/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသား၊-ငါးများကို-လုံခြုံစိတ်ချရအောင်-ထိန်းသိမ်းခြင်းနှင့်

အသား၊ ငါးများကို လုံခြုံစိတ်ချရအောင် ထိန်းသိမ်းခြင်းနှင့် ကိုင်တွယ်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

           အသား၊ငါးတွေမှာ ဘက်တီးရီးယားပိုးအမျိုးမျိုးပေါက်ပွားနိုင်တာကြောင့် သေချာစွာကိုင်တွယ်၍ သိမ်းဆည်းရန် အလွန်ပင်အရေးကြီးလှပါတယ်။ ဒါပေမယ့် အသားအမျိုးမျိုးမှာ ကိုင်တွယ် ထိန်းသိမ်းပုံ အမျိုးမျိုးရှိတာကြောင့် လူအများစုအတွက် စိတ်ရှုပ်ထွေးစရာဖြစ်နေခဲ့ပါတယ်။ သေချာစွာပြင်ဆင်အေးခဲပြီး သိမ်းထားတဲ့ အသားတစ်မျိုးကို တစ်ပတ်အတွင်းစိတ်ချစွာစားသုံးလို့ရပေမယ့်လည်း အခြားအမျိုးအစားတွေကိုတော့ ရက်အနည်းငယ်ကြာရင် (သို့) မအေးခဲထားရင် လွှင့်ပစ်လိုက်သင့်ပါတယ်။

          ဒါကြောင့် ဘာပဲစားစား အန္တရာယ်ကင်းဖို့က အရေးကြီးဆုံးပါပဲ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မီးဖိုးချောင်ဆိုတာ အစားအသောက်တွေကို ဘေးကင်းစွာဘယ်လိုချက်ပြုတ်ရမလဲနဲ့ ဘယ်လိုသိမ်းဆည်းမလဲ သိခြင်းအပေါ်မှာပဲမူတည်ပါတယ်။

>> အသားများကို ကိုင်တွယ်ခြင်း

        ဘယ်လိုအသားမျိုးကိုပြင်ဆင်တာပဲဖြစ်ဖြစ် လက်ကိုမကြာခဏဆေးရန်မမေ့ပါနှင့်။ အခြားချက်ပြုတ်တဲ့ပစ္စည်းတွေနဲ့ အသားတွေကိုသက်သက်စီခွဲထားပါ။ ရောဂါပိုးတွေဟာ အလွန်ပျံ့နှံ့လွယ်တာကြောင့် ဟင်းတစ်မျိုးထဲမှာတူတူရောပြီး ချက်ပြုတ်မှာမဟုတ်ရင် ဟင်းသီးဟင်းရွက်နဲ့အခြားပါဝင်ပစ္စည်းတွေကို အသားတွေနဲ့ဝေးဝေးမှာထားပါ။ စဉ်းနှီတုံးကိုလည်း သက်သက်စီထားပါ။ အသားစိမ်းတွေနဲ့ထိတွေ့ပြီးတဲ့ ချက်ပြုတ်ရာမှာသုံးတဲ့ပစ္စည်းတွေကိုလည်း သေချာစွာဆေးကြောသင့်ပါတယ်။ ဖြစ်နိုင်လျှင် အစားအစာတွေကိုသုံးဆောင်ဖို့ မူတညီတဲ့မီးဖိုးချောင်သုံးပစ္စည်းများကို အသုံးပြုသင့်ပါတယ်။

>> အသားကိုသိမ်းဆည်းခြင်း

        အကြမ်းအားဖြင့် အသားစိမ်းတွေဟာ ရေခဲသေတ္တာထဲမှာ သုံးရက်လောက်အထားခံလေ့ရှိပါတယ်။ မချက်ပြုတ်ရသေးတဲ့ အသားတွေကိုကြာရှည်စွာသိမ်းထားလိုပါက အေးခဲထားခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ မအေးခဲမီအသားတွေကို လေလုံတဲ့ပလတ်စတစ်အိတ်ထဲမှာထည့်ပါ။ ထို့နောက်တွင်မှ အေးခဲပြီး လပေါင်းများစွာသိမ်းဆည်းထားနိုင်ပါတယ်။

