစားအစာတော့ စားရမှာပါပဲ။ အသည်းအားကောင်းစေတဲ့ အစားအစာတွေက - ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ စပျစ်သီး၊ ဂရိတ်ဖရုသီး တို့ ဖြစ်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်များတဲ့ သစ်သီးဝလံက အသည်းအဆီဖုံးတာကို သိသိသာသာ လျှော့ချနိုင်တယ်လို့ ဆိုကြပါတယ်။

Livolin Forte 1

4.       အသည်းရောင် အသားဝါရောဂါတွေက ကူးစက်တတ်တဲ့ရောဂါတွေပါ။ သွေးနဲ့ သွေးရည်ကြည်မှတစ်ဆင့် ကူးစက်သော ဘီပိုးနဲ့ စီပိုးဟာ နာတာရှည် အသည်းခြောက်ရောဂါနဲ့ အသည်းကင်ဆာတွေကို ဦးတည်နေပါတယ်။

5.       စိတ်ဖိစီးမှုကို သိသိသာသာ လျှော့ချပါ။ စိတ်ဖိစီးမှုတွေ၊ သောကတွေ၊ စိတ်ဓာတ်ကျတာတွေက အသည်းအဆီဖုံးစေပြီး အသည်းရောဂါအပြင်းတွေကိုပါ ဖြစ်စေပါတယ်လို့ ဆိုထားပါတယ်။ စိတ်ဖိစီးမှု လျှော့ချဖို့ ယောဂကျင့်ပါ၊ တရားထိုင်ပါ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Livolin Forte 2

(Unicode)

