/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသားအရေ-နုပျိုလှပစေတဲ့-အိုမီဂါ-3

အသားအရေ နုပျိုလှပစေတဲ့ အိုမီဂါ 3

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အသက်ရလာတာဟာ အမျိုးသမီးတွေရဲ့ အလှအပနဲ့တက်ကြွမှုကို ထင်သလောက် ထိခိုက်နိုင်ခြင်းမရှိဘဲ မိမိကိုယ်မိမိ ဂရုတစိုက် ပြုစုထိန်းသိမ်းနိုင်လေ အလှတရားတွေ ပိုမိုလာလေသာ ဖြစ်ပါတယ်။ ကျက်သရေရှိရှိ အလှတရားအပြည့်အဝနဲ့ လင်းလက်တောက်ပနေဖို့ အရေးပါတဲ့ အိုမီဂါ 3 အကြောင်း ဖတ်ကြည့်လိုက်ပါဦးနော်။

●        ဆာဒင်းငါး

●        ဆော်လမွန်ငါး

●        တူနာငါး

●        အစေ့အဆံတွေ

●        ကြက်ဥဘဲဥ

●        အစိမ်းရင့်ရင့် သစ်သီးသစ်နှံတွေမှာ အိုမီဝါ 3 ပြည့်ဝစွာ ပါဝင်လျက်ရှိပါတယ်။

 

          Omega 3 ပြည့်ဝနေခြင်းဟာ အရေပြားလှပကျန်းမာဖို့ ဘာတွေထောက်ကူပေးသလဲ ကြည့်ကြရအောင်။

1.       တကယ်တော့ အိုမီဂါ 3 တို့ အိုမီဂါစစ်တို့ဆိုတာ အဆီတော့အဆီပဲ၊ ဒါပေမဲ့ ကျန်းမာတဲ့ အဆီဓာတ်ပါနော်။ အသားကရတဲ့ အဆီဓာတ်တွေလို အဆီမတက်စေဘဲ ကျစ်ကျစ်လျစ်လျစ်လေး လှနေစေတာ သူ့အစွမ်းပဲပေါ့။

2.       အိုမီဂါ 3 ဟာ သင့်အရေပြားမှာ ရေဓာတ်ထိန်းသိမ်းမှုကို အလွန်ကောင်းလာစေပြီး အရေပြားကို စိုပြည်ကျန်းမာစေလို့ ဝင်းဝင်းစိုစိုလေး လှနေစေမှာပါ။

3.       အိုမီဂါ 3 ဟာ သင့်အရေပြားက ကော်လဂျင် အမျှင်ဓာတ်တွေကို တိုးပွားစေလို့ ပုံမှန်သောက်သုံးခြင်းဖြင့် အရွယ်တင်နုပျိုစေပြီး အရေပြားတွဲကျတာတွေ အရေးအကြောင်းတွေကို ကာကွယ်ပေးနိုင်တာ အသေအချာပါပဲ။

4.       အရေပြားတင်လားဆိုတော့ ဆံပင်ကိုပါ အားဖြည့်သေးတယ်နော်။ ဆံကေသာအရင်းပိုင်းက ဆံပင်အမြစ်တွေကို အာဟာရဖြည့်ပေးလို့ သန်စွမ်းကျန်းမာပြီး တောက်ပြောင်တဲ့ဆံကေသာအလှကို ရစေမှာပါ။

5.       ဆံပင်နဲ့အရေပြားကိုပဲပြောပြီး လက်သည်းကို ချန်ထားရင် မတရားဘူးနော်။ ဆံကေသာရဲ့ကောင်းခြင်း အသားအရေရဲ့ စိုပြေခြင်းတို့အပြင် လက်သည်းလေးကိုပါ အာဟာရဖြည့်ပေးပြီး လက်သည်းအခြေနဲ့ လက်သည်းခွံကိုပါ စိုပြေကျန်းမာစေပါတယ်။ ခြောက်သွေ့ကျွတ်ဆတ်ခြင်း ကင်းပြီး ကျန်းမာလှပတဲ့ လက်သည်းလေး ရချင်ရင်တော့ အိုမီဂါ 3 နေ့စဉ်သောက်ဖို့ မမေ့နဲ့နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)