အသည်း အဆီဖုံးရခြင်း အကြောင်းအရင်းများ
အသည်း အဆီဖုံးရခြင်းဖြစ်စေတဲ့ အဖြစ်အများဆုံး အကြောင်းအရင်းကတော့ အရက်သောက်တာ၊ အရက်ကို အလွန်အကျွံ သောက်သုံးတာပဲ ဖြစ်ပါတယ်။ အရက်မသောက်တဲ့သူတွေမှာ အသည်း အဆီဖုံးရတဲ့ အကြောင်းအရင်းကတော့ အများအားဖြင့် သေချာမသိပါဘူး။
ခန္ဓာကိုယ်က အဆီထုတ်လုပ်မှု များရင်ပဲဖြစ်ဖြစ်၊ အဆီတွေကို သေချာ မချေဖျက်နိုင်ရင်ပဲဖြစ်ဖြစ် ပိုတဲ့အဆီတွေကို အသည်းထဲမှာ သိုလှောင်ထားခြင်းအားဖြင့် အသည်း အဆီဖုံးစေပါတယ်။ အဆီများတဲ့ အစားအစာတွေစားခြင်းက အသည်းအဆီဖုံးခြင်းနဲ့ တိုက်ရိုက်မသက်ဆိုင်ပါဘူး။
အရက်အပြင် အသည်းအဆီဖုံးခြင်း ဖြစ်စေတဲ့ အခြားအကြောင်းအရင်းတွေကတော့ -
• အဝလွန်ခြင်း
• သွေးတွင်း အဆီများခြင်း
• ဆီးချိုရောဂါ
• မျိုးရိုးဗီဇ
• ကိုယ်အလေးချိန် မြန်မြန်ကျဆင်းသွားခြင်း
• Aspirin, steroids, tamoxifen, tetracycline စတဲ့ အချို့သောဆေးဝါးများ၏ နောက်ဆက်တွဲဆိုးကျိုး အနေနဲ့လည်း အသည်းအဆီဖုံးခြင်း ဖြစ်စေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