          အန္တရာယ်ကင်းစွာရေခဲသေတ္တာထဲမှာ ထည့်ထားနိုင်တဲ့အချိန်ဆိုတာ သိမ်းဆည်းတဲ့အပူချိန်ပေါ်မှာလည်း မူတည်ပါတယ်။ အေးခဲပစ္စည်းတွေကိုဖြစ်နိုင်လျှင် သုညဒီဂရီဖာရင်ဟိုက်နားတစ်ဝိုက်မှာထားခြင်းဖြင့် အာဟာရဓာတ်တွေ မပျက်ပြယ်တဲ့အပြင် လတ်ဆတ်နေမှာလည်းဖြစ်ပါတယ်။ ရေခဲသေတ္တာတွေကိုတော့ 34 ဒီဂရီဖာရင်ဟိုက်မှာထားခြင်းဖြင့် အစားအသောက်တွေကိုပုံမှန်ထက်ပိုမိုကြာရှည်ခံစေပါတယ်။

          အသားတွေကိုသေချာစွာသိမ်းဆည်းခြင်းဖြင့် ပိုမိုအထားခံနိုင်ဖို့်အတွက်အောက်ပါ ယေဘုယျလမ်းညွှန်ချက်တွေကို လေ့လာနိုင်ပါတယ်။

>> ရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်း

မချက်ပြုရသေးသော အနီရောင်အသား                      -   1 ရက်မှ 2 ရက်

မချက်ပြုရသေးသော အမဲသား (သို့) နုတ်နုတ်စဉ်းအသား  -   3 ရက်မှ 4 ရက်

မချက်ပြုရသေးသောငါး                                        -   1 ရက်မှ 2 ရက်

ချက်ပြုတ်ပြီးသေားအသား၊ ငါးများ                            -   3 ရက်မှ 4 ရက်

အသားညှပ်ပေါင်မုန်နှင့် နေ့လည်စာအသား                  -   ဖွင့်ပြီးလျှင် 1 ပတ်၊ မဖွင့်ရသေးလွှင် 2 ပတ်

>> အေးခဲသေတ္တာတွင်သိုလှောင်ခြင်း

မချက်ပြုတ်ရသေးသော အမဲသား (အနီရောင်အသား)      -   3 လမှ 4 လ

မချက်ပြုတ်ရသေးသော အမဲသားအပြား (သို့) နုတ်နုတ်စဉ်းထားသောအသား - ပစ္စည်းအမျိုးအစားပေါ်မူတည်၍ 4 လမှ 12 လ

မချက်ပြုတ်ရသေးသော အသားငါး                            -   2 လမှ 6 လ

အသားညှပ်ပေါင်မုန့်နှင့် နေ့လည်စာအသား                  -   1 လမှ 2 လ

>> လုံးဝကျက်သည်အထိ ချက်ပြုတ်သင့်

          လုံးဝအကျက်ချက်ပြုတ်ခြင်းမှလွဲ၍ ကျန်သည့်နည်းလမ်းများက ဘက်တီးရီးယားပိုးများသေစေနိုင်ရန် မလုံလောက်ပေ။ သို့ပေမယ့်လည်း အသားအမျိုးအစားပေါ်မူတည်ပြီးတော့ အန္တရာယ်ရှိနိုင်ခြေလည်းကွဲပြားပါတယ်။ ကျေးငှက်အသားတွေကို ကျက်အောင်မချက်ပြုတ်ဘဲ လုံးဝမစားသင့်ပါ။ သေချာစွာချက်ပြုတ်ပြီးမှသာ စားသုံးသင့်ပါတယ်။ ကျက်အောင်မချက်ထားတဲ့ ကျေးငှက်အသားတွေဟာ ဝမ်းကိုက်ရောဂါနဲ့ အခြားရောဂါတွေကို ပျံ့နှံ့စေနိုင်ပါတယ်။

- ဝက်သားတွေဟာ အန္တရာယ်အလွန်ရှိတဲ့သန်ကောင်တုတ်ကောင်တွေကို သယ်ဆောင်ထားတဲ့အတွက် ကျက်အောင်ချက်ရပါမယ်။

- အမဲသားတွေဟာ ယေဘုယျအားဖြင့် အန္တရာယ်ကင်းတယ်လို့ဆိုနိုင်ပေမယ့်လည်း ဖြစ်နိုင်လျှင်တော့ အသားပြားကင်နဲ့ အသားလွှာကင်တို့ကို အစားထိုးစားသုံးသင့်ပါတယ်။ အနီရောင်အသားတုံးတွေရဲ့ မျက်နှာပြင်မှာ ဘက်တီးရီးယားပိုးတွေ အမျိုးအစားအလွန်များတာကြောင့် အပူချိန်ပြင်းပြင်းနဲ့ချက်ပြုတ်သင့်ပါတယ်။

- ငါးချက်မယ်ဆိုရင်တော့ ပုံမှန်အားဖြင့် ကျက်သည်အထိချက်ပြုတ်ရန်လိုအပ်သော်လည်း အချို့ငါးတွေအတွက်တော့ မကျက်တကျက်ချက်နိုင်ပါတယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)