/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အအိပ်လွန်-အငိုက်ရောဂါ-ခံစားနေရသူတွေရှိလား

အအိပ်လွန် အငိုက်ရောဂါ ခံစားနေရသူတွေရှိလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          " ဟာ ဒီကောင်မလေး အိပ်နေပြန်ပြီ ... ထစမ်း ... ထစမ်း  "

          ဒီလို ခဏခဏ အဆူခံနေရတာ ကေသီအတွက်တော့ ရိုးနေပါပြီ။

          အဆူခံရမှာစိုးလို့ အိပ်မငိုက်အောင် နည်းမျိုးစုံဖြင့် ကြိုးစားသော်လည်း သူမ မထိန်းနိုင်ခဲ့ပါချေ။

 

==========================================================

 

          သင်ရော အကြောင်းရင်း မယ်မယ်ရရမရှိဘဲ နေ့ခင်းမှာ အလွန်အကျွံ ငိုက်တတ်ပါသလား။ ညတွေမှာ မကြာခဏ နိုးနေတတ်သလို တစ်နေ့ကို အခါပေါင်းများစွာ ငိုက်တတ်သူတွေ ရှိသလား။

          ငိုက်တာကို ဘယ်လိုမှ မထိန်းချုပ်နိုင်လို့ နေရာမှာတင် မှောက်ပြီး အိပ်ပျော်သွားတတ်သူတွေရှိလား။ ဒါဆိုရင် အိပ်စက်ခြင်း မူမမှန်ရောဂါတခုဖြစ်တဲ့ နာကိုလက်ပစီလို့ခေါ်တဲ့ အအိပ်လွန် အငိုက်ရောဂါ ခံစားနေရတာ ပာုတ်၊ မပာုတ် ပြသတိုင်ပင်ဖို့ လိုအပ်လာပါပြီ။

          အသိသာဆုံးအချက်က အိပ်ချင်တာကို ဘယ်လိုနည်းနဲ့မှ ထိန်းချုပ်လို့မရတာ ဖြစ်ပါတယ်။ အဲဒီလိုအခြေအနေပာာ တစ်နေ့တည်းမှာ တစ်ခါ၊ နှစ်ခါကနေ အခါပေါင်းများစွာထိ ဖြစ်နိုင်ပါတယ်။

          အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေတယ်။ ဒါပေမဲ့ ကိုယ်လုံးကို လှုပ်လို့မရဘူး။ တစ်ယောက်ယောက်က ချုပ်ထားသလို ခံစားရတယ်။ ဖိထားသလို ဖြစ်နေတယ်။ သိပ်ပြင်းထန်တဲ့ စိတ်ခံစားမှုတွေ၊ ဝမ်းနည်းကြေကွဲတာတွေ ကြုံပြီးတဲ့အခါ ခံစားရလေ့ရှိပါတယ်။

          ကုသပျောက်ကင်းဖို့ မလွယ်တဲ့ရောဂါပါ။ ဆေးပညာရှင်နဲ့ တိုင်ပင်သလို အနေအထိုင်ကို ပြုပြင်ကြည့်ရမှာပါပဲ။

          တကယ်လို့ ကိုယ့်မှာ မူမမှန်အိပ်စက်ခြင်း အခြေအနေတစ်ခုရှိတဲ့အခါ ဒါလေးတွေ လိုက်နာကြည့်ပါ။

●        နေ့လယ်ပိုင်းမှာ မိနစ်နှစ်ဆယ်ခန့် အနားယူပါ။ အိပ်ပါ။

●        ညတိုင်း အချိန်မှန်အိပ်ပါ။

●        မအိပ်ခင် သီချင်းအေးအေးလေး ဖွင့်ပါ။ ရေနွေးနဲ့ ရေချိုးပါ။ တရားထိုင်ပါ။

●        ကော်ဖီ၊ လက်ဖက်ရည်၊ ဆေးလိပ် ရှောင်ကြဉ်ပါ။

 

          နောက်ပြီး နောက်ထပ်လိုက်နာရမယ့် အရေးကြီးအခြေအနေတွေ ရှိပါတယ်။

●        ခရီးရှည် ကားမမောင်းပါနဲ့။ လမ်းမှာ အိပ်ပျော်နိုင်ပါတယ်။ ကားအက်ဆီးဒင့် ဖြစ်နိုင်ပါတယ်။

●        ပတ်ဝန်းကျင်၊ သူငယ်ချင်း၊ မိသားစုကို ပြောပြထားပါ။ ကိုယ့်ကို အပျင်းကြီးတာအဖြစ် ထင်နေနိုင်ပါတယ်။

●        စက်ပစ္စည်းတွေနဲ့ ထိတွေ့လုပ်ကိုင်ရမယ့် အခြေအနေတွေကို ရှောင်ကြဉ်ပါ။ တစ်ခုခုလုပ်နေတုန်း အိပ်ငိုက်လာရင် ထိခိုက်ရှနာ ဖြစ်နိုင်ပါတယ်။

●        ဆေးတွေကို ဆရာဝန် ညွှန်ကြားချက်မပါဘဲ မသောက်ပါနဲ့။ တချို့ဆေးတွေက တကယ်အိပ်ငိုက်စေပါတယ်။

●        ဆရာဝန်နဲ့ ပုံမှန်ပြသစစ်ဆေးပါ။ တိုးတက်မှုအခြေအနေကို စစ်ဆေးပါ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)