အသံကြိုးမျှင်များ ကျန်းမာသန်စွမ်းစေရန်
အသံကြိုးနဲ့ အသံအိုးကို ကျန်းမာစေဖို့ရာ အကောင်းဆုံးနည်းလမ်းကတော့ ၎င်းတို့ကိုအမြဲတစေ စိုစွတ်နေစေ၍ ဒုက္ခပေးနိုင်တဲ့အရာတွေမှ ကင်းဝေးစေရန် ရှောင်ရှားခြင်းဖြစ်ပါတယ်။ ရှောင်ရှားသင့်တဲ့ အရာတွေကတော့ -
- ဆေးလိပ်သောက်ခြင်းနဲ့ ဆေးလိပ်သောက်သူများအနီးတစ်ဝိုက်တွင် နေထိုင်ခြင်းမှရှောင်ကြဉ်ခြင်း
- အရက်နဲ့ ကဖိန်းဓာတ်သောက်သုံးမှုကို လျှော့ချခြင်း
- အအေးမိ၊ ဖျားနာနဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းမှ ကာကွယ်ရန် လက်သေချာဆေးကြောခြင်း
- လုပ်ငန်းခွင်တွင် အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းများမှရှောင်ကြဉ်ခြင်း
- အစာမကြေ ရင်ပူခြင်းကို ဖြစ်စေတဲ့ အစားအသောက်များကို ရှောင်ကြဉ်ခြင်း
ထို့ပြင် လည်ချောင်းရှင်းခြင်း၊ ချောင်းဟန့်ခြင်းများ မကြာခဏနှင့် အရှိန်ပြင်းပြင်း ပြုလုပ်ခြင်း ကလည်း ရောင်ရမ်းခြင်းကိုဖြစ်စေနိုင်တာကြောင့် ထိုအပြုအမူတို့ကို ရှောင်ရှားသင့်ပါတယ်။
Dr. Thinzar Wynn






























