အအေးမိခြင်းကို ကုသနိုင်သည့် ရိုးရှင်းသော နည်းလမ်းကောင်းများ
1. အပြည့်အ၀ အနားယူပါ။ ညဘက် အိပ်ရေး၀၀အိပ်ခြင်းက ကိုယ်ခံအား ကောင်းစေပြီး ရောဂါပိုးတွေကို တိုက်ထုတ်နိုင်ဖို့ အထောက်အကူပြုစေပါတယ်။
2. ပေါ့ပေါ့ပါးပါးနေပါ။ နေမကောင်းနေတဲ့အချိန်မှာ အလုပ်မလုပ်ပါနဲ့။ နေမကောင်းနေတဲ့အချိန်မှာ အနားယူခြင်းအားဖြင့် အခြားသူတွေကို ရောဂါမကူးအောင် ကာကွယ်ပေးပါတယ်။ ဒီအချိန်မှာ အလုပ်လုပ်မယ်ဆိုရင်တော့ ကိုယ်ခံအား ကျဆင်းစေပြီး နေမကောင်း ပိုဖြစ်စေပါတယ်။
3. ရေဓာတ် ပြည့်၀နေပါစေ။ ရေများများသောက်ခြင်းက ရေဓာတ်ခန်းခြောက်ခြင်းမဖြစ်အောင် ကာကွယ်ပေးပြီးတော့ ချွဲတွေလည်း ပျော်စေပါတယ်။ ရေဓာတ်ခန်းခြောက်နေမယ်ဆိုရင် ချွဲတွေ ခပ်ထုတ်ဖို့ ခဲယဉ်းပါတယ်။ ချွဲပျော်စေဖို့အတွက် ဆားရေနွေးနဲ့ ပလုတ်ကျင်းနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























