/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အာရှနွယ်ဖွားအမျိုးသမီးများ-မွေးကင်းစကတည်းက-ဆီးချို

အာရှနွယ်ဖွားအမျိုးသမီးများ မွေးကင်းစကတည်းက ဆီးချို စတင်ဖြစ်နိုင်ခြေများပါသတဲ့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        အရှေ့တောင်အာရှ အမျိုးသမီးတွေ ကိုယ်၀န်ဆောင်တဲ့အခါ အဆီတစ်ရှုးပိုများပြီး ခါးလုံးပတ်များတဲ့ သေးကွေးတဲ့ ကလေးတွေကို မွေးဖွားနိုင်ခြေရှိပါတယ်လို့ သုတေသနတခုက တင်ပြလိုက်ပါတယ်။ 

        မိခင်အဝလွန်ခြင်း နဲ့ သနေ္ဓဆီးချိရောဂါတွေဟာ မိခင်န့ဲ မွေးဖွားလာတဲ့ကလေးကို အမျိုးအမည် ထွေပြားတဲ့ ရောဂါနဲ့ ပြသနာတွေပေးနိုင်နေပါတယ်။

         အရှေ့တောင်အာရှ နွယ်ဖွား အမျိုးသမီးတွေရဲ့ အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်ပွားနိုင်စွမ်းဟာ မွေးစကတည်းက စတင်နိုင်ကြောင်း START သုတေသနကနေ  တွေ့ရှိတင်ပြလာပါတယ်။

• အဝလွန်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ

• ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း မလုပ်သူတွေ

• အဆီအဆိမ့်အချိုကြိုက်သူတွေ ဟာ သနေ္ဓဆီးချိုရောဂါဖြစ်ပွားလာကြပြီး မိခင်ဟာ ကလေးမွေးပြီးဆယ်နှစ်အတွင်းမှာ အမျိုးအစား ၂ ဆီးချိုဖြစ်လာနိုင်သလို သူမကနေ မွေးဖွားလာတဲ့ကလေးကလည်း ကြီးလာတဲ့အခါ အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်လာဖို့ အလားအလာရှိနေပါတယ်။

        ဒီတော့ မွေးစကတည်းက စနေတဲ့ ဆီးချိုဇာတ်လမ်းဟာ မိခင်ရောကလေးရောကိုပါ နောက်လာမယ့် မျိုးဆက်တွေကိုပါ တခါပြီးတခါ  ပြသနာကြီးကြီးပေးနိုင်ပါတယ်။ မွေးလာတဲ့ကလေးက ကြီးလာတဲ့အခါ ဆီးချိုဖြစ် ဆီးချိုဖြစ်ပြီး ကလေးထပ်မွေး ကလေးထပ်မွေးပြီးတဲ့အခါ မွေးလာတဲ့ကလေးက ဆီးချိုပြန်ဖြစ်နဲ့ မျိုးရိုးစဉ်ဆက် ဆီးချိုပြသနာက မဆုံးနိုင်အောင်ကူးစက်ပြန့်နှံ့နေတာဖြစ်ပါတယ်။ 

        ဒီလိုအခြေအနေဟာ အထိပ်တလန့်ဖြစ်စရာဖြစ်နေပြီး အရှေ့တောင်အာရှ နွယ်ဖွား  မိခင်နဲ့ကလေးတွေရဲ့ ရေရှည်ကျန်းမာရေးအတွက် စိတ်ပူစရာဖြစ်နေတာဖြစ်ပါတယ်။

        ဒီတော့ ဆီးချိုမျိုးဆက်ကို ဘယ်လိုဖြတ်မလဲ။ ကိုယ်၀န်ရှိပြီဆိုတာနဲ့ ဒီလိုရိုးရှင်းတဲ့အဆင့်လေးတွေကို လိုက်နာကြည့်ပါနော်။

        မိခင်လောင်းလေးတွေဟာ တိကျသေချာ တဲ့ အကြံပြုချက်တွေနဲ့ စနစ်တကျ လိုက်နာဆောင်ရွက်ပြီး သနေ္ဓဆီးချိုရောဂါကိုကောင်းကောင်းတားနိုင်ပါတယ်။

        ပထမဆုံးအကြံဉာဏ်ရယူပါ ..ဆရာ၀န်နဲ့ ပြသတဲ့အခါ …….

• ဘာစားရမလဲ ဘာရှောင်ရမလဲမေးမြန်းဆွေးနွေးပါ။

• ကစီဓာတ်ရှောင်ပြီး အဆီအအိမ့်လျှော့ အသီးအရွက်ပိုစားပါ

• ဝိတ်ချိန်ပါ။

• တပတ်ကို မိနစ်၁၅၀ ခန့်ကိုယ်လက်လှုပ်ရှားမှုလုပ်ရမယ်နော်

• လမ်းလျှောက်တာ လက်လေးတွေဆန့်တန်းလေ့ကျင့်ခန်းလုပ်တာ ပေါ့ပေါ့ပါးပါး လေးတွေရွေးချယ်လုပ်ရမယ်

• ဆီးချိုကို ညွှန်ကြားရက်အတိုင်း မပျက်မကွက်စစ်ပါ

• တီဗီဓာတ်မှန် နဲ့ကလေးလေးကို အစဉ်စစ်ဆေးပါ။ 

• စိတ်ဖိစီးမှုနဲ့သောကတွေကိုလျှော့ချပြီး တတ်နိုင်သလောက် အနားယူစေချင်ပါတယ်။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Unicode)


 


 


 




 


 


 


 


 









